ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ​​အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Read more

ဆော်ဒီကလပ်အသင်း၏ ယူရို(၁)ဘီလီယံတန် ကမ်းလှမ်းမှုကို ငြင်းလိုက်တဲ့ ဗင်နီစီယပ်စ်

ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ဆော်ဒီကလပ် အယ်လ်အာလီအသင်း၏ ယူရို(၁)ဘီလီယံတန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ဗင်နီစီယပ်စ်(၂၄ နှစ်)သည် ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်သော်လည်း ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာခြင်းနှင့် စပိန်ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေပါတယ်။

ယင်းအခြေအနေတွင် အယ်လ်အာလီအသင်းက ၎င်းအား (၅) နှစ်စာချုပ်အတွက် ယူရို(၁)ဘီလီယံပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Read more

အစ္စရေးလေပိုင်နက်အတွင်း ခရီးသည်တင်လေယာဉ်များ ညပိုင်းပျံသန်းမှုကို ရုရှားပိတ်ပင်

သြဂုတ် ၁၁

ရုရှားလေကြောင်းလိုင်းများမှ ခရီးသည်တင်လေ ယာဉ်များအနေဖြင့် အစ္စရေးလေပိုင်နက်အတွင်း ညပိုင်း ကာလ ပျံသန်းမှုများရှောင်ရှားကြရန် ရုရှားအစိုးရက ဩဂုတ်လ ၉ ရက်တွင် သတိ ပေးထားကြောင်းသိရသည်။

ဩဂုတ်လ ၉ ရက်မှစ၍ ဩဂုတ်လ ၁၆ ရက်အထိ ည ၁၀ နာရီနှင့် ၁ နာရီကြားကာလအတွင်း အစ္စရေးလေပိုင်နက်ကို အသုံးမပြုရန် ရုရှားအစိုးရကြေညာ ချက်၌ ဖော်ပြထားသည်။

Read more

စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားကို ဖီအိုရင်တီးနားအသင်း ခေါ်ယူ

စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းသည် အသင်းလက်မဲ့ဖြစ်နေသည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယားအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း (တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါဝင်) အတည်ပြုကြေညာခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင်မှ ဖီအိုရင်တီးနားအသင်းနှင့် စာချုပ်ချုပ် ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

Read more

မွန်လူမျိုး ဆောက်လုပ်ရေးလုပ်သားကနီဂရိုး ထိုင်းဖိုက်တာကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိ

ထိုင်းနိုင်ငံတွင် ဩဂုတ် ၁၀ ရက်က ကျင်းပခဲ့သည့် RWS လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု မွန်လူမျိုးဖိုက်တာ စမီခေါင် Samingkhao (ခေါ်)နီဂရိုးက Preliminary Fight တွင် ထိုင်းဖိုက်တာကို ပထမအချီ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အသက် (၃၂)နှစ်အရွယ်ရှိ စမီခေါင်အနေဖြင့် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးရွှေ့ပြောင်းလုပ်သားအဖြစ်အလုပ်လုပ်ကိုင်ရာမှ ထိုင်းဘောက်ဆင်လောက၏ နာမည်ကြီး RWS ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။
နာမည်ကျော်ကြားလာခဲ့သည့် စမီခေါင်အား RWS (Rajadamnern World Series) ပြိုင်ပွဲက ဆက်သွယ်လာခဲ့ပြီး RWS ဘောက်ဆင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားခဲ့ရာမှ ထိုင်းမီဒီယာများ၏ ချီးကျူးမှုရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Read more