ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်း အောင်ပွဲခံသည့် အခမ်းအနားတွင် ဂျီဘရော်တာနိုင်ငံကို ပြစ်တင်ဝေဖန်သည့် သီချင်းသီဆိုသည့်အတွက် ဥရောပဘောလုံး အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးနေ

စပိန်အသင်း ကစားသမားနှစ်ဦးဖြစ်သည့် တိုက်စစ်မှူး မိုရာတာနှင့် ကွင်းလယ်ကစားသမား ရိုဒရီတို့သည် ယူရို ၂၀၂၄ ချန်ပီယံဆုဖလားနှင့် အောင်ပွဲခံသည့် အခမ်းအနားတွင် ဂျီဘရော်တာနိုင်ငံကို ပြစ်တင်ဝေဖန်သည့် စာသားများပါဝင်သော သီချင်းသီဆိုခဲ့သည့် အတွက် ဥရောပဘောလုံး အဖွဲ့ချုပ်က စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။

Read more

သမ္မတအဖြစ် ဝင်ရောက်အရွေးခံတော့မည်မဟုတ်ဟု ဘိုင်ဒင်ကြေညာ

အမေရိကန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖို့နှင့် ပြန်လည်အရွေးခံရန် မရည်ရွယ်‌တော့ကြောင်း သမ္မတဘိုင်ဒင်က ကြေညာလိုက်သည်။
“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ။ ပြန်အရွေးခံဖို့ ရည်ရွယ်ချက်ရှိပေမယ့် လက်ရှိတာဝန်တွေကိုသာ အာရုံစိုက်ဖို့က ငါ့ပါတီနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ထပ်ပြီး အရွေးမခံတော့ပဲ ကျန်ရှိနေတဲ့ သမ္မတတာဝန်တွေကိုပဲ ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ” ဟု သူ၏ X စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
သူ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ယခုသီတင်းပတ်နှောင်းပိုင်းတွင် နိုင်ငံသို့ အသေးစိပ် ကြေညာသွားမည်ဟုလည်း ကတိပြုခဲ့သည်။ အမေရိကန်သမ္မတအဖြစ် သူ၏အောင်မြင်မှုများကိုလည်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်းဌာနများနှင့် အလွတ်သဘောတွေ့ဆုံ

 

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ဇူလိုင် ၂၀၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သော အဖွဲ့ဝင် (၉)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့ထိ လေ့လာရေးခရီးသွားရောက်ရန် ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် လေယာဉ်အမှတ် – 9642၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့သည်။
လေ့လာရေးခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်အတူ ပြည်သူ့ပါတီ၊ ရခိုင်ဦးဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့မှ အဖွဲ့ဝင်များ လိုက်ပါသွားခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။

Read more

ရီးယဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူးသစ် အမ်ဘာပေကို တရားဝင်မိတ်ဆက်

(အားကစား) ဇူလိုင် ၁၇
ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်း၏ တိုက်စစ်မှူးသစ် အမ်ဘာပေ၏ တရားဝင် မိတ်ဆက်ပွဲ အခမ်းအနားအား ဘာနေဗျူးကွင်းတွင် ကျင်းပပြုလုပ်ခဲ့‌‌‌‌ကြောင်းသိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်း၏ဂန္ထ၀င်ကစားသမားဟောင်း စီရော်နယ်လ်ဒို (၂၀၀၉ ခုနှစ်)ကဲ့သို့ပင် အမ်ဘာပေ၏ မိတ်ဆက်ပွဲအား ခမ်းနားထည်ဝါစွာကျင်းပခဲ့ပြီး ပရိသတ် (၈၀၀၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။

ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကလပ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ တရားဝင်စာချုပ် ချုပ်ဆိုပြီး အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Read more

ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲသို့ ပါတီဗဟို အလုပ်အမှုဆောင်၊​ တောင်သူလယ်သမား ရေးရာတာဝန်ခံ ဦးအောင်တင်မြင့် တက်ရောက်

ကျုံပျော် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ (၁၆-၇-၂၀၂၄) နံနက် (၀၉:၃၀) နာရီအချိန်တွင်ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲသို့ တက်ရောက်လာသောပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ
ဦးအောင်တင်မြင့်မှ တိုင်း၊ခရိုင်၊မြို့နယ် ကော်မတီများအားတွေ့ရှိရသည့် အတွက် လေးစားအသိအမှတ်ပြုပါကြောင်း၊လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်ခိုင်ဖြိုးပါတီ၏ရပ်တည်ချက်၊ မူဝါဒ သဘောတရားများကိုရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာသောခရိုင်ဥက္ကဌ၊မြို့နယ်ဥက္ကဌများ၏ ခရိုင်တွင်းလှုပ်ရှားဆောင်ရွက်မှု၊မြို့နယ်တွင်းလှုပ်ရှားဆောင်ရွက်မှုများကိုတင်ပြကြရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မှလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် ကျုံပျော်ခရိုင်ပါတီဥက္ကဌ၊မြို့နယ်ပါတီဥက္ကဌတို့မှပါတီဝင်(၂၀၀)ဦးအတွက် ပထမအကြိမ်နှစ်စဉ်ကြေးပေးသွင်းရာ တိုင်းပါတီ ကော်မတီဝင် ဒေါက်တာထိန်ဝင်း(ကျုံပျော်ခရိုင်တာဝန်ခံ)၊ဦးသန်းထွန်း (စည်းရုံးရေးရာတာဝန်ခံ)၊ဦးအောင်မြင့်သ်န်း(မီဒီယာတာဝန်ခံ)တို့မှလက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ပါတီဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့်၊တိုင်းကော်မတီဝင်ဒေါက်တာထိန်ဝင်း (ကျုံပျော်ခရိုင် တာဝန်ခံ)၊ဦးသန်းထွန်း၊ ဦးအောင်မြင့်သိန်း၊ ကျုံပျော်ခရိုင်ပါတီဥက္ကဌဦးမြင့်ကြိုင်နှင့်အတွင်းရေးမှူး၊မြို့နယ်ပါတီဥက္ကဌဦးထွန်းထွန်းဦး၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊စုစုပေါင်း (၂၇)ဦးတက်ရောက်ကြကာ နံနက်(၀၉:၄၅)နာရီတွင်ပြီးဆုံးခဲ့ပါသည်။

Read more

ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတလောင်းကိုကြေညာ

(နိုင်ငံတကာ) ဇူလိုင် ၁၆

အမေရန်ကန်၏ သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်လ်ထရမ့် ဂျူနီယာသည် ၎င်း၏ ဒုတိယသက်တမ်းအနိုင်ရပါက ဒုတိယသမ္မတလောင်းအား JD Vance အား ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Vance သည် ယခင်က အီရတ်စစ်ပြန် အမေရိကန်စစ်သားဟောင်းတစ်ဦးဖြစ်ပြီး စစ်သတင်းထောက်တစ်ဦးလည်းဖြစ်သည်။

Read more