ကာ့စ်ဒေသရှိ ဒုတိယမြောက် အဓိကတံတားကိုဖျက်ဆီးခဲ့–ယူကရိန်း

ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ ယူကရိန်းသည် ရုရှား ကို တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး မော်စကို၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဟန့်တားနှောင့်ယှက်ရန် ကာ့စ်ဒေသရှိ ဒုတိယအရေးပါဆုံးတံတားကို ဖျက်ဆီးခဲ့သည်ဟု ယူကရိန်းကပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားသည် ယူကရိန်းအရှေ့ပိုင်းတွင် ဖိအားများတိုးလာခဲ့ပြီး ယူကရိန်းနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာဖြစ်သည့် Pokrovsk မှ ကီလိုမီတာအနည်းငယ်အကွာရှိ အခြားကျေးရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်းဆိုခဲ့သည်။
ရုရှားရှိ တံတားဖောက်ခွဲခံရသည့် ပေါက်ကွဲမှုဗီဒီယိုကို ယူကရိန်းလေတပ်မှတပ်မှူးက တယ်လီဂရမ်တွင် တင်ခဲ့ပြီး နောက်ထပ်တံတားတစ်စင်းကို တိုက်ခိုက်ရန်ရည်ရွယ်ကြောင်းကို လည်းပြောကြားခဲ့သည်။
ယူကရိန်းလေတပ်သည် ရန်သူကို တိကျစွာ လေကြောင်း မှ တိုက်ခိုက်ခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များကို ဆက်တိုက်ဆိုသလို လက်လွတ်ဆုံးရှုံးစေခဲ့သည်ဟုလည်းပြောကြားခဲ့သည်။
“တပ်ဖွဲ့ဝင်တွေက ရှေ့တန်းစစ်မြေပြင်မှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်” ဟု ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့ပြီး ဆက်လက်၍ ဗြိတိန်၊ပြင်သစ်နှင့် အမေရိကတို့ကိုလည်း အဓိကအရေးပါသည့် ထောက်ပံ့ရေးကိရိယာများကို မြန်မြန်ဆန်ဆန်ပေးပို့ရန် ထပ်ခါတလဲလဲ မေတ္တာရပ်ခံခဲ့သည်။
Source : AFP

Read more

ဘရူနိုဖာနန်ဒက်စ်ကို မန်ယူ စာချုပ်သစ်ချုပ်

မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းမှာ ၂၀၂၇ခုနှစ်၊ ဇွန်လအထိ ဆက်ရှိစေမယ့် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ အသက်(၂၉)နှစ်အရွယ် ပေါ်တူဂီကွင်းလယ်ကစားသမားဟာ မန်ယူအသင်းအတွက် (၂၃၄)ပွဲကစားခဲ့ပြီး (၇၉)ဂိုးသွင်းယူခဲ့ကာ (၆၇)ဂိုးဖန်တီးခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူကို ပေါင်(၄၇)သန်းနဲ့ရောက်ရှိခဲ့သူဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၃ ဇူလိုင်လမှာ မက်ဂွဲယားနေရာမှာ မန်ယူအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

Read more

၆ ကြိမ်မြောက် ဥရောပစူပါဖလားကို ရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

Real Madrid’s Croatian midfielder #10 Luka Modric lifts the trophy as he celebrates with the team and Real Madrid’s Italian coach Carlo Ancelotti (L) after the UEFA Super Cup football match between Real Madrid and Atalanta BC in Warsaw, on August 14, 2024. (Photo by Sergei GAPON / AFP)

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းက အတ္တလန်တာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Read more

ရုရှားပိုင်နက် စတုရန်းကီလိုမီတာ ၁၀၀၀ ကို ထိန်းချုပ်ထားကြောင်း ယူကရိန်းထုတ်ပြန်

ယူကရိန်း၏ ရုရှားနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွင် ရုရှားပိုင်နက် စတုရန်းကီလိုမီတာ ၁၀၀၀ ကို ထိန်းချုပ်ထားကြောင်း ယူကရိန်းဘက်မှထုတ်ပြန်ထားသည်။

နှစ်နှစ်ခွဲဝန်းကျင်အထိကြာမြင့်လာသည့် ရုရှား ယူကရိန်းစစ်ရေးပဋိပက္ခတွင် ရုရှား ပိုင်နက်အတွင်း ပထမဆုံးဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီး ရုရှားပိုင်နက်အချို့တွင် အခြေချတိုက်ခိုက်လျက်ရှိသည်။

ရုရှားပိုင်နက်အတွင်း တိုက်ခိုက်မှု ၇ ရက်ကြာမြင့်ချိန်အထိ နှစ်ဘက် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

Read more

ပယ်လ်မားကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးလိုက်တဲ့ ချဲလ်ဆီး

ချယ်လ်ဆီးအသင်းသည် အသင်း၏ အဓိက ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ (၂၂ နှစ်)အား ၂၀၃၃ ခုနှစ်အထိသက်တမ်းရှိမည့် (၂)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ပယ်လ်မားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂၇ ဂိုးသွင်းကာ ဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး PFA တစ်နှစ်တာအကောင်းဆုံးဆုနဲ့ အကောင်းဆုံးလူငယ်ဆုအတွက် ဆန်ကာတင်စာရင်းတွေမှာ ပါဝင်နေသူလည်းဖြစ်ပါတယ်။

Read more