ဟာလန်းရဲ့ ဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ မန်စီးတီး

ဖေဖော်ဝါရီ ၂၈

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးအသင်းက ဟာလန်းရဲ့ငါးဂိုးနဲ့အတူ လူတန်တောင်းအသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ဟာလန်းရဲ့ ငါးဂိုးမှာ ဒီဘရိုင်းနားက လေးဂိုး assist ပေးခဲ့ပြီး ကိုဗာဆစ်က မန်စီးတီးအသင်းအတွက် နောက်တဂိုးသွင်းပေးခဲ့ပါတယ်။

Read more

Yonex German Open 2024 တွင်ဝင်ရောက်ယှဉ်ပြိုင်မယ့် သက်ထားသူဇာ

ဖေဖော်ဝါရီ ၂၇

မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ Yonex German Open 2024 တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ပါတယ်။

Read more

အယူခံဝင်မှု အောင်မြင်ခဲ့တဲ့ အဲဗာတန်

ဖေဖော်ဝါရီ ၂၇

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရသည့် အဲဗာတန်အသင်းသည် အယူခံဝင်မှု အောင်မြင်ခဲ့သည့်အတွက် (၁၀)မှတ်လျှော့ပြစ်ဒဏ်မှ (၆)မှတ်လျှော့ပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက FFP စည်းမျဉ်းတွေနဲ့ မလွတ်ကင်းခဲ့တာကြောင့် ၁၀ မှတ်လျော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ အယူခံဝင်ခဲ့ကာ အောင်မြင်သွားခဲ့ပါတယ်။

ထို့ကြောင့် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၁၅)နေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။

Read more

လီဗာပူးလ်အသင်းက လိဂ်ဖလားချန်ပီယံဆုကို ၁၀ ကြိမ်မြောက်ရရှိ

ဖေဖော်ဝါရီ ၂၆

လီဗာပူးလ်အသင်းဟာ မနေ့ညက လိဂ်ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ၁-၀ ဂိုးနဲ့အနိုင်ယူပြီး ဒီရာသီ သူတို့အတွက် ပထမဆုံးချန်ပီယံဆုဖလား စတင်ဆွတ်ခူးခဲ့ပါတယ်။

သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျခဲ့တာကြောင့် အချိန်ပိုမိနစ် ၃၀ ဆက်ကစားခဲ့ရပြီး ၁၁၈ မိနစ်မှာ ဗန်ဒိုက်က တစ်လုံးတည်းသောအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီများမှ မိတ်ဆွေများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၂၆၊ ရန်ကုန်

Read more

အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်သွားတဲ့ ဘရော်နီကာ

ဖေဖော်ဝါရီ ၂၆

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ မနေ့ညက ထိုးသတ်ခဲ့တဲ့ ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နှင့်ပွဲစဉ်တွင် အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်တွင် ဘရော်နီကာက သုံးချီလုံး လက်ရည်အသာစီးထိုးသတ်ကစားနိုင်ခဲ့သော်လည်း သုံးချီပြည့်သည်အထိ အနိုင်အရှုံးမပေါ်သည့်အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာ ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်က အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့်အနိုင်ရခဲ့ပါတယ်။

“အားလုံးတောင်းပန်ပါတယ်။ ဒီတစ်ပွဲအရမ်းပင်ပန်းခဲ့တယ်။ နိုင်ပွဲဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး”ဟု ဘရော်နီကာက ပွဲစဉ်အပြီးတွင် သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ၊ ပါတီဉက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် Russia United Party မှ ဦးစီးကျင်းပသည့် “For the Freedom of Nations Forum” သို့ တက်ရောက်

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

(၂၃.၂.၂၀၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးဝန်းအတွင်း၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊တိုင်းဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်တို့မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ၊ အဆိုပါခရိုင်များအတွင်းရှိ(၇)မြို့နယ်မှ ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားပြီး ဒိုင်လူကြီး(၁)ဦးမှအမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဒိုင်ချုပ်နှင့်ဒိုင်အဖွဲ့ဝင်များမှ မြို့နယ်များအလိုက်ခင်းကျင်းပြင်ဆင်ထားမှုများအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား စတင်ကျင်းပခဲ့ကြပါသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသောမြို့နယ်များအား တိုင်းဒေသကြီးပါတီဥက္ကဌနှင့်တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

Read more