ဝက်စ်ဟမ်းနည်းပြသစ်ဖြစ်လာဖို့ လိုပီတီဂူ သဘောတူညီမှုရ

May 8

ဝုဗ်နည်းပြဟောင်း လိုပီတီဂူဟာ ယခုရာသီအကုန်မှာဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာမယ့် နည်းပြမိုယက်စ်နေရာ အစားထိုးဝင်ရောက်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ စပိန်သားနည်းပြလိုပီတီဂူဟာ ယခုရာသီအကုန်မှာ ဝက်စ်ဟမ်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် နည်းပြမိုယက်စ်နေရာ အစားထိုးဝင်ရောက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးခဲ့ပါတယ်။ ယခုအခါမှာ ၂၀၂၄-၂၅ ရာသီမတိုင်ခင် ဝက်စ်ဟမ်းအသင်းကို ကိုင်တွယ်ဖို့ လိုပီတီဂူသဘောတူညီမှုရခဲ့ပါတယ်။ လက်ရှိဝက်စ်ဟမ်းနည်းပြမိုယက်စ်က ယခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ လန်ဒန်ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။

Read more

ဂါဇာအရေးအတွက် ဥရောပတွင် ကျောင်းသားများ ဆန္ဒထုတ်ဖော်

မေ ၇

ဥရောပနိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဘယ်ဂျီယံနှင့် နယ်သာလန်တို့တွင် ဂါဇာရှိ အစ္စရေး၏ စစ်ဆင်ရေးကို ကျောင်းသားများမှ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဘယ်ဂျီယံနိုင်ငံ Ghent မြို့နှင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိတက္ကသိုလ်များတွင် စု‌ဝေးဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အမ်စတာဒမ်မြို့လယ်ရှိ အမ်စတာဒမ်တက္ကသိုလ်(UvA) တွင် ရာနှင့်ချီသော ကျောင်းသားများသည် စခန်းချကာ ဆန္ဒထုတ်နေပြီး တက္ကသိုလ်တာဝန်ရှိသူများမှ ကျောင်းသားများအားနေ့ဘက်တွင် ဆန္ဒပြမှုကို ခွင့်ပြုနိုင်သော်လည်း ညပိုင်းအထိဆက်လက်လုပ်ဆောင်ပါက ရဲကို အကြောင်းကြားမည်ဟုဆိုသည်။

Read more

တောင်ကိုရီးယားနိုင်ငံမှ မြန်မာအပါအဝင် နိုင်ငံခြားလုပ်သား ၃၅,ဝဝဝ ကျော် ခေါ်ယူမည်

မေ ၈

တောင်ကိုရီးယားနိုင်ငံမှ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ်အဖြစ် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၃၅,၀၀၀ ကျော်ကို ထပ်မံခေါ်ယူသွားမယ်လို အဆိုပါနိုင်ငံရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရပါတယ်။

Read more

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် တိုက်စစ်မှူးဟာလန်း ထိပ်ဆုံးမှဦးဆောင်

May 7

မန်စီးတီးအသင်းနဲ့ ဝုဗ်အသင်းတိုကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)မှာ မန်စီးတီးအသင်းက ဝုဗ်အသင်းကို ၅ ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူးဟာလန်း က အသင်းအတွက် သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရရှိရန် နီးစပ်နေပါတယ်။

Read more

ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရသည့် (၁၄)သင်းမြောက် လာလီဂါကလပ်အသင်းအဖြစ် ဂျီရိုနာမှတ်တမ်းဝင်

မေ (၄)ရက်နဲ့ ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၃၄)တွင် ဘာစီလိုနာအသင်းအား (၄-၂) ဂိုးဖြင့်အနိုင်ရခဲ့သည့် ဂျီရိုနာအသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာသေချာသွားခဲ့ပြီး ယင်းပြိုင်ပွဲအားယှဉ်ပြိုင်ခွင့်ရသည့် (၁၄)သင်းမြောက် လာလီဂါကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

ကတ်တလန်အခြေစိုက် ဂျီရိုနာအသင်းသည် ယခုရာသီအပါအဝင် အသင်းသမိုင်းတစ်လျှောက် လာလီဂါပြိုင်ပွဲအား (၄)ရာသီသာယှဉ် ပြိုင်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲအားယှဉ်ပြိုင်ခွင့်ရသည်အထိ အလျင်အမြန်တိုးတက်မှုကိုပြသနိုင်ခဲ့သည်။

Read more

(၃)ပတ်ခန့်အနားယူရအုံးမယ့် မက်ဂွဲယား

ဗဟိုနောက်ခံလူ မက်ဂွဲယားဟာ လေ့ကျင့်ရေးကွင်းမွာ ကွှက်သားဒဏ်ရာရခဲ့တာကြောင့် (၃)ပတ်ခန့်အနားယူရဖွယ်ရွိနေရာ မန်ယူအသင်းအတွက် ထိုးနွက်ခက်ြဖြစ်ခဲ့ရပါတယ်။ ဒီဒဏ်ရာဟာ နွရောသီကျင်းပမယ့် ယူရိုပြိုင်ပွဲမွာ အင်္ဂလန်အတွက် မက်ဂွဲယားကစားမယ့်အခွင့်အေရးကို ထိခိုက်ဖို့မရွိပါဘူး။ ဒါပေမယ့် သူဟာ မန်ယူအသင်းရဲ့ရာသီနောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲကို လွျဲေခ်ာမွာဖြစ်ပြီး မေလ(၂၅)ရက် မန်စီးတီးနဲ့ကစားမယ့်အက်ဖ်အေဖလားဗိုလ်လုပွဲကိုလည်း ပါဝင်ကစားနိုင်ဖို့မသျေခာပါဘူး။ မန်ယူအသင်းမွာ မာတီနက်ဇ်၊ ဗာရန်း၊ လင်ဒီလော့ဖ်နဲ့ ကမ်ဘွာလာတို့ဒဏ်ရာရနေတာကြောင့် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ မက်ဂွဲယားနဲ့အတူ ဗဟိုခံစစ်မွာကစားခဲ့ရပါသေးတယ်။ အခုအခါ မက်ဂွဲယားပါ ဒဏ်ရာရထပ်ရတာကြောင့် ဒီညပဲလေ့စ်နဲ့ပွဲအတွက် မန်ယူအသင်းမွာဗဟိုခံစစ်ကစားသမားစစ်မရွိပါဘူး။ နောက်ခံလျူဂှန်နီအီဗန်စ်ဟာ သောကြာနေ့က လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာကြောင့် ဒီညပွဲမွာ ပါဝင်ကစားနိုင်ဖွယ်ရွိပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov အားလက်ခံတွေ့ဆုံ

မေ ၃၊ နေပြည်တော်

Read more