ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ေရရွည္ပညာသင္ေထာက္ပံ့ေၾကးေပးအပ္ပြဲအခမ္းအနားသို႔ တက္ေရာက္

 

မတ္ ၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၅ ခုႏွစ္၊ မတ္လ ၃ ရက္ေန႔ နံနက္ ၀၉:၃၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္သည့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားေၾကာင့္ အသက္ဆုံးရွုံးခဲ့ရေသာ ပါတီဝင္မ်ား၏ သားသမီးမ်ားအား ကူညီပံ့ပိုးေပးမည့္ ေရရွည္ပညာသင္ေထာက္ပံ့ေၾကးေပးအပ္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားရာ “နိုင္ငံေတာ္အေနျဖင့္ အထက္တန္းပညာဆင့္အထိ အခမဲ့သင္ၾကားေပးေသာ ပညာေရးစနစ္ အေကာင္အထည္ေဖာ္ၿပီးျဖစ္လို႔ တကၠသိုလ္တက္ေရာက္ေနတဲ့ ပါတီဝင္မ်ား၏ သားသမီးမ်ား ဆက္လက္ပညာသင္ယူနိုင္ေရးအတြက္ ယခုလိုကူညီပံ့ပိုးေပးတာျဖစ္ေၾကာင္း၊ ၂၀၂၅ ပညာသင္ႏွစ္ကစၿပီး မည္သည့္ဘြဲ႕ဒီဂရီကိုမဆို ၿပီးေျမာက္ေအာင္ျမင္သည္အထိ ပံ့ပိုးကူညီသြားမည္ျဖစ္ေၾကာင္း၊ ယခုေခတ္ကာလဟာ ပညာေခတ္ျဖစ္လို႔ ထူးခၽြန္ထက္ျမတ္ေသာ ပညာတတ္မ်ားျဖစ္သည္အထိ ႀကိဳးစားၾကေစလိုေၾကာင္း၊ ေက်ာင္းသူ/ေက်ာင္းသားလူငယ္ေတြျဖစ္လို႔ လမ္းမွားကိုမေရာက္မိေစဖို႔နဲ႔ ကိုယ့္ဘဝအတြက္ ပညာသင္ယူဆည္းပူးရင္း ပါတီအက်ိဳး၊ နိုင္ငံအက်ိဳးထမ္းေဆာင္ေစလိုေၾကာင္း၊ နိုင္ငံေတာ္၊ အမ်ိဳးဘာသာ၊ သာသနာအတြက္ စြမ္းစြမ္းတမံ ေစာင့္ေရွာက္နိုင္တဲ့ လူေတာ္လူေကာင္းမ်ားျဖစ္နိုင္ပါေစေၾကာင္း” ေျပာၾကားပါသည္။
ထို႔ေနာက္ ပါတီဥကၠဌ ဦးခင္ရီ၊ ဒုတိယဥကၠဌမ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမွူး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမွူးမ်ားျဖစ္ၾကသည့္ ေဒါက္တာသန္းထြန္း၊ ဦးသူရိန္ေဇာ္၊ ဦးပိုက္ေထြးတို႔မွ ပညာသင္ေထာက္ပံ့ေၾကးမ်ားအား ေပးအပ္ခ်ီးျမႇင့္ၾကၿပီး ေက်ာင္းသား/ေက်ာင္းသူမ်ား၏ကိုယ္စား ေက်ာင္းသူတစ္ဦးမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားကာ အခမ္းအနားကို ၁၀:၄၀ နာရီအခ်ိန္တြင္ အခမ္းအနားၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါ ေရရွည္ပညာသင္ေထာက္ပံ့ေၾကးေပးအပ္ပြဲအခမ္းအနားသို႔ ပါတီဥကၠဌ ဦးခင္ရီႏွင့္ ဇနီး၊ ဒုတိယဥကၠဌမ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမွူး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမွူးမ်ားႏွင့္ ၎တို႔၏ဇနီးမ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးက ပါတီဥကၠ႒မ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ားႏွင့္ ၎တို႔၏ဇနီးမ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မွူး၊ ဌာနႀကီးမွူးႏွင့္ ဌာနမွူးမ်ား၊ ပညာသင္ေထာက္ပံ့ေၾကးလက္ခံရယူမည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားႏွင့္ ၎တို႔၏ အုပ္ထိန္းသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရေရှည်ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
===========================
မတ် ၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် အကြမ်းဖက်သောင်းကျန်းသူများကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပါတီဝင်များ၏ သားသမီးများအား ကူညီပံ့ပိုးပေးမည့် ရေရှည်ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ “နိုင်ငံတော်အနေဖြင့် အထက်တန်းပညာဆင့်အထိ အခမဲ့သင်ကြားပေးသော ပညာရေးစနစ် အကောင်အထည်ဖော်ပြီးဖြစ်လို့ တက္ကသိုလ်တက်ရောက်နေတဲ့ ပါတီဝင်များ၏ သားသမီးများ ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် ယခုလိုကူညီပံ့ပိုးပေးတာဖြစ်ကြောင်း၊ ၂၀၂၅ ပညာသင်နှစ်ကစပြီး မည်သည့်ဘွဲ့ဒီဂရီကိုမဆို ပြီးမြောက်အောင်မြင်သည်အထိ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ ယခုခေတ်ကာလဟာ ပညာခေတ်ဖြစ်လို့ ထူးချွန်ထက်မြတ်သော ပညာတတ်များဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း၊ ကျောင်းသူ/ကျောင်းသားလူငယ်တွေဖြစ်လို့ လမ်းမှားကိုမရောက်မိစေဖို့နဲ့ ကိုယ့်ဘဝအတွက် ပညာသင်ယူဆည်းပူးရင်း ပါတီအကျိုး၊ နိုင်ငံအကျိုးထမ်းဆောင်စေလိုကြောင်း၊ နိုင်ငံတော်၊ အမျိုးဘာသာ၊ သာသနာအတွက် စွမ်းစွမ်းတမံ စောင့်ရှောက်နိုင်တဲ့ လူတော်လူကောင်းများဖြစ်နိုင်ပါစေကြောင်း” ပြောကြားပါသည်။
ထို့နောက် ပါတီဥက္ကဌ ဦးခင်ရီ၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာသန်းထွန်း၊ ဦးသူရိန်ဇော်၊ ဦးပိုက်ထွေးတို့မှ ပညာသင်ထောက်ပံ့ကြေးများအား ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား/ကျောင်းသူများ၏ကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ၁၀:၄၀ နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။
အဆိုပါ ရေရှည်ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဌ ဦးခင်ရီနှင့် ဇနီး၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက ပါတီဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူး၊ ဌာနကြီးမှူးနှင့် ဌာနမှူးများ၊ ပညာသင်ထောက်ပံ့ကြေးလက်ခံရယူမည့် ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ အုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။