ထရမ့္၏ ဦးေဆာင္မွုျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္အသင့္ရွိေၾကာင္း ယူကရိန္းသမၼတေျပာ
သမၼတထရမ့္၏ ဦးေဆာင္မွုျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္အသင့္ရွိေၾကာင္း ယူကရိန္းသမၼတက ၎၏ လူမွုကြန္ယက္စာမ်က္ႏွာတြင္ေရးသားေဖာ္ျပခဲ့သည္။
အေမရိကန္မွ ယူကရိန္းသို႔ ေပးပို႔ေနသည့္ အေထာက္အပံ့မ်ား ေခတၱရပ္ဆိုင္းရန္ ညႊန္ၾကားၿပီးေနာက္ ယူကရိန္းသမၼတ ဇယ္လန္းစကီးမွ ဝမ္းနည္းေၾကာင္းကို ရွည္လ်ားစြာေရးသားေဖာ္ျပခဲ့သည္။
ယူကရိန္းအေနျဖင့္ စစ္ပြဲ အဆုံးသတ္ရန္ အသင့္ရွိၿပီး ပထမအဆင့္အေနျဖင့္ အက်ဥ္းသားလဲလွယ္ျခင္းႏွင့္ ေလေၾကာင္းတိုက္ခိုက္မွုအပါအဝင္ ထိုးစစ္မ်ား ရပ္ဆိုင္းမည္ဆိုပါက ခ်က္ခ်င္းအပစ္ အခတ္ရပ္စဲေရး ျဖစ္နိုင္ေၾကာင္း ၎က ေရးသားခဲ့သည္။
“ဒါဆို ကၽြန္ေတာ္တို႔ ေနာက္ထပ္အဆင့္ေတြအားလုံးကို ျမန္ျမန္ဆန္ဆန္ ဆက္လက္လုပ္ေဆာင္နိုင္ၿပီး ခိုင္မာတဲ့ ေနာက္ဆုံးသေဘာတူညီခ်က္ေတြကို သေဘာတူနိုင္ဖို႔ အေမရိကန္နဲ႔ လက္တြဲလို ပါတယ္”ဟု ဇယ္လန္းစကီးကဆိုသည္။
ထရမ့္ႏွင့္ အိမ္ျဖဴေတာ္ေတြ႕ဆုံမွုတြင္ ျဖစ္သင့္သည့္အတိုင္း မျဖစ္ခဲ့သည့္အတြက္ ဝမ္းနည္းရေၾကာင္း ယူကရိန္းနိုင္ငံကို အေမရိကန္မွ ယခုထိေပးအပ္ခဲ့ေသာ အကူအညီမ်ားအတြက္ ေက်းဇူးတင္ ေၾကာင္း ထပ္မံေရးသားခဲ့သည္။
အေမရိကန္က စစ္ေရးဆိုင္ရာအကူအညီမ်ား ရပ္တန႔္ရန္ အမိန႔္ေပးၿပီးေနာက္ ကရင္မလင္၏ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ဒါဟာ ၿငိမ္းခ်မ္းေရးအတြက္ အေကာင္းမြန္ဆုံး ပံ့ပိုးကူညီ မွုတစ္ခု ျဖစ္နိုင္ပါတယ္” ဟု ေျပာ ၾကားခဲ့သည္။
ထရမ့်၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အသင့်ရှိကြောင်း ယူကရိန်းသမ္မတပြော
================
သမ္မတထရမ့်၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အသင့်ရှိကြောင်း ယူကရိန်းသမ္မတက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။
အမေရိကန်မှ ယူကရိန်းသို့ ပေးပို့နေသည့် အထောက်အပံ့များ ခေတ္တရပ်ဆိုင်းရန် ညွှန်ကြားပြီးနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးမှ ဝမ်းနည်းကြောင်းကို ရှည်လျားစွာရေးသားဖော်ပြခဲ့သည်။
ယူကရိန်းအနေဖြင့် စစ်ပွဲ အဆုံးသတ်ရန် အသင့်ရှိပြီး ပထမအဆင့်အနေဖြင့် အကျဉ်းသားလဲလှယ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ထိုးစစ်များ ရပ်ဆိုင်းမည်ဆိုပါက ချက်ချင်းအပစ် အခတ်ရပ်စဲရေး ဖြစ်နိုင်ကြောင်း ၎င်းက ရေးသားခဲ့သည်။
“ဒါဆို ကျွန်တော်တို့ နောက်ထပ်အဆင့်တွေအားလုံးကို မြန်မြန်ဆန်ဆန် ဆက်လက်လုပ်ဆောင်နိုင်ပြီး ခိုင်မာတဲ့ နောက်ဆုံးသဘောတူညီချက်တွေကို သဘောတူနိုင်ဖို့ အမေရိကန်နဲ့ လက်တွဲလို ပါတယ်”ဟု ဇယ်လန်းစကီးကဆိုသည်။
ထရမ့်နှင့် အိမ်ဖြူတော်တွေ့ဆုံမှုတွင် ဖြစ်သင့်သည့်အတိုင်း မဖြစ်ခဲ့သည့်အတွက် ဝမ်းနည်းရကြောင်း ယူကရိန်းနိုင်ငံကို အမေရိကန်မှ ယခုထိပေးအပ်ခဲ့သော အကူအညီများအတွက် ကျေးဇူးတင် ကြောင်း ထပ်မံရေးသားခဲ့သည်။
အမေရိကန်က စစ်ရေးဆိုင်ရာအကူအညီများ ရပ်တန့်ရန် အမိန့်ပေးပြီးနောက် ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဒါဟာ ငြိမ်းချမ်းရေးအတွက် အကောင်းမွန်ဆုံး ပံ့ပိုးကူညီ မှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ပြော ကြားခဲ့သည်။