ဟန်ဂေရီတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဆိုဘော့စလိုင်း

ဇန်နဝါရီ ၁၀

လီဗာပူးလ်အသင်း၏ ဟန်ဂေရီလက်ရွေးစင်အသင်းခေါင်းဆောင် ဆိုဘော့စလိုင်း (၂၃ နှစ်)သည် ၂၀၂၃ ခုနှစ်အတွက် ဟန်ဂေရီတစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဆိုဘော့စလိုင်းဟာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဟန်ဂေရီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၁၀) ပွဲကစားရာတွင် (၄) ဂိုးသွင်းယူပေးခဲ့ပြီး ယူရို-၂၀၂၄ ခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ယခုဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။

Read more

စပါးအသင်းက တီမိုဝါနာကို ခေါ်ယူ

ဇန်နဝါရီ ၁၀

စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်းမှ ဂျာမနီလက်ရွေးစင်တိုက်စစ်ကစားသမား တီမိုဝါနာ (၂၇) နှစ်အား ရာသီကုန်အထိအငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ပြီး အငှားစာချုပ်ပြည့်ချိန်တွင် ယူရို (၁၇) သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ တရားဝင် ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။
ဝါနာက စပါးအသင်းမှာ ကျောနံပါတ် (၁၆)ကို ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။ တီမိုဝါနာဝါနာဟာ စပါးအသင်း၏ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းတွင် (၂) ရာသီကြာကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ (၈၉) ပွဲကစားရာတွင် (၂၃) ဂိုးသွင်းယူခဲ့ကာ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအာဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ဇန္နဝါရီ ၆ရက်နေ့ နံနက်(၈း၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

Read more

FA ဖလား စတုတ္ထအဆင့် ပွဲစဉ်များ တရားဝင် မဲခွဲကြေငြာ

ဇန်နဝါရီ ၉

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်များကို တနင်္လာနေ့က တရားဝင် မဲခွဲကြေငြာခဲ့ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးအသင်းက FA ဖလား ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်း၏နောက်တွင် လီဗာပူးလ်၊ ချယ်လ်ဆီး၊ နယူးကာဆယ်တို့ အစဉ်လိုက်ရပ်တည်လျက်ရှိနေပါတယ်။

Read more

Austin က ကမ်းလှမ်းပါက Biden သည် နုတ်ထွက်စာကို လက်ခံမည်မဟုတ်ဟု ဆို

ဇန်နဝါရီ ၉

သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏အရေးပေါ် ဆေးရုံတက်ရမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်အား မပြောပြခဲ့သည့်နောက် ကာကွယ်ရေးဝန် ကြီး လွိုက်အော်စတင်အား ရာထူးမှ ထုတ်ပယ်ရန် မစဉ်းစားထားကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိလေးဦးက POLITICO သို့ ပြောကြားခဲ့သည်။

ထို့အပြင် အော်စတင်အား ကမ်းလှမ်းပါက သမ္မတ နုတ်ထွက်စာကို လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

Read more

ဒုတိယကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ကျမယ့် မာလီခင် နဲ့ ရိုင်နီယာ

ဇန်နဝါရီ ၉

One Championship က ဒုတိယကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ကျမယ့် မာလီခင်နဲ့ရိုင်နီယာကို လာမယ့် ၃လပိုင်းမှာ ပွဲတည်ပေးထားပါတယ်။

ပထမတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဒီရိုက်ဒါ တစ်ယောက်ကြိုးဝိုင်းအတွင်းကနေ ထမ်းစင်နဲ့ သယ်သွားခဲ့ရပါတယ်။

အခုလာမယ့်ပွဲအတွက် မာလီခင်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့ ဘောက်ဆင်ပိုင်းကို အထူးလေ့ကျင့်နေတယ်လို့ သိရပါတယ်။

Read more

ဘာပေက လာမယ့်နွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တယ်လို့ သတင်းထွက်ပေါ်လာ

ဇန်နဝါရီ ၈

PSG အသင်း တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းကို လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက် ၂ ကြိမ်စလုံး အပါအဝင် အချိန်ကာလ အတော်ကြာ သတင်းကြီးခဲ့ကြတာဖြစ်ပါတယ်။

Read more