Year: 2026
၂၀၂၄နှစ်သစ် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းနှင့် ပါတီဆိုင်းဘုတ်အသစ်တင်ခြင်း



နမ့်စန် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်နှင့် နမ့်စန်မြို ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၄ ခုနှစ် နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပူဇော်ခြင်းနှင့် ပင့်သံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ခရိုင်နှင့်မြိုနယ်ပါတီဆိုင်းဘုတ် အသစ်တင်ခြင်းများကို ခရိုင်နှင့်မြိုနယ်ပါတီရုံးတွင် နံနက်(၀၉:၄၅) နာရီမှ နေ့လယ်(၁၂:၀၀) နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
=============
Read moreဒေါ့မွန်ကို တရားဝင် အငှါး(၆)လ ရောက်ရှိသွားပြီဖြစ်တဲ့ ဆန်ချို

ဇန်နဝါရီ ၁၂
အသက်(၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ မန်ယူအသင်း နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ ဆက်ဆံရေးပိုင်း အဆင်မပေ ဖြစ်နေရာကနေ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ့မွန်အသင်းနှင့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းနှင့် မိတ်ဆက်ပွဲ ပြုလုပ်အပြီး ယင်းနေ့မှာပင် အသင်းနှင့် လေ့ကျင့်ခန်းချက်ချင်းဆင်းခဲ့ပါတယ်။
Read moreနည်းပြအဖြစ် မြက်ခင်းစိမ်းဆီ ပြန်လာမယ်ဆိုတဲ့ ပီကေး

ဇန်နဝါရီ ၁၂
မန်ယူနှင့် ဘာစီလိုနာနောက်ခံကစားသမားဟောင်း ပီကေးဟာ ကစားသမားဘဝမှ အနားယူပြီး (၁၄)လအကြာတွင် ဘောလုံးလောကသို့ နည်းပြအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့ပါတယ်။
ပီကေးက ကလပ်ကစားသမားဘဝတွင် မန်ယူနှင့် ဘာစီလိုနာအသင်းတို့တွင်သာ ကစားခဲ့ပြီး မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား (၄)လုံး၊ ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလား (၃၀)အထိ ရရှိခဲ့ပါတယ်။
Read moreဘိုင်ယန်မြူးနစ်က စပါးကစားသမား ဒိုင်ယာကို ခေါ်ယူ

ဇန်နဝါရီ ၁၂
ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးအသင်းမှ အင်္ဂလန်ကစားသမား ဒိုင်ယာကို ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
စပါးအသင်း၏ ထုတ်ပြန်ချက်တွင် ရာသီကုန်အထိ အငှားနှင့် အပြီးသတ်ခေါ်ယူခွင့်အချက် ပါဝင်ကြောင်း ဖော်ပြခဲ့ပြီး ဘိုင်ယန်ကမူ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုကာ တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဟု ရေးသားထားခဲ့ပါတယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီးနောက် အသင်းဖော်ဟောင်း ဟယ်ရီကိန်းရှိရာ ဘိုင်ယန်မြူနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
Read moreဂျာမနီ၌ လယ်သမားများက ထွန်စက်များဖြင့် လမ်းပိတ်ပြီး ဆန္ဒပြမှုဖြစ်ပွား

ဇန်နဝါရီလ ၁၂
ဂျာမနီနိုင်ငံတစ်ဝန်းရှိ အမြန်လမ်းမကြီးများ၌ လယ်သမားများက ထွန်စက်များဖြင့် လမ်းပိတ်ပြီး ဆန္ဒပြမှုဖြစ်ပွားကြောင်းနှင့် အစိုးရက လယ်ယာကဏ္ဍအပေါ် စစ်ကြေညာခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက စွပ်စွဲထားသည်။
ဘဏ္ဍာငွေ အကျပ်အတည်းနှင့်ရင်ဆိုင် နေရသည့် ဂျာမနီအစိုးရသည် ဒီဇယ်ဆီများ အတွက် ထောက်ပံ့ကြေးပေးနေမှုကို ဖျက်သိမ်းခြင်း၊ လယ်ယာသုံးစက်ပစ္စည်းများအပေါ် အခွန်လျှော့ချထားမှုကို ပြန်လည်ကောက်ခံခြင်း၊ လမ်းတံတား ကြေးများ တိုးမြှင့်ကောက်ခံခြင်းတို့ လုပ်သွားရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။
Read more























