အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကိုးလ်ပယ်မာဆွတ်ခူး

ချဲလ်ဆီးတိုက်စစ်ကစားသမားကိုးလ်ပယ်လ်မာဟာ ၂၀၂၃-၂၄ရာသီအတွက် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ပရိသတ်တွေရဲ့မဲပေးမှုအရ ပယ်မာဟာ ဘယ်လင်ဂမ်နဲ့ ဆာကာတို့ကိုကျော်ဖြတ်ပြီး ဒီဆုကိုရရှိခဲ့တာပါ။ ပယ်လ်မာဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ဝင်ဘာလေမှာ မော်လ်တာကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှသာ အင်္ဂလန်အသင်းအတွက် ပထမဆုံးကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် (၉)ပွဲကစားပေးခဲ့ပြီး (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပယ်လ်မာဟာ ချဲလ်ဆီးနဲ့ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် သြဂုတ်လမှာ ၂၀၂၃-၂၄ ရာသီအတွက် ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ “Artificial Intelligence(AI) အကြောင်းသိကောင်းစရာ” ဆွေးနွေးပွဲသို့တက်ရောက်

Read more

ပြည်မြို့နယ်ရှိ ရေသင့်အိမ်ထောင်စု(၆၈၀)အ တွက် ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ်များထောက်ပံ့ပေး

ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ ရေဘေးသင့်အိမ် ထောင်စု(၆၈၀)အတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ(APTERR)အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက်မွန်းလွဲပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေဘေးသင့်ခဲ့သည့်ပြည်မြို့နယ်မှ ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၃)စုရှိ အိမ်ထောင်စု(၆၈၀)၊ လူဦးရေ(၂၇၁၉)ဦးအတွက် ဆန်အိတ်ပေါင်း(၂၄၈)အိတ်ကို အကူအညီအထောက်အပံ့အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောကြားခဲ့သည်။
ထို့နောက် ပြည်မြို့မှ ရေကြီးနစ်မြှုပ်ခဲ့သည့် ရပ် ကွက်(၂)ခုမှ ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ အုပ်စုများမှ အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို ပဲခူးတိုင်းအစိုးရအဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

Read more

ပြိုင်ဘက်များကို နှိမ်နင်းပြီးနောက် တူနီးရှားသမ္မတ ဒုတိယအကြိမ်မြောက် အပြတ် အသတ်အနိုင်ရခဲ့

တူနီးရှားသမ္မတ Kais Saied သည် မြောက်အာဖရိကနိုင်ငံသမိုင်းတွင် မဲပေးသူအနည်းဆုံးရွေးကောက်ပွဲ ဖြစ်ခဲ့သော်လည်း အပြတ်အသတ်အနိုင်ရရှိကာ ဒုတိ ယငါးနှစ်သက်တမ်းကို ရယူနိုင်ခဲ့သည်။

တနင်္လာနေ့ညနေပိုင်းတွင် Saied သည် မဲအရေ အတွက် ၉၀.၇ % အနိုင်ရခဲ့ပြီး မဲပေးသူ ၂၇.၇ % ဖြင့် လွတ်လပ်သော ရွေးကောက်ပွဲဆိုင် ရာ အဆင့်မြင့်အာဏာပိုင်အဖွဲ့ (ISIE) မှ ကြေညာခဲ့သည်။

Read more

ကိုရီးယားနိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းနှစ်ကျောင်းမှ ရေဘေးသင့်ဒေသများအတွက် ဝမ် ၅ သန်းလှူဒါန်း

မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအတွက် ကိုရီးယားနိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းနှစ်ကျောင်းမှ ဝမ် ၅ သန်း ကို အောက်တိုဘာလ ၇ ရက်က ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့သို့လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

မြောင်ဆာဗုဒ္ဓဘာသာဘုရားကျောင်းမှ ဆရာတော် Venerable Chung Myung နှင့် Abbess Jeong In၊ ဒယ်ဂျုံဆာဗုဒ္ဓဘာသာဘုရားကျောင်းမှ Abbess Ja Woon တိုက အလှူငွေများကိုလှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရပါတယ်။

Read more