Year: 2026
ရွေးကောက်ပွဲအောင်နိုင်ရေးသည် ပါတီအတွက် အရေးကြီးဆုံးလုပ်ငန်းရပ်ဖြစ်သော်လည်း “ နိုင်ငံရေးနှင့် နိုင်ငံ့အရေးယှဉ်လာလျှင် နိုင်ငံ့အရေးသည် ဦးစားပေး(၁) ဖြစ်သည် “ ဟု ခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ပြောကြား



ပဲခူး ဇူလိုင် ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တိုင်းပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း တို့နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်တာဝန်ရှိသူများက နယ်မြေဒေသ အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး ပါတီဗဟိုအလုပ် အမှုဆောင်နှင့်တိုင်းပါတီဥက္ကဋ္ဌတို့မှလည်း လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌသည် အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့်အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး လိုအပ်သည့်အချက်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆော်ဒီပရိုလိဂ်၌ လစာအများဆုံးရရှိနေတဲ့ စီရော်နယ်လ်ဒို

နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် လစာအများဆုံးရရှိသည့်ကစားသမားအဖြစ် ရပ်တည်နေပြီး ဒုတိယနေရာတွင် ပူးတွဲရပ်တည်နေကြသည့် ဘန်ဇီမာနှင့် နေမာတို့ထက် (၂) ဆပိုများနေကြောင်း သိရှိရသည်။
အသက် (၃၉) နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ၂၀၂၃ ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့သည်။
အယ်လ်နာဆာအသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ကမ္ဘာကျော်ကစားသမားများကို ခေါ်ယူခဲ့သည်။
Read moreမအောင်မြင်တဲ့ ထရမ့်လုပ်ကြံခံရမှုအတွက် အမေရိကန် အထူးတပ်ဖွဲ့ခေါင်းဆောင်နှုတ်ထွက်

အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် အမေရိကန် အထူးတပ်ဖွဲ့(secret service)၏ ညွှန်ကြားရေးမှူး Kimberly Cheatle ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
မအောင်မြင်သည့် လုပ်ကြံမှုအပြီးတွင် ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ်လွှတ်တော်အမတ်များမှ Cheatle အား လွှတ်တော်ကြားနာမှုအပြီးတွင် ရာထူးမှနှုတ်ထွက်ရန် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
Read moreမြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ပဲရစ်အိုလံပစ်ယှဉ်ပြိုင်ရန် ပြင်သစ်နိုင်ငံသို့ ထွက်ခွာ

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာဟာ ပဲရစ်အိုလံပစ် ပြိုင်ပွဲအတွက် ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့သို့ မနေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။
သက်ထားသူဇာက ဇူလိုင်လ(၂၇)ရက်တွင် ကမ္ဘာ့အဆင့် (၃၁)ရှိ ကနေဒါကြက်တောင်မယ် မီရှယ်လီ၊ ကမ္ဘာ့အဆင့် (၅)ရှိသည့် ဂျပန်ကြက်တောင်မယ် ယာမာဂူချီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲဝင်ရောက်ကစားကြမည့် အုပ်စု(၁၆)စု ရှိသည့်အနက် အုပ်စု (C) တွင် သက်ထားသူဇာ ပါဝင်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။
Read more






















