လေဗာကူဆင်ကို ဂိုးပြတ်နိုင်ပြီး ယူရိုပါလိဂ် ချန်ပီယံဖြစ်လာတဲ့ အတ္တလန်တာ

မေ ၂၃

မနေ့ညက ယူရိုပါလိဂ်ချန်ပီယံ ဗိုလ်လုပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနဲ့ လေဗာကူဆင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အတ္တလန်တာအသင်းက ဒီရာသီထဲ ဘွန်ဒစ်လီဂါပြိုင်ပွဲအစုံမှာ လုံးဝ ရှုံးပွဲမရှိသေးတဲ့ ချန်ပီယံ လေဗာကူဆင်အသင်းကို (၃-၀)ဂိုးရလဒ်နဲ့ အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဖလား ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

အတ္တလန်တာအသင်းကစားသမား လွတ်ခ်မန်းကလည်း ယူရိုပါလိဂ်ချန်ပီယံပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ပထမဉီးဆုံး အာဖရိက ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

Read more

တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ပိုချက်တီနိုကို အစားထိုးခန့်အပ်ရန် မန်ယူပရိသတ်များ တောင်းဆို

မန်ယူအသင်းပရိသတ်များသည် အသင်းနည်းပြ တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲခဲ့သည့် ပိုချက်တီနိုအား ၎င်း၏နေရာတွင် အစားထိုးခန့်အပ်ရန် အသင်းထံ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် မေလ (၂၁) ရက်တွင် အသင်းကိုတစ်ရာသီသာ ကိုင်တွယ်ရသေးသည့် နည်းပြ ပိုချက်တီနိုနှင့်လမ်းခွဲကြောင်း အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။

Read more

အိန္ဒိယ ပဲဝယ်လိုအား မြင့်တက်သဖြင့် ပဲစင်းငုံဈေး စံချိန်တင် အမြင့်ဈေးသို့ရောက်ရှိလာ

အိန္ဒိယ၏ ပဲဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပဲစင်းငုံ တစ်တန်ဈေး ကျပ် (၄၃) သိန်းအထက်ထိ စံချိန်တင်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်များတွင် ဖော်ပြထားသည့် ဈေးနှု န်းများအရ သိရသည်။

ပြီးခဲ့သည့် မေ (၁၇) ရက်တွင် ပဲစဉ်းငုံ( Red/ RC) တစ်တန်လျင် ငွေကျပ် ၄,၂၂၅,၀၀၀ ရှိရာမှ လက်ရှိရန်ကုန် ဈေးကွက်အတွင်း ပဲစင်းငုံ တစ်တန် (၄၃) သိန်းကျပ်အထက်သို့ ရောက်ရှိလာကြောင်း သိရသည်။

Read more

ကွန်ပနီကို နည်းပြခန့်အပ်ရန် ဘန်လေနှင့် ဘိုင်ယန်မြူးနစ် ဆွေးနွေး

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့အတွက် ဘန်လေအသင်းနဲ့ဆွေးနွေးလျက်ရှိပါတယ်။ နည်းပြကွန်ပနီဟာ အသင်းကို ကိုင်တွယ်ဖို့ဆန္ဒရှိတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက ယုံကြည်နေပြီး လျော်ကြေးငွေနဲ့ပတ်သက်လို့ နှစ်ဖက်သဘောတူညီမှုရရှိဖို့ ရည်မှန်းထားပါတယ်။ အသင်းကနေ ထွက်ခွာမယ့်နည်းပြတူချယ်နေရာမှာ အစားထိုးမယ့်နည်းပြရှာဖွေဖို့ ဘိုင်ယန်မြူးနစ်ရုန်းကန်နေရပါတယ်။ လေဗာကူဆင်နည်းပြအလွန်ဆို၊ ဂျာမနီနည်းပြနာဂယ်စ်မန်းနဲ့ သြစတြီးယားနည်းပြရန်းနစ်တို့ဟာ ဘိုင်ယန်နည်းပြရာထူးကို ငြင်းဆန်ခဲ့ပါတယ်။ နည်းပြကွန်ပနီဟာ ၂၀၂၃မှာ ဘန်လေအသင်းနဲ့(၅)နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆိုထားပေမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။ နည်းပြကွန်ပနီရဲ့ဘန်လေအသင်းဟာ ယခုရာသီပရီးမီးယားလိဂ်မှာ အဆင့်(၁၉)နေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပြီး တန်းဆင်းခဲ့ရပါတယ်။

Read more

ရုရှားနိုင်ငံ က နည်းဗျူဟာမြောက် နျူလက်နက်များပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်တော်သည့်အချိန် တွင် ပြုလုပ်မည်ဟု ပြောကြား

(နိုင်ငံတကာ) မေ ၂၃

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်လျော်သည့်အချိန်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က မေလ၂၀ ရက်က အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

Read more

အီရန်က သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်မည်

မေ ၂၂

အီရန်နိုင်ငံက ၁၄ ကြိမ်မြောက် သမ္မတရွေးကောက် ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်ရန် အီရန်အစိုးရက ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ခေတ္တသမ္မတ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားရေး ဆိုင်ရာဒုတိယဥက္ကဋ္ဌ၊ အီရန်ဖွဲ့စည်းပုံဆိုင် ရာ ကောင်စီနှင့် ပြည် ထဲရေးဝန်ကြီးဌာနတို့မှ ကိုယ်စား လှယ်များတက်ရောက်သည့် အစည်းအဝေး၌ သမ္မတရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို အတည်ပြုဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

Read more

လီဗာပူးနည်းပြရာထူးကို လျစ်လျူရှုရန်ခက်ခဲသည်ဟု အာနီဆလော့ ပြော

လီဗာပူးနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် နည်းပြအာနီဆလော့က ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲက တစ်သင်းမှာ အလုပ်လုပ်ဖို့အခွင့်အရေးကို လျစ်လျူရှုဖို့ခက်ခဲတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူအသင်းဟာ အသင်းကနေထွက်ခွာသွားတဲ့ နည်းပြကလော့ပ်နေရာမှာ ဖီယင်နုနည်းပြဆလော့ကို အစားထိုးခန့်အပ်လိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးနည်းပြသစ်ဆလော့ဟာ အသင်းကို ၂၀၂၄ ဇွန်လ(၁)ရက်မှာ အသင်းကိုစတင်ကိုင်တွယ်မှာဖြစ်ပါတယ်။ ဆလော့ကို နည်းပြခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တိုက်စစ်မှူးဆာလက်ကလည်း လာမည့်ရာသီအန်ဖီးလ်မှာ ဆက်နေဖွယ်ရှိပါတယ်။

======

Read more

ကိုရီးယားရောက် မြန်မာလုပ်သားများအနေဖြင့်ကျွမ်းကျင်လုပ်သား ဗီဇာပြောင်းလဲ လျှောက်ထားနိုင်

ကိုရီးယားနိုင်ငံသို့ E -9 Visa ဖြင့် သွားရောက်သည့် မြန်မာလုပ်သားများအနေဖြင့် ကိုရီးယားအစိုးရက သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ကို ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက
အသိပေးထားသည်။

Read more