နည်းပြဘင်နီတက်ဇ်ကို ဆယ်တာဗီဂိုအသင်း ထုတ်ပယ်

မတ် ၁၃

စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တာဗီဂိုအသင်းဟာ သူတို့အသင်းရဲ့နည်းပြကြီး ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်းကို တရားဝင်‌ကြေညာသွားခဲ့ပါတယ်။

ဆဲလ်တာဗီဂိုမှာ ၉ လကြာ နည်းပြဘဝဖြတ်သန်းခဲ့တဲ့ ဘင်နီတက်ဇ်ဟာ အသင်းရလဒ်ပိုင်းကို ကောင်းမွန်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလိုအခြေအနေအထိ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Read more

ဘာစီလိုနာအသင်းနဲ့ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်

မတ် ၁၃

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေက ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့် တက်လှမ်းသွားပါတယ်။

ဘာစီလိုနာအသင်းဟာ အီတလီကလပ်နာပိုလီနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုး စီသရေကျခဲ့ပြီး ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Read more

မွတ်ဆလင်တွေပို ဖယ်ထုတ်တဲ့ ရွှေ့ပြောင်း အခြေချမှု ဥပဒေကို ပြဌာန်းခဲ့သည့်အတွက် ဝန်ကြီးချုပ်မိုဒီ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရ

မတ် ၁၂

ပါလီမန်တွင် လေးနှစ်ကြာ ပြင်ဆင်ခဲ့သည့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီဦးဆောင်သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ဆက်တိုက် ထွက်ပေါ်ဖြစ်ပေါ်လာသည်။

အဆိုပါဥပဒေသည် မွတ်ဆလင်များကို ခွဲခြားဆက်ဆံသည်ဟု ဝေဖန်ကာ ရွေးကောက်ပွဲမတိုင်မှီကာလများတွင် ယခုကဲ့သို့ ဆန္ဒပြခြင်း ခံနေရခြင်းဖြစ်သည်။

Read more

နေတန်ယာဟုနဲ့တွေ့ဆုံဖို့ အစီအစဉ်မရှိကြောင်း ဘိုင်ဒန်ပြော

မတ် ၁၂

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန်နေတန်ရာဟုနှင့်တွေ့ဆုံရန် သို့မဟုတ် အစ္စရေးလွှတ်တော်တွင် မိန့်ခွန်းပြောရန် အခုအချိန်တွင် အစီအစဉ်မရှိသေးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က နေတန်ရာဟုနှင့်တွေ့ဆုံရန် အစီအစဉ်ရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ယခုလိုဖြေကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအကြား သဘောထားကွဲလွဲမှုများသည် ပြီးခဲ့သည့် သီတင်းအပတ်များတွင် မီဒီယာများ၏ မေးမြန်းဖော်ပြမှုကြောင့် ရုပ်လုံးပေါ်လာခဲ့သည်။

Read more

ဘရာဇီးလ်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျော့ရှုဝါဗန်

မတ် ၁၂

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်က ဘရာဇီးလ်ဖိုက်တာ လူးကပ်စ်ရိုချာနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ကို ၄င်း၏ ဖေ့စ်ဘုတ်စာမျက်တွင် ရေးသားဖော်ပြထားကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်ကို လာမယ့် ဧပြီလ ၆ ရက်နေ့မှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဘရာဇီးလ်ဖိုက်တာ လူးကပ်စ်ရိုချာအတွက် ဂျော့ရှုဝါဗန်နဲ့ယှဉ်ပြိုင်မယ့် ဒီပွဲစဉ်ဟာ သူ့ရဲ့ UFCပွဲဦးထွက်ဖြစ်ပါတယ်။

Read more

နွေရာသီစာ မန်ကျည်းရွက်ရဲ့ ကျန်းမာရေးအာနိသင်

မန်ကျည်းရွက်မှာ ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။
မန်ကျည်းရွက်က ဆီးချိုသက်သာစေနိုင်တာ၊ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာ၊ ငှက်ဖျားသက်သာစေနိုင်တာ၊ ခံတွင်းအနာကို သက်သာစေနိုင်တာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တာ စတာတွေအတွက် မန်ကျည်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။
သွေးတိုး သက်သာစေနိုင်ဖို့အတွက်လည်း မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွေးတိုးကျအောင် လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါနဲ့ အခြားသော ရောဂါအမျိုးမျိုးကို ကာကွယ်ရာရောက်မှာ ဖြစ်ပါတယ်။
မန်ကျည်းရွက်က ဆေးဖက်ဝင်သလို လူတော်တော်များများနဲ့ တည့်တယ်ဆိုပေမဲ့ အလွန်အကျွံမစားမိဖို့ လိုသလို ရောဂါအခံ ရှိတဲ့သူတွေ အနေနဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

Read more

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆန် လက်ဝှေ့ကြိုးဝိုင်းကို တကျော့ပြန်လာမည်

မတ် ၁၂

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်သည် ၎င်းနှင့် အသက်(၃၀)ကွာသည့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဂျိတ်ပေါလ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် Netflix က အသိပေးကြေညာထားပါတယ်။

လက်ရှိတွင် မိုက်တိုင်ဆန်အနေဖြင့် အသက် (၅၇)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၎င်းနှင့်ယှဉ်ပြိုင်ထိုးသတ်မည့် ဂျိတ်ပေါလ်မှာ အသက် (၂၇)နှစ်အရွယ်သာ ရှိသေးပါတယ်။

Read more

ဗာဂျီးနီးယားလေယာဉ်ပျက်ကျမှုတွင် လူ ၅ ဦးသေဆုံး

မတ် ၁၁

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် Ingall လေဆိပ်အနီးတွင် လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လူကြီး ၄ ဦးနှင့် အရွယ်မရောက်သေးသူတစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း ဗာဂျီးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

Read more