ထိုင်ဝမ်တွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး

ဧပြီ ၃

ထိုင်ဝမ်ကျွန်းတွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင် လှုပ်ခတ်မှုကြောင့် ၄ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြင်းအား ၇ ဒဿမ ၄ ရစ်ခ်ျတာစကေး အဆင့်ရှိသည့် ငလျင်သည် ထိုင်ဝမ်ကျွန်း ကမ်းရိုးတမ်းဒေသဖြစ်သည့် Hualien ဒေသတွင် ဒေသစံတော်ချိန် နံနက် ၈နာရီဝန်းကျင်တွင် နီးကပ်စွာ လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

Read more

သင်္ကြန်ရုံးပိတ်ရက် မတိုင်မီနှင့် ပိတ်ရက်အပြီးတွင် အထူးရထားများပြေးဆွဲမည်

ဧပြီ ၃

သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁၁ ရက်မှစတင်ပြီး အထူးရထားများကို ပြေးဆွဲပေးသွားမှာ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရပါတယ်။ သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁၁ ရက်ကနေ‌ ၁၂ ရက်အထိနှင့် သင်္ကြန်အပြီး ဧပြီလ ၂၀ ရက်ကနေ ၂၁ ရက်အထိတို့တွင် သင်္ကြန်အထူးရထားများကို ပြေးဆွဲ ပေးမည်ဖြစ်ပြီး ခရီးသည်အခြေအနေပေါ်မူတည်၍ လိုအပ်ပါက ထပ်တိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Read more

ယခုရက်သတ္တပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့အပူချိန်ပိုလာနိုင်ဟုဆို

ယခုရက်သတ္တပတ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ အပူချိန်ပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့်ဒေသများတွင် အပူချိန်ပိုမိုလာနိုင်ချေ ၈၅ ရာ ခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိ ရှိနေပြီး ပုံမှန်အားဖြင့်မိုးရွာသွန်းနိုင်ချေ မရှိသေးကြောင်း သိရသည်။
ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် အပူချိန်မြင့်တက်နိုင်ချေ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ခန့်အထိရှိပြီး ပြင်းထန်သော ရာသီဥတုဖြစ်ပေါ်နိုင်ချေမရှိနိုင်ကြောင်းလ ည်း ၎င်းက အသိပေးသည်။
ယင်းအချက်အလက်များအရ အလယ်ပိုင်းမိုးနည်းရေရှားဒေသများအတွက် အပူချိန်မြင့်တက်နိုင်ချေပိုနေကြောင်း အသိပေးထားသည်။
ထို့ပြင် အနောက်မြောက်ဘက်မှ ဝင်ရောက်လာနိုင်မည့် မိုးတိမ်များကြောင့် လေပြင်းတိုက်နိုင်ချေနှင့် နေရာကွက်ပြီးမိုးရွာနိုင်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပြီး ရေချွေတာသုံးစွဲကြရန်နှင့် အပူဒဏ်ကို သတိထားကာကွယ်နေထိုင်ကြရန်လည်း အသိပေးထားသည်။

Read more

နှစ်ပွဲဆက် ရော်လ်နယ်ဒို ဟတ်ထရစ်ရခဲ့ပြီး ဂိုးပြတ်သွင်းခဲ့တဲ့ အယ်လ်နာဆာ

ဧပြီ ၃

ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့သည့် ဆော်ဒီပရိုလိဂ်ပွဲစဉ်(၂၆) အက်ဘ်ဟာ (၀-၈) အယ်လ်နာဆာပွဲစဉ်တွင် အယ်လ်နာဆာအသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်းသိရပါတယ်။

ယင်းဟက်ထရစ်မှာ စီရော်နယ်လ်ဒိုအတွက် ပရိုကစားသမားဘ၀ (၆၅)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး ပြစ်ဒဏ်ဘော (free kick) မှ သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ကစားသမားဘ၀ ဖရီးကစ်သွင်းဂိုး (၆၃)ဂိုးအထိရှိလာခဲ့ကြောင်းသိရပါတယ်။

Read more

အပူဒဏ်အန္တရာယ် အထူးသတိပြုကာကွယ်

ယခုအချိန်ကာလသည် အလွန်ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလဖြစ်သည်။ မြန်မာပြည်ရာသီဥတုအနေဖြင့် မတ်လ၊ ဧပြီလနှင့် မေလတို့သည် ပူပြင်းသောကာလများဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီကာလအားဖြင့် ကဆုန်၊ နယုန် ရာသီကာလသည် မနေနိုင်လောက်အောင် ပူပြင်းလှသဖြင့် “ကဆုန်-နယုန် ဆွေ့ဆွေ့ခုန်” ဟု အမွှမ်းတင်ထားသည်။ နွေရာသီကာလသည် ဖြစ်လေ့ဖြစ်ထဖြစ်သော်လည်း သာမန်အခြေအနေထက် ထူးခြားသည့်အပူဒဏ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုရမည်ဖြစ်သည်။

Read more

ဓားစာခံများလွှတ်ပေးရန်နှင့် ရွေးကောက်ပွဲအသစ် ပြုလုပ်ရန် အစ္စရေး ထောင်ပေါင်းများစွာက အဝေးပြေးလမ်းမ ကြီးများကို ပိတ်ဆို့ဆန္ဒပြ

(နိုင်ငံတကာ) ဧပြီ ၁

ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဂါဇာရှိ ဟားမတ်စ်တို့ ဖမ်းဆီးထားသော ဓားစာခံများကို လွှတ်ပေးရေး အစိုးရအား ဆန္ဒပြရန် နိုင်ငံတစ်ဝှမ်း တွင် မတ်လ ၃၀ ရက်နေ့ စနေနေ့ ညနေပိုင်းက စုဝေးခဲ့ကြကြောင်းသိရသည်။

Read more

လေဗာကူဆင်အသင်းကိုဂုဏ်ပြုကြောင်း ဘိုင်ယန်နည်းပြတူချယ်ပြော

ဧပြီ ၁

ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က ထိပ်ဆုံးမှ လေဗာကူဆင်အသင်းနှင့် (၁၃)မှတ်အထိ ကွာဟသွားပြီးနောက် ဘွန်ဒစ်လီဂါချန်ပီယံလုပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နည်းပြတူချယ်က- “ဘိုင်ယန်ရဲ့ချန်ပီယံမျှော်လင့်ချက်က မဖြစ်နိုင်တော့ပါဘူး။ လေဗာကူဆင်အသင်းနဲ့ပတ်သက်လို့ ဂုဏ်ပြုပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

Read more

သန့်ဇင် နေမကောင်းတာကြောင့် ထိုင်းဖိုက်တာ Tai နဲ့ထိုးသတ်မယ့်ပွဲပျက်

မတ် ၂၉

ယနေ့ညမှာ One Friday Fithts 57 ဒုတိယခေါင်ပွဲ cathweight တန်းအဖြစ် ထိုင်းဖိုက်တာ Tai နဲ့ထိုးသတ်မယ့် သန့်ဇင်ရဲ့ပွဲဟာ သန့်ဇင်နေမကောင်းဖြစ်နေတာကြောင့် ပွဲပျက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ မြန်မာလက်ဝှေ့အကျော်အမော် သန့်ဇင်ရဲ့ One Championship နဲ့ ဒုတိယပွဲစဉ်ဖြစ်ပြီး ပထမပွဲစဉ်မှာပြိုင်ဘက်ကို အလဲထိုးအနိုင်ရခဲ့ပါတယ်။

Read more

လောင်းကစားစည်းမျဉ်းချိုးဖောက်မှုဖြင့် တိုနယ်လီကို အင်္ဂလန်အက်ဖ်အေက စွဲချက်တင်

မတ် ၂၉

နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမား တိုနာလီဟာ ဒီနှစ်ဘောလုံးရာသီ အစောပိုင်းတုန်းက လောင်းကစားအမှုပေါင်း ၅၀ လောက်ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေဟာ ပရီးမီးယားလိဂ်အသင်းတွေအပေါ် ထုတ်ပြန်ထားခဲ့တဲ့ လောင်းကစား ဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သတ်မှတ်ပြီး တိုနာလီကို ကို စွဲချက်တင်လိုက်တယ်လို့သိရပါတယ်။

Read more