တောင်ကိုရီးယားသို ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များအား စမ်းသပ် ပစ်ခတ်

မတ် ၂၀

တောင်ကိုရီးယားနိုင်ငံသို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန် လာရောက်လည်ပတ်စဉ် အတွင်း မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၈ ရက်တွင် ၎င်းတို၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ် ပစ်ခတ်ခဲ့ ကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန် သည်။

Read more

ဒဏ်ရာကြောင့် ပြင်သစ်အသင်းအတွက်ပွဲဆက်အများဆုံးစံချိန် ရပ်တန့်ခဲ့ရတဲ့ ဂရီးဇ်မန်း

မတ် ၂၁

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်ထရွန် ဂရီးဇ်မန်းသည် အက်သလက်တီကိုအတွက် ကစားပေးရင်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုမတ်လနိုင်ငံတကာရက်သတ္တပတ်တွင် ကစားမည့် ပြင်သစ်အသင်း၏ ခြေစမ်းပွဲများကို လွဲချော်တော့မည်ဖြစ်ပါတယ်။

ဂရီးဇ်မန်းအနေဖြင့် ၂၀၁၇ သြဂုတ်လမှ စတင်၍ ပြင်သစ်အသင်း၏ပွဲစဉ်များတွင် တောက်လျှောက်မပျက်မကွက်ဆက်တိုက် ကစားခဲ့သော သူ၏စံချိန်မှာ (၈၄)ပွဲတွင် ရပ်တန့်ရတော့မည်ဖြစ်ပါတယ်။

ဂရီးဇ်မန်းသည် ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲ(၁၂၇)ပွဲကစားထားရာ နောက်ဆုံး(၈၄)ပွဲကို ဆက်တိုက်ကစားခဲ့ခြင်းဖြစ်ပါတယ်။

Read more

အင်္ဂလန်လက်ရွေးစင်အသင်းမှာ မိုင်နူး ပထမဆုံးအကြိမ် ရွေးချယ်ခံရ

မတ် ၂၁

မန်ယူကွင်းလယ်လူ မိုင်နူးဟာ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ကစားမယ့် ခြေစမ်းပွဲစဉ်အတွက် အင်္ဂလန်အသင်းမှာ ပထမဆုံးရွေးချယ်ခံခဲ့ရပါတယ်။

အသက်(၁၈)နှစ်အရွယ်မိုင်နူးဟာ အစောပိုင်းက အင်္ဂလန်ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရတာဖြစ်ပေမယ့် နည်းပြ ဆောက်ဂိတ်ရဲ့ ကနဦးလူစာရင်းမှာ မပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထပ်မံရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Read more

နေတိုးတပ်ဖွဲ့ဝင်များအား ယူကရိန်းတွင် ဖြန့်ကြက်ထားခြင်းက တတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးပြော

မတ် ၁၉
နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများမှ လက်နက်ကိုင်တပ်များအား ယူကရိန်းနိုင်ငံအတွင်းသို့ ဖြန့်ကြက်ထားခြင်းသည် တတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ က ပြောသည်။

နေတိုးတပ်ဖွဲဝင်များကို ယူကရိန်းရှိ စစ်မြေပြင်များ၌ ဖြန့်ကြက်ခြင်းသည် နိုင်ငံများကြား ရေကုန်ရေခန်း တိုက်ခိုက်မည့် တစ်ကမ္ဘာလုံးဆိုင်ရာပဋိပက္ခ သို့မဟုတ် တတိယကမ္ဘာစစ်ကြီးကို ဖြစ်ပေါ်စေနိုင်ကြောင်း အန်တိုနီယို တာဂျာနီ က ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

Read more

နွေရာသီရောက်လာပြီဖြစ်တဲ့အတွက် အပူဒဏ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းများ

နွေရာသီရောက်လာပြီဖြစ်တဲ့အတွက်အပူဒဏ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှ‌ဝေပေးသွားပါမယ်။
အပူဒဏ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အရိပ်ကောင်းကောင်းရပြီး အေးမြ‌တဲ့နေရာမှာ နေထိုင်ခြင်း ၊ မိမိခန္ဓာကိုယ်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေဖို့ လက်၊ လည်ပင်းနှင့် ပုခုံးတို့ကိုပါ လုံခြုံတဲ့ အရောင်ဖျော့တဲ့ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ခြင်း ၊ နေရောင်ကာဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ကို နေရောင်ကာ cream တမျိုးမျိုး ၊ lotion တမျိုးမျိုးကို လိမ်းပေးခြင်း ၊ နေ့ခင်းနေ့လည် အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းပြီး နေကာမျက်မှန်တပ်ဆင်ခြင်း ၊ ရေများများသောက်ပေးခြင်း တို့ပဲဖြစ်ပါတယ်။

Read more

ဘဏ္ဍာရေးအသုံးစရိတ်စည်းမျဉ်းချိုးဖောက်မှုကြောင့် နော်တင်ဟမ် (၄)မှတ်လျှော့ခံရ

မတ် ၁၉

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဘဏ္ဍာရေးအသုံးစရိတ်စည်းမျဉ်းချိုးဖောက်ခဲ့တဲ့အတွက် (၄)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အဆိုပါပြစ်ဒဏ်ကြောင့် နော်တင်ဟမ်အသင်းဟာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၈ နေရာရောက်သွားပြီး ၂၂ မှတ်ရရှိထားတဲ့ လူတန်တောင်းအသင်းက အဆင့် ၁၇ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ရဲ့ အပေါ်မှာ ပြန်လည် ရပ်တည်နေပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်

မတ် ၁၈၊ နေပြည်တော်

Read more

YONEX Swiss Open 2024 တွင်ဝင်ရောက်ယှဉ်ပြိုင်မယ့် သက်ထားသူဇာ

မတ် ၁၈

ဆွစ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို ဆွစ်ဇာလန်နိုင်ငံ ဘေလ်ဆယ်မြို့၌ လာမယ့် မတ်လ ၁၉ ရက် မှ ၂၄ ရက်ထိ ကျင်းပသွားမည်ဖြစ်ပါတယ်။

Read more