Year: 2026
နိုင်ငံရေးပါတီ (၂၅) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆)ရက် ၂၀၂၄ ခုနှစ်၊ မေလ ( ၂၈) ရက်





Read more
လာမည့်နွေရာသီတွင် မန်စီးတီးမှ နည်းပြဂွါဒီယိုလာ ထွက်ခွာဖွယ်ရှိ

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့(၈)နှစ်ခန့်က မန်စီးတီးကို ဂွါဒီယိုလာရောက်ရှိလာခဲ့ပြီးနောက် အသင်းကို ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်၊ အက်ဖ်အေဖလား(၂)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဂွါဒီယိုလာရဲ့မန်စီးတီးနဲ့စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး အသင်းတာဝန်ရှိသူတွေက စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် နည်းပြဂွါဒီယိုလာအနေနဲ့ လာမယ့်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရွေးချယ်သွားမှာကို မန်စီးတီးအသင်း စိုးရိမ်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။
Read moreထွန်းမင်းအောင် ONE Friday Fight 65 တွင် ရုရှားဖိုက်တာနှင့် ထိုးသတ်မည်

မြန်မာ့ရိုးရာ လူငယ်လက်ဝှေ့သမား ထွန်းမင်းအောင်သည် ONE Friday Fight 65 တွင် ရုရှားဖိုက်တာ ဒီမီထရီခီရိဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ONE Friday Fight 65 ပြိုင်ပွဲကို မေ (၃၁) တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမဏ္ဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
Read moreISTAF WORLD CUP 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း တတိယရ

ISTAF WORLD CUP 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း တတိယဆု ရရှိခဲ့ကြောင်း သိရသည်။
ထိုပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Sport Complex Stadium TATAWANGSAတွင် မေ၁၈ မှ ၂၆ အထိကျင်းပခဲ့ခြင်း ဖြစ်သည်။
အောင်ပွဲရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းကို ယနေ့နေ့လည်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအား/ကာမှတာဝန်ရှိသူများမှ အားကာသိပ္ပံမှ ကျောင်းသားကျောင်းသူများမှ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကိုပါအမေရိကပြိုင်ပွဲတွင် ဆုကြေးငွေများ တိုးမြှင့်

လာမည့်ဇွန်လတွင် စတင်ကျင်းပမည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဆုကြေးငွေများ တိုးမြှင့်ထားပြီး ချန်ပီယံဆုရရှိသည့်အသင်းအနေဖြင့် ဆုကြေး ဒေါ်လာ(၁၆)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအတွက် စုစုပေါင်းဆုကြေး ဒေါ်လာ(၇၂)သန်း အသုံးပြုသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်အသင်းတိုင်း ဒေါ်လာ(၂)သန်းစီ ရရှိမည်ဖြစ်သည်။
၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် တစ်သင်းလျှင် (၂)သန်းစီဖြင့် (၃၂)သန်း အသုံးပြုမည်ဖြစ်ပြီး ကျန်သန်း(၄၀)ကို ဆုကြေးအဖြစ် ထပ်မံချီးမြှင့်မည်ဖြစ်သည်။
Read more

















