Year: 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များ နှစ်သစ်ကူးထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားပြုလုပ်


ဧပြီ ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ရေးရာကော်မတီများ၊ ဌာနများတွင် အသီးသီးတာဝန်ထမ်းဆောင်နေကြသော ဦးစီးရုံးအဖွဲ့ဝင်များအတွက် နှစ်သစ်ကူးထောက်ပံ့ငွေများပေးအပ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများကိုလည်း ဥက္ကဋ္ဌကြီး၏ကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့ရာ ပါတီဌာနချုပ်မှူးနှင့် တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ပြီး နှစ်သစ်ကူးထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆော်ဒီစူပါဖလားကို လေးကြိမ်မြောက် ရရှိတဲ့ အယ်လ်ဟီလာ

ဧပြီ ၁၂
ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဗိုလ်လုပွဲစဉ်မှာ အယ်လ်ဟီလာအသင်းက အယ်လ်အစ်တီဟတ်အသင်း ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။
ဒီပွဲစဉ်မှာ အယ်လ်ဟီလာအတွက် ဂိုးတွေကို မယ်လ်ကွန် က ၂ ဂိုး၊ အယ်လ်ဒေါဆာရီက ၁ ဂိုး၊ ဒေါဆာရီက ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပြီး အယ်လ်အက်တီဟက်အတွက်ချေပဂိုးတစ်ဂိုးကိုတော့ ဟမ်ဒယ်လ်လာက သွင်းပေးခဲ့တာဖြစ်ပါတယ်။
Read moreဧရာဝတီတိုင်းဒေသကြီး၊ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းဧရာဝတီတိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

၁၀.၄.၂၀၂၄နေ့ နေ့လည် ၁၁း၃၀ တွင်ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေး (၄/၂၀၂၄) ထပ်ဆင့်ရှင်းလင်းပွဲဆောင်ရွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ဧရာဝတီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာသန်းထွန်းတက်ရောက်ခဲ့ပါသည်။
ဗဟိုအတွင်းရေးမှူးက အစည်း အဝေးကျင်းပရာတွင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ပါတီဖွဲ့စည်းမှုမှန်ကန်ရေး၊စည်းရုံးရေးဆိုင်ရာများ၊ ပါတီဝင်စိစစ်မှုများ၊Mapping ဆောင်ရွက်မှုများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းပါတီဥက္ကဌ ဦးသိန်းထွန်းက ပါတီဥက္ကဌ၏ လမ်းညွှန်ချက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်များ၏ လမ်းညွှန်ဆွေးနွေးချက်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းပါတီကော်မတီဝင်များ၊ခရိုင်(၈)ခရိုင်မှပါတီဥက္ကဌများ၊(၂၆)မြို့နယ်မှပါတီဥက္ကဌများစုစုပေါင်း ၄၅ ဦးတက်ရောက်ပြီး နေ့လည် ၁၃း၁၀တွင်တွေဆုံဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။
အေဂျက်စ်အသင်းနှင့် ဂရေဟမ်ပေါ်တာ ဆွေးနွေးနေ

ဧပြီ ၁၁
နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းက ယခုဘောလုံးရာသီတွင် ရလဒ်များဆိုးရွားနေသည့်အတွက် ရာသီအကုန်တွင် နည်းပြအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေပြီး ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို ခန့်အပ်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။
အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဂရေဟမ်ပေါ်တာအနေဖြင့် ဒတ်ခ်ျလိဂ်၌ ရုန်းကန်နေရသည့် အေဂျက်စ်အသင်းနှင့် ဆွေးနွေးနေသော်လည်း အပူတပြင်းကိုင်တွယ်ရန် စိတ်အားထက်သန်ခြင်းမရှိကြောင်း သိရပါတယ်။
Read moreတရုတ်ဖိုက်တာနဲ့ ယှဉ်ပြိုင်သွားမယ့် ဂျော့ရှုဝါဗန်

ဧပြီ ၁၀
ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်သည် UFC- 302 ပွဲစဉ်တွင် ဘရာဇီးနိုင်ငံသားဖိုက်တာ Lucas Rocha နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ဘက်ဘက်မှ ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံသား Sumudaerji နှင့် ပွဲတည်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
၎င်းတို့နှစ်ဉီးလာမည့် ဇွန်လ(၁)ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း သိရပါတယ်။
Read moreလက်ကျန်ပွဲစဉ်ခြောက်ပွဲတွင် တစ်ပွဲအနိုင်ရရှိပါက ဂျာမန်ဘွန်ဒက်စ်လီဂါဆုဖလားကို ရရှိသွားမယ့် လေဗာကူဆင်

ဧပြီ ၈
ယခုဘောလုံးရာသီတွင် နည်းပြအလွန်ဆို၏ ဦးဆောင်မှုနှင့်အတူ ပုံစံကောင်းများ ဆက်တိုက်ပြသနေသည့် လေဗာကူဆင်အသင်းသည် လက်ကျန်ပွဲစဉ် ခြောက်ပွဲတွင် တစ်ပွဲအနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဂျာမန်ဘွန်ဒက်စ်လီဂါဆုဖလားကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
Read moreလီဗာပူးကို ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး မန်ယူကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မိုင်နူး

ဧပြီ ၈
ယမန်နေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ မိုင်နူးဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး မန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါပွဲစဉ်မှာ မိုင်နူးရဲ့ သွင်းဂိုးဟာ အတော်လေးလှပခဲ့တဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး လီဗာပူးလ်နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
Read more









