Year: 2026
ဘိုလော့နာ နောက်ခံလူ ကာလာဖီအိုရီကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းဟာ ဘိုလော့နာအသင်းက အီတလီနောက်ခံလူ ကာလာဖီအိုရီကို add-on ကြေးအပါအဝင် ပေါင်(၄၂)သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက်(၂၂)နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကာလာဖီအိုရီဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ်(၃၃)ဂျာစီကို ဝတ်ဆင်မှာဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ အာဆင်နယ်နဲ့ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပြီးနောက် အမေရိကန်မှာ အာဆင်နယ်အသင်းဖော်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ကာလာဖီအိုရီက “ဒီကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် တကယ့်ကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်အများကြီးစောင့်ဆိုင်းခဲ့ရပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ကြီးကျယ်တဲ့အရာတစ်ခု လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Read moreEV Express ယာဉ်ဖြင့် စတင်ပြေးဆွဲ

ရန်ကုန်အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းတစ်လိုင်းဖြစ်တဲ့ မန္တလာမင်း ယာဉ်လိုင်းဟာ EV Express ယာဉ်တစ်စီး နဲ့ စတင်ပြေးဆွဲပေးနေတယ်လို့ အဲဒီယာဉ်လိုင်းကနေ သိရပါတယ်၊၊ လက်ရှိပြေးဆွဲပေးနေတဲ့ ခရီးစဉ်ကတော့ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို EV Express ယာဉ်တစ်စီးနဲ့ စတင်ပြေးဆွဲပေးနေတာဖြစ်ပြီး လိုက်ပါစီးနင်းမယ် ဆိုရင်တော့ တစ်ယောက်ကို ကျပ်၂ သောင်းခွဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်၊၊ အဲဒီခရီးစဉ်ရဲ့ စတင်ထွက်ခွာ ချိန်ကိုတော့ မနက် ၇ နာရီခွဲအချိန် သတ်မှတ်ထားတယ်လို့ သိရပါတယ်၊၊ EV Express ကားတွေဟာ အပူချိန် မြင့်တက်မှု၊ လေထုညစ်ညမ်းမှုနဲ့ လောင်စာဆီသုံးစွဲမှုကို လျှော့ချပေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တဲ့အတွက် ဆူညံသံကင်းပြီး ခရီးသည်တွေ ဇိမ်ကျကျ ခရီးသွားနိုင်အောင် ပြေးဆွဲနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း မန္တလာမင်း ယာဉ်လိုင်းက ထုတ်ပြန်ထားပါတယ်။
Read moreပဲခူးတိုင်းအတွင်း ရေကြီးမှုကြောင့် ကျောင်း ၄၅၀ အထိ ယာယီပိတ်ထားရ

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေမှုကြောင့် ကျောင်းပေါင်း(၄၅၀) ကို ယာယီ ခေတ္တပိတ်ထားရကြောင်း သိရသည်။
ယာယီ ခေတ္တပိတ်ထားရသော ကျောင်းများသည် ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် ရှိသည့် မြို့နယ် ၉ မြို့နယ်မှအခြေခံပညာကျောင်း ၁၈၉ ကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်)တွင်ရှိသည့် မြို့နယ် ၁၁ မြို့နယ်မှ အခြေခံ ပညာကျောင်း ၂၆၁ ကျောင်း ဖြစ်သည်။
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံတကာသတင်းအေဂျင်စီ Rossiya Segodyna ၏ တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြား




ဇူလိုင် ၃၀၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရုရှားနိုင်ငံမှ နိုင်ငံတကာသတင်းအေဂျင်စီ Rossiya Segodyna ၏ ကိုယ်စား ဂျကာတာမြို့အခြေစိုက် အာဆီယံသတင်းထောက် (Asean Correspondent) ဖြစ်သူ Uliana Miroshkina အား ပါတီဌာနချုပ်တွင် လက်ခံတွေ့ဆုံခဲ့ပြီး အဆိုပါသတင်းထောက်မေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ပါသည်။
Redmi K70 Ultra ဟာ တရုတ်မှာ စံချိန်တင် ရောင်းအားကောင်းနေ

Redmi K70 Ultra ကို တရုတ်မှာ ၂၀ ရက်နေ့က ရောင်းချပေးခဲ့ပြီး ကုမ္ပဏီက ၃ နာရီအတွင်း စံချိန်တင် ရောင်းအားကောင်းခဲ့တယ်လို့ ပိုစတာ ၁ ခုနဲ့ အသိပေးလိုက်ပါတယ်။ ကုမ္ပဏီက ရောင်းချရတဲ့ အလုံးရေကိုတော့ မပြောပါဘူး။
Read moreပရိသတ်(၁၀၀၀၀၀)ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် မန်ယူအသင်း စီစဉ်

မန်ယူအသင်းသည် ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် စီစဉ်နေပြီး ပေါင် (၂)ဘီလီယံတန် စီမံကိန်းဖြစ်လာမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းသည် လက်ရှိအချိန်၌ ပရိသတ်(၇၀၀၀၀)ကျော်ဝင်ဆံ့သည့် နာမည်ကျော် အိုးလ်ထရက်ဖို့ဒ်ကွင်းကို အသုံးပြုနေပြီး သက်တမ်း (၁၁၄)နှစ်ရှိနေပြီဖြစ်သည်။
မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ရှယ်ယာ(၂၅%)ကို စတင်ဝယ်ယူစဉ်ကတည်းက ပရိသတ်ပိုမိုဝင်ဆံ့မည့် ကွင်းသစ်တည်ဆောက်သွားရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။
Read moreအိုလံပစ်ကြက်တောင်ပြိုင်ပွဲ ကနေဒါကို ရှုံးနိမ့်ပြီး အုပ်စုမှ ထွက်ခဲ့ရတဲ့ သက်ထားသူဇာ

ပါရီနွေရာသီအိုလံပစ်ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် မြန်မာအမျိုးသမီး ကြက်တောင်ကစားသမား သက်ထားသူဇာသည်
ကနေဒါမှ ကမ္ဘာ့အဆင့် ၃၁ ရှီ မီရှဲလီကို အကြိတ် အနယ်ကစားပြီးမှ ၁၆-၂၁၊ ၂၃-၂၅ မှတ်ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။
ကမ္ဘာ့အဆင့် ၄၃ ရှိ သက်ထားသူဇာသည် အိုလံပစ် အုပ်စုနှစ်ပွဲစလုံး ၎င်းထက် ကမ္ဘာ့အဆင့်များစွာ မြင့်သည့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ခဲ့ရပြီး
ပထမပွဲတွင် ဆီဒင် ၅ နှင့် ကမ္ဘာ့အဆင့် ၆ ယာမာဂူချီကို ရှုံးနိမ့်ခဲ့သည်။









