အိန္ဒိယတွင် အပူလှိုင်းကြောင့် ၃ ရက်အတွင်း ၅၀ ကျော်သေဆုံး

ဇွန် ၃

အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဝင်ရောက်မှုကြောင့် ၃ ရက်အတွင်း ပြည်သူ ၅၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် သီတင်းအပတ်ကုန်က အပူလှိုင်းကြောင်း လူပေါင်း ၃၃ ဦးအထိသေဆုံးခဲ့ပြီး ဩဋိသာပြည်နယ်တွင်လည်း ၂၀ ဦးခန့် သေဆုံးခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားသို့ တက်ရောက်

ဇွန် ၁၊ ရန်ကုန်

Read more

ပိုရီယေးကို ချုပ်ကွက်ဖြင့် အနိုင်ရတဲ့ အစ္စလာမ်မာခါချက်ဗ်

အမေရိကန်နိုင်ငံ နယူးဂျာစီတွင်ကျင်းပခဲ့သည့် UFC 302 လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် လက်ရှိချန်ပီယံရုရှား MMA ကစားသမား အစ္စလာမ်မာခါချက်ဗ်က စိန်ခေါ်သူအမေရိကန် MMA ကစားသမား ဒပ်စတင်ပိုရီယေးကို ပဉ္စမချီ (၂)မိနစ်၊ (၄၂) စက္ကန့်တွင် ချုပ်ကွက်ဖြင့်အနိုင်ယူခဲ့ကြောင်းသိရသည်။
အသက် (၃၂) နှစ်အရွယ်ရှိ အစ္စလာမ်မာခါချက်ဗ်သည် UFC လိုက်ဝိတ်တိန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို (၃) ကြိမ်မြောက်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ (၂၇)ပွဲထိုးသတ်ရာတွင် (၂၆) ပွဲနိုင်၊ (၁) ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားသည်။
Photos: UFC

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဒုတိယဥက္ကဌ(၃)ဦးမျိုးဇော်သိန်းနှင့် စကားဝိုင်းဖွဲ့ ပြောကြား

မန္တလေး မေ ၃၁

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဗဒုတိယဥက္ကဌ(၃)ဦးမျိုးဇော်သိန်းမှ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ၊မြို့နယ်များမှ အထောက်အကူပြု အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အပြန် အလှန် စကားဝိုင်းဖွဲ့ ပြောကြားခဲ့ပါသည်။
ထိုသို့ စကားဝိုင်းဖွဲ့ ပြောကြားရာသို့ ပါတီ ဒုတိယဥက္ကဌ(၃)ဦးမျိုးဇော်သိန်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အောင်မြေသာစံခရိုင်၊မဟာအောင်မြေခရိုင်၊အမရပူရခရိုင်တို့မှ ခရိုင်ဥက္ကဌများ၊အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရမြို့နယ်တို့မှ မြို့နယ်ဥက္ကဌများ၊မြို့နယ်များမှ အထောက် အကူပြုအဖွဲ့ဝင်များ၊စုစုပေါင်း အင်အား ၃၅ဦး တက်ရောက်ခဲပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပဉ္စမအကြိမ်မြောက် “စာဖတ်ရှိန်မြှင့်တင်ရေး(Book Review Section)” အစီအစဉ်ကျင်းပပြုလုပ်

မေ ၃၁၊ နေပြည်တော်

Read more

ဒေါ့မွန်ကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို ရီးရဲလ်မက်ဒရစ် ၁၅ကြိမ်မြောက် ရရှိ

ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းကို အနိုင်ရပြီးနောက် အသင်းသမိုင်းတစ်လျှောက် ၁၅ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားကို ရရှိသွားခဲ့ပါတယ်။ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲ ပထမပိုင်းမှာ ဒေါ့မွန်အသင်းကစားပုံပိုကောင်းခဲ့ပေမယ့် ရီးရဲလ်အသင်းက ဒုတိယပိုင်းမှာ ဂိုးတွေသွင်းယူသွားခဲ့ပြီး ချန်ပီယံဆုဖလားကို ရရှိသွားခဲ့တာဖြစ် ပါတယ်။ ရီးရဲလ်အသင်းအတွက်တော့ ထိုက်တန်တဲ့ချန်ပီယံဆုဖလားဖြစ်ခဲ့သလို အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်အတွက်လည်း ရီးရဲလ်ကစားသမားဘဝ ပထမဆုံးရာသီမှာ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ရီးရဲလ်ကစားသမားဘဝ နောက်ဆုံးပွဲ အဖြစ်ပါဝင်ကစားပေးခဲ့တဲ့ တိုနီခရူးစ်အတွက်လည်း ချန်ပီယံလိဂ်ဆုဖလား ၆ ကြိမ်ရတဲ့ မှတ်တမ်းနဲ့ ကစားသမားဘဝကို နှုတ်ဆက်ခွင့်ရသွားခဲ့တာလည်းဖြစ်ပါတယ်။

Read more

အာတီတာအား လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ် စီစဉ်

အာဆင်နယ်အသင်းသည် အသင်းနည်းပြ အာတီတာအား လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

အာတီတာ(၄၂ နှစ်)သည် အာဆင်နယ်အသင်းကို ပြီးခဲ့သည့်(၂)ရာသီဆက် ပရီးမီးယားလိဂ်တွင် ဒုတိယရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

အာဆင်နယ်အသင်းနှင့်ချုပ် ဆိုထားသည့် ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၅ ဇွန်လကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အာတီတာ၏စွမ်းဆောင်မှုများကြောင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

Read more

နိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်လာစေရန် ခရီးသွားကဏ္ဍတွင် ဖြေလျှော့မှုများ ထိုင်းလုပ်ဆောင်

ထိုင်းအစိုးရသည် နိုင်ငံ၏အရေးပါသည့် ခရီးသွားလုပ်ငန်းတိုးတက်လာစေရန် ရက်ရှည်နေထိုင်ခွင့် ဗီဇာများ ထုတ်ပေး၍ ခရီးသွားကဏ္ဍတွင် ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှေးကွေးနေစဉ် အစိုးရအဖွဲ့က နိုင်ငံခြားသားခရီးသည်များ၊ အလုပ်သမား များနှင့် ပြည်ပမှ ကျောင်းလာတက်သူများအား နိုင်ငံအတွင်း၌ ကာလရှည်ကြာနေထိုင်ခွင့်ပြုရန် မေလ ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Read more