အပြောနဲ့မဟုတ်လက်တွေ့စည်းရုံးရန်လိုအပ်ကြောင်း၊ပြည်သူလူထုကို လမ်းမှန်ရောက်အောင်၊အမှန်တရားကို နားလည်သိရှိလာအောင် စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကျောက်ပန်းတောင်းမြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကျေးအဖွဲ့ကော်မတီများ၊လူငယ်နှင့်အမျိုးသမီးပါတီဝင်များအားပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှာကြား

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပသည့် International Interparty “BIRCS and Partner Countries Forum” တက်ရောက်ရန်ထွက်ခွာ

Read more

နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ဘာပဲလုပ်လုပ် ပြည်သူကိုဗဟိုပြုပြီးလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ပြောကြား

Read more

မန်ယူနည်းပြအဖြစ် ဆက်ရှိနေမယ့် တန်ဟတ်

ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းကို ရလဒ်ကောင်းရရှိအောင် လုပ်ဆောင်မပေးနိုင်ခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း မန်ယူအသင်းဟာ တန်ဟတ်ကို နည်းပြအဖြစ် ဆက်ခန့်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
နည်းပြတန်ဟတ်လက်ထက် မန်ယူအသင်း ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာနဲ့ ပြီးဆုံးခဲ့ပေမယ့် မန်စီးတီးအသင်းကို အနိုင်ရပြီး အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီအကုန်မှာပဲ မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေက နည်းပြ တန်ဟတ်ရဲ့အနာဂတ်ကို ဆုံးဖြတ်နေကြတာဖြစ်ပြီး အခုအချိန်မှာ တော့ အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ နည်းပြတန်ဟတ်တို့ရဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ကိုလည်း ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

Read more

ကလပ်ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီး ရီးရဲလ် ကြေညာ

လာမယ့်(၂၀၂၅) ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖွယ်မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ဆန္ဒရှိတယ်လို့ ဇွန်လ(၁၀)ရက်က တရားဝင် ကြေညာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖွယ်မရှိတဲ့ ပုံစံမျိုးပြောခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ရီးရဲလ် မက်ဒရစ်အသင်းဘက်က အခုလိုမျိုး ကြေညာခဲ့ရတာပါ။
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာမယ့်ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အောင်မြင်မှုရရှိအောင် ကစားသွားမှာဖြစ်တယ်လို့ ကလပ်အသင်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။ (၂၀၂၅) ကလပ်ကမ္ဘာ့ဖလာ ပြိုင်ပွဲဟာ အရင်က တိုက်ကြီး(၇)တိုက်ရဲ့ချန်ပီယံ အသင်း(၇)သင်းပဲ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာ အသင်းပေါင်း (၃၂)သင်းအထိ ဖြစ်လာတာကြောင့် ကစားရမယ့်ပွဲစဉ်တွေ များပြားလာ တဲ့အတွက် ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

Read more

5 G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နေရာအချို့တွင် ဇွန်လအတွင်း အသုံးပြုနိုင်တော့မည်ဟု MPT ထုတ်ပြန်

MPT က 5G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ သတ်မှတ်ထား သည့် နေရာအချို့တွင် ဇွန်လအတွင်း စတင် စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဇွန် ၁၀ ရက်တွင် MPT က ထုတ်ပြန်ခဲ့သည်။

Read more

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများဝင်ရောက်ယှဉ်ပြိုင်မယ့် Asean University Games

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကြီးကို (၂)နှစ်တစ်ကြိမ်ကျင်းပခဲ့တာ အခုဆို(၂၁)ကြိမ်မြောက်ပြီဖြစ်ပါတယ်။(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကြီးကို ဇွန်လ(၂၅)ရက်မှ ဇူလိုင်လ(၆)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပသွားမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို အာဆီယံဒေသတစ်ဝှမ်းက အားကစားသမားတွခေါ်ယူကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း ပိုက်ကျော်ခြင်းအားကစားကိုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအနေနဲ့လည်း ဇွန်လဆန်းထဲက သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံမှာ လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
ယှဉ်ပြိုင်ကြမယ့်အားကစားသမားတွေက အသက်(၂၇)နှစ်အောက် လက်ရွေးစင်လူငယ်အားကစားသမားတွေဖြစ်ပြီး ၂ယောက်တွဲ၊ ၃ယောက်တွဲ၊ ၄ယောက်တဲ့စတဲ့ ကစားနည်းတွေနဲ့ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

===========

Read more