လာမည့် ဇူလိုင်(၇)ရက်တွင် ရှုံးပွဲမရှိ စံချိန်ရှင် ရိုးရာဖိုက်တာကျော်စွာဝင်း နှင့် အမေရိကန် MMA ဖိုက်တာ Brett Pastore တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇူလိုင်(၇)ရက်၌ The Great Lethwei က ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ်တွင် ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပစ်စတို တို့ ခေါင်တွဲဆိုင်းအနေဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် ရိုးရာလက်ဝှေ့ပွဲစဉ်များအတွင်း ရှုံးပွဲမရှိသူတစ်ဦးဖြစ်ကာ လက်ရှိတွင် M2K ကလပ်ကို ကိုယ်စားပြုကစားနေသူဖြစ်သည်။
ပြိုင်ဘက်ဖြစ်သူ MMA ဖိုက်တာ အမေရိကန်နိုင်ငံသား ဘရတ်ပစ်စတို မှာ အသက် (၂၉)နှစ်အရွယ်ရှိသူဖြစ်ကာ MMA ပွဲစဉ်တွင်( ၄) ပွဲနိုင် (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး One Championship ပွဲစဉ်တွင် (၂) ပွဲထိုး (၂)ပွဲရှုံး ရလဒ် ထွက်ထားသူဖြစ်သည်။
၎င်းသည် လက်ရှိ Tiger Muay Thai Club ကိုယ်စားပြု ကစားသမားတစ်ဦးဖြစ်သည်။

Read more

စတိဗ်ကော့ပါးကို အသင်းနည်းပြသစ်အဖြစ် လက်စတာ ခန့်အပ်

လက်စတာအသင်းဟာ နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်း စတိဗ်ကော့ပါးကို (၃)နှစ်စာချုပ်နဲ့ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ စတိဗ်ကော့ပါးဟာ ယခုနွေရာသီအစောပိုင်းမှာ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တဲ့ အန်ဇိုမာရက်စ်ကာနေရာမှာ လက်စတာနည်းပြအဖြစ် အစားထိုးခန့်အပ်ခံခဲ့ရတာပါ။ ကော့ပါးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ စတိဗ်ကော့ပါးက လက်စတာအသင်းနည်းပြအဖြစ်ခန့်အပ်ခံရတဲ့အတွက် စိတ်လှုပ်ရှားပြီး ဂုဏ်ယူမိတယ်လို့ အသင်းဝက်ဘ်ဆိုက်ဒ်ကနေ ပြောကြားခဲ့ပါတယ်။

+++++++++++++++++++++++++

Read more

မိတ္ထီလာမြို့၊စက်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသုံးစာရေး ကရိယာများ လှူဒါန်းပွဲသို့မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းတက်ရောက်လှူဒါန်း

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ နှင့် United Russia ပါတီတို့အကြား Cooperation Agreement လက်မှတ်ရေးထိုး

ဘလာဒီဗော့စတော့ခ်၊ ဇွန် ၂၁
ရုရှားနိုင်ငံ ဘလာဒီဗော့စတော့ခ်မြိုတွင် ဇွန်လ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပပြုလုပ်ခဲ့သည့် World Majority for a Multipolar World ဖိုရမ်သို မြန်မာနိုင်ငံမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ ဖိုရမ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် ရုရှားဘက် United Russia ပါတီတို့အကြား Cooperation Agreement တစ်စောင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Read more

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူ အူထိုင်းသနီအသင်းနှင့် စာချုပ်သက်တမ်းတိုး

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူအနေဖြင့် ထိုင်းနိုင်ငံပြည်တွင်း ကလပ်တစ်ခုဖြစ်သော အူထိုင်းသနီအသင်းနှင့် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုလိုက်ကြောင်း သိရသည်။
အူထိုင်းသနီအသင်းသည် လာမည့် ထိုင်းလိဂ်-၁ ကလပ် အသင်းတစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီအတွက် မြန်မာတိုက်စစ်မှူး အောင်သူအား သက်တမ်းတိုး ခေါ်ယူလိုက်ခြ င်းဖြစ်သည်။
အူထိုင်းသနီ အသင်းသည် မြန်မာကစားသမား တိုက်စစ်မှူး အောင်သူ အပါအဝင် ကစားသမား (၆) ဦးကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
မြန်မာတိုက်စစ်မှူး အောင်သူအနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း အူထိုင်းသနီအသင်းနှင့် (၃၁)ပွဲ ပါဝင်ကစားထားပြီး (၄) ဂိုးသွင်းခဲ့ကာ ဂိုးဖန်တီးပေးမှု(၂)ကြိမ် စွမ်းဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

Read more

တရုတ်နျူကလီးယားစွမ်အင်သုံး ရေငုတ်သင်္ဘော ထိုင်ဝမ်အနီးတပ်ဖြန့်ထား

ဇွန် ၁၉

တရုတ်ရေတပ်၏ နျူကလီးယားစွမ်အင်သုံး ရေငုတ်သင်္ဘော ထိုင်ဝမ်အနီးတပ်ဖြန့်ထားကြောင်း ထိုင်ဝမ်မီဒီယာများက ဖော်ပြထားသည်။

ထိုင်ဝမ်ကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းနှင့် ၁၂၅ မိုင်အကွာတွင် ရှိနေကြောင်း ငါးဖမ်းစက်လှေများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများအား ထိုင်ဝမ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Read more

မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် သဘောတူညီမှုရရန် မလွယ်ကူကြောင်း အသင်းနည်းပြ တန်ဟက်ဂ် ဝန်ခံ

FILE PHOTO: Soccer Football – Premier League – Manchester United v Crystal Palace – Old Trafford, Manchester, Britain – February 4, 2023 Manchester United manager Erik ten Hag REUTERS/Phil Noble/File Photo

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် သဘောတူညီမှုရရန် မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။

Read more

နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့သည့် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ လေ့ကျင့်ခန်းပြန်ဆင်း

သြစတြီးယားနဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုး ဒဏ်ရာရခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် နှာခေါင်းရိုး ကျိုးဒဏ်ရာကို ပလာစတာကပ်ပြီး ဇွန်လ ၁၉ ရက်က အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြောင်း သိရပါတယ်။

နှာခေါင်းဒဏ်ရာက ကြီးမားတဲ့အတွက် နောက်ထပ် ၁၀ ရက် အနည်းဆုံးအနားယူရနိုင်ကြောင်း ပြင်သစ်အသင်း ဆရာဝန်ဟောင်းက မှတ်ချက်ပေးခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာပါ။

Read more