ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့်တွေ့ဆုံ

မေ ၁၄၊ ရန်ကုန်

Read more

အမေရိကန်နှင့်ထိုင်ဝမ်ရေတပ်များ ဧပြီလက ပစိဖိတ်သမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်မှုတိတ်တဆိတ်ပြုလုပ်ခဲ့

တိုင်ပေ၊မေ ၁၄

တရုတ်နိုင်ငံ၏အန္တရာယ်က တစ်စတစ်စမြင့်တက်လာနေချိန်၌ ထိုင်ဝမ်နှင့်အမေရိကန်ရေတပ်များသည် ပြီးခဲ့သည့်ဧပြီလက
ပစိဖိတ်သမုဒ္ဒရာတွင် မကြေငြာဘဲ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်လေးဦးထံမှသိရသည်။

ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်၌ တရုတ်၏စစ်ရေးလေ့ကျင့်မှုများတိုးမြင့်လုပ်ဆောင်နေချိန်၌ အမေရိက နှင့်ထိုင်ဝမ်တို့ကလည်း ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဝါရှင်တန်နှင့်တိုင်ပေဆက်ဆံရေးကို တရုတ်နိုင်ငံက ကန့်ကွက်မှုများကြောင့် ၎င်းတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်လေ့ကျင့်ရေးများသည် ရံဖန်ရံခါ၌ တရားဝင်ကြေငြာခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ရခြင်းများလည်းရှိတတ်သည်။

Read more

မွန်ပြည်နယ်ရှိ မျက်စိဝေဒနာရှင်များအား နိုင်ငံတော်စရိတ်ဖြင့် (၁၂)ရက်ကြာ ခွဲစိတ်ကုသပေးမည်

မွန်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား နိုင်ငံတော်စရိတ်ဖြင့် (၁၂)ရက်ကြာ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ယနေ့ မေလ (၁၄)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ခွဲစိတ်ကုသမှုအား ယခုလ မေ (၂၆)ရက်မှ ဇွန် (၅) ရက်အထိ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးသွားမည်ဖြစ်သည်။
ကုသပေးရာတွင် မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား အထူးကုသပေးမည်ဖြစ်ကာ ယခုလ မေ(၁၈)ရက် နောက်ဆုံးထား၍ မြို့နယ်ဆေးရုံတွင်ဖြစ်စေ နီးစပ်ရာကျန်းမာရေးဌာနတွင်ဖြစ်စေ အချိန်မီစာရင်းပေးသွင်းကြရန် အသိပေးထားသည်။

Read more

ပြင်သစ်လိဂ်ဂူးဝမ်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၅)နှစ်ဆက်ရရှိခဲ့တဲ့ အမ်ဘက်ပေ

(အားကစား) မေ ၁၄

PSG တိုက်စစ်မှူး ကီလီယန်အမ်ဘက်ပေဟာ ပြင်သစ်လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နောက်ဆုံး ငါးနှစ်ဆက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

အသက်(၂၅)နှစ်အရွယ်ကစားသမား ဘာပေအနေဖြင့် ယင်းဆုကို ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနှစ်များတွင် ငါးနှစ်ဆက် ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် COVID-19 ကြောင့် ပြိုင်ပွဲ ဖျက်သိမ်းခဲ့သဖြင့် ဆုချီးမြှင့်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

Read more

ပြိုင်ဘက်အပြောင်းလဲ ထပ်ဖြစ်ပြန်တဲ့ ​ဂျော့ရှုဝါဗန်

(အားကစား) မေ ၁၄

ဂျော့ရှုဝါဗန်​က လာမယ့် ဇွန်​လ(၁)ရက်​​နေ့မှာ ဂျပန်​ဖိုက်​တာ တက်​ဆူရို တိုင်​ရာနဲ့ပွဲစဉ် ပျက်ပြယ်သွားကြောင်းသိရပါတယ်။

UFC က ဂျပန်​ဖိုက်​တာ တက်​ဆူရို တိုင်​ရာကို UFC Fight Night ပြိုင်ပွဲမှာ ​ခေါင်​ပွဲစဉ်​အဖြစ်​ အဲလက် ပီရက်ဇ်နဲ့ ​​ပြောင်းလဲထိုးခိုင်းလိုက်​ပါတယ်​။

Read more

ရှုံးပွဲမရှိစံချိန်အား ဆက်ထိန်းထားတဲ့ နည်းပြအလွန်ဆိုရဲ့ လေဗာကူဆင်အသင်း

(အားကစား) မေ ၁၄

ယမန်နေ့က ကစားခဲ့တဲ့ ဘိုချန်အသင်းနဲ့ပွဲစဉ်မှာ နည်းပြအလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ ပွဲပေါင်း(၅၀)ဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဘိုချန်အသင်းဟာ ပွဲချိန် (၁၅)မိနစ်မှာတင် တစ်ယောက်ထုတ်ခံခဲ့ရတာကြောင့် လေဗာကူဆင်အသင်းအတွက် ကစားရ ပိုမိုလွယ်ကူခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့တာပါ။ ဒီပွဲစဉ်က ဘင်ဖီကာအသင်းရဲ့ (၄၈)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ပိုင်း စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဒုတိယမြောက်ပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရပ်မိရပ်များ၊ ပရဟိတအသင်းအဖွဲများ၊ NGO အဖွဲဝင်များ၊ လူငယ်ပါတီဝင်များနှင့်တွေ့ဆုံ

မေ ၁၃၊ ပြည်

Read more

ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်း အပြည့်အဝအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်အား ထောက်ခံသည့် ဆုံးဖြတ်ချက်ချမှတ်

မေ ၁၃

ကုလသမဂ္ဂအထွေထွေညီလာခံသည် ပါလက်စတိုင်း၏ အပြည့်အဝအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်အား ထောက်ခံသည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၌ မေလ ၁၀ ရက်တွင် အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၄၃ မဲနှင့် ကန့်ကွက်မဲ ကိုးမဲ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။ ဆန့်ကျင်သည့်နိုင်ငံများတွင် အမေရိကန်နှင့် အစ္စရေး တိုပါဝင်သည်။

Read more

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသာလျှင် သွေးထွက်သံယိုဖြစ်ပွားမှုကို တားဆီးနိုင်ကြောင်း ကုလသမဂ္ဂပြောကြား

မေ ၁၃

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှုရရှိရေးနှင့်ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေသော ကြားဝင် ညှိနှိင်းသူများသည် ၎င်းတို၏ တွေ့ဆုံဆွေးနွေးမှုများကို လတ်တလောတွင် ရပ်နားထားကြောင်း သိရသည်။

သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသာလျှင် နောက်ထပ်သွေးထွက်သံယိုဖြစ်ပွားမှုကို တားဆီး နိုင်ပြီး အလွန်လိုအပ်နေသော ထောက်ပံ့ကူညီမှုများကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း ကုသမဂ္ဂအကူအညီပေးရေး တာဝန်ရှိသူများက မေလ ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။

Read more