ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအားတိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော

(နိုင်ငံတကာ) မေ ၂၆

ပင်လယ်နီ အာရေဗျပင်လယ်နှင့် မြေထဲပင်လယ်တို့အပါအဝင် ဒေသတွင်းရှိ ရေကြောင်းသွားလာရေး လမ်းကြောင်းအတွင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် ဟူသီသူပုန်များအား အာရေဗျ ပင်လယ်ကို ကူးဖြတ်နေသည့် အစ္စရေး အလံလွှင့်ထူထားသောကုန်တင်သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်များဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

Read more

ချန်ပီယံရှစ် Play-Offsဗိုလ်လုပွဲ၌ ဆောက်သမ်တန်အနိုင်ရပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရ

တနင်္ဂနွေညမှာ ကစားခဲ့တဲ့ အင်္ဂလန်ချန်ပီယံရှစ် Play-Offs ဗိုလ်လုပွဲမှာ ဆောက်သမ်တန်အသင်းက လိဒ်စ်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိသွားပါတယ်။
အခုပွဲမှာ လိဒ်စ်ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် ဆောက်သမ်တန်အသင်းက ပွဲချိန်၂၄မိနစ်မှာ တိုက်စစ်မှူး အမ်းစ်ထရောင်းရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရခဲ့တာပါ။
ဆောက်သမ်တန်အသင်းဟာ ၂၀၂၂-၂၀၂၃ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပေမယ့် တစ်ရာသီအကြာမှာပဲ အခုလို တန်းတက်ခွင့်ပြန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

=======

Read more

မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ဆုရှင်များ

(အားကစား) မေ ၂၄

မန်ယူအသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအဖြစ် ပေးအပ်တဲ့ (ဆာ မတ်ဘတ်စ်ဘီဆု) ကိုတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ရရှိသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့ရတယ်ဆိုပေမယ့် ဘရူနိုကတော့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ကစားခွင့်ရတဲ့ပွဲတိုင်းမှာ ကြိုးစားအားထုတ်ကစားပေးထားနိုင်ခဲ့တာ တွေ့ရပါတယ်။

Read more

တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၈၀၀ ဦးကျော်ပို့ဆောင်

တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ်ငါးလတာကာလအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၈၃၉ ဦး ပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်။
အဆိုပါမြန်မာလုပ်သားများထဲတွင် ကုန်ထုတ်လုပ်သားသစ် ၁,၇၂၅ ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သား ၅၇ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ် ၅၇ ဦး စုစုပေါင်း ၁၈၃၉ ဦးပါဝင်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားများကိုခေါ်ယူရာတွင် အသက်(၁၈) နှစ်မှ (၃၉) နှစ် အတွင်းရှိ အမျိုးသားလုပ်သားများသာခေါ်ယူပြီး ယခု ၂၀၂၄ ခုနှစ်တွင်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပညာအရည်အချင်းသတ်မှတ်ကာ အမျိုးသမီးလုပ်သားများကို ပထမဆုံးခေါ်ယူခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် အချိန်နှစ်နှစ်နီးပါး ကြာမည်ဖြစ်ပြီး အလုပ်ခေါ်စာကျပါက လျှင်မြန်စွာသွားရောက်နိုင်ကြောင်း EPS – TOPIK သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Read more

အမေရိကန်၏ စတုတ္ထအကြီးဆုံးဘဏ်က စီးပွား ရေးပြိုလဲပျက်စီးမှုကို သတိပေး

မေ ၂၄

BRICS စီးပွားရေးမဟာမိတ်မှ ဖြစ်ပေါ်လာသော ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများကြားတွင် အမေရိကန်၏ စတုတ္ထအကြီးဆုံးဘဏ်က မကြာမီ စီးပွားရေးပြိုလဲပျက်စီးတော့မည်ဖြစ်ကြောင်း သတိ ပေးခဲ့သည်။ အထူးသဖြင့်၊ Citigroup ၏အမေရိကန်စီးပွားရေးပညာရှင်အကြီးအကဲ Andrew Hollenhorst သည် အမေရိကန်ပြည်ထောင်စုအတွက် စီးပွားရေးမတည်ငြိမ်မှုများနှင့်ပတ်သက်၍ ၎င်း၏စိုးရိမ်ပူပန်မှုများကို CNBC နှင့် စကားပြောဆိုထားသည်။

Read more

မြန်မာဂေါက်သီးရိုက် ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ်ကစားသမားက လေ့ကျင့်သင်ကြားပေးနေ

Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက် ကစားသ မားများကိုထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tan apat Pichaikool က သင်ကြားပြသပေးလျက်ရှိ​နေသည်။

အဆိုပါ Southeast Asian Amateur Golf Team Champi onship 2024 ပြိုင်ပွဲကို ဇူလိုင် (၉) ရက်မှ (၁၂)ရက်အထိ စင်ကာပူနိုင်ငံ Seletar Country Club ၌ ကျင်းပမည်ဖြစ်သည်။

Read more

၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်

၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင် ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ်ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူဦးကြီးများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိသည်။ တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read more