အာဆင်နယ်အသင်းမှ ထွက်ခွာရန် နည်းပြအာတီတာ အစီအစဉ်မရှိ

ဇန်နဝါရီ ၃၀

အာဆင်နယ် နည်းပြ အာတီတာဟာ လာမယ့် နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နည်းပြကလော့ပ်နဲ့ ဇာဗီတို့ဟာ ရာသီအကုန်မှာ လီဗာပူးနဲ့ ဘာစီလိုနာအသင်းတို့ကနေ ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စပိန်မီဒီယာရဲ့ဖော်ပြချက်အရ နည်းပြအာတီတာဟာ အာဆင်နယ်အသင်းကနေ စောစီးစွာထွက်ခွာဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။

Read more

ကိုရီးယားမှ ရာသီချိန်လုပ်သားခေါ်ယူစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိသေးကြောင်းသိရ

ဇန်နဝါရီ ၂၉

၂၀၂၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမယ့် နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်ခြင်း မရှိသေးကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများထံကနေ သိရပါတယ်။ လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ရာသီချိန်လုပ်သားများကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ကနေခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Read more

မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာအား မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်

ဇန်နဝါရီ ၂၉

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းကာ မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာအား မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျက်စိအတွင်းတိမ်ကင်းစင်ပြီး အလင်းရလာကြသည့် သံဘိုရွာသစ်မှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

Read more

One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ အောင်လအန်ဆန်

ဇန်နဝါရီ ၂၉

မြန်မာ့စပါးအုံး အောင်လအန်ဆန်က One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အသက်၃၈နှစ်ရှိ အောင်လအန်ဆန်ဟာ One Championship တွင် သူ့၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရရှိဖို့ စိတ်အားထက်သန်နေပြီး Middle Weigh တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန်ကြိုးစားနေပါတယ်။

Read more

ကာရဘောင်းဖလား ချယ်လ်ဆီး နဲ့ လီဗာပူးလ် ဗိုလ်လုမည်

ဇန်နဝါရီ ၂၅

ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဖူလ်ဟမ်ကို သရေကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက စတန်းဖို့ဘရစ်ခ်ျမှာ ဂိုးပြတ်အနိုင်ရပြီးတက်ရောက်လာနိုင်ခဲ့သလို လီဗာပူးလ်ဟာလည်း နှစ်ကျော့ပေါင်းရလဒ်အသာစီးဖြင့် တက်ရောက်လာနိုင်ခဲ့ပါတယ်။

Read more

အိမ်ကွင်းမှာ ရှယ်ဖြုတ်ခဲ့တဲ့ ချဲလ်ဆီး

ဇန်နဝါရီ ၂၄

ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းက ပထမအကျော့တုန်းက ရှုံးနိမ့်ခဲ့တဲ့ မစ်ဒယ်ဘရော့ကို အိမ်ကွင်းမှာ ဂိုး ဒါဇင်ဝက်ကျော်သွင်းကာ ဗိုလ်လုသွားပွဲသို့ တက်ရောက်သွားပြီဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် ဂိုးတွေကိုတော့ အန်ဇို၊ ဒီဆာဆီ၊ ပယ်လ်မား၊ မာဒူကီးတို့ကသွင်းခဲ့ကြတာဖြစ်ပြီး မစ်ဒယ်ဘရော့နောက်ခံလူ ဟောင်ဆန်ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိတာကြောင့် og လည်းတစ်ဂိုးရရှိခဲ့ပါတယ်။

Read more