ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း ညောင်တုန်းမြို့နယ်အတွင်းရှိ NGO အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များနှင့် တွေ့ဆုံ

ဧရာဝတီ ဩဂုတ်လ ၂၆

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်းရှိ NGO အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ညီအကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး‌တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Read more

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးဟာရီကိန်း ဥရောပရွှေဖိနပ်ဆု ရရှိ

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်း (၃၁ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ကရရှိခဲ့သည့် ဥရောပရွှေဖိနပ်ဆု (ESM) အား လက်ခံရယူခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါပွဲစဉ် (၃၂) ပွဲကစားခဲ့ရာတွင် (၃၆)ဂိုးအထိသွင်းယူကာ ရမှတ် (၇၂)မှတ်
ဖြင့် ဥရောပရွှေဖိနပ်ဆုအား ကစားသမားဘ၀ ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပြီး ကီဗင်ဖီးလစ် (၁၉၉၉-၀၀)နောက် အင်္ဂလန်ကစားသမားများထဲတွင် ဒုတိယအကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။

Read more

မကြာမီက စတင်ခဲ့သည့် စီရော်နယ်လ်ဒို၏ YouTube Channel သစ် YouTube သမိုင်းတွင် Subscriber စံချိန်သစ်များ ဆက်တိုက်တင်ရှိ

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ကိုယ်ပိုင် YouTube Channel ကို သြဂုတ် (၂၁)ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် YouTube သမိုင်းတွင် Subscriber စံချိန်များ ဆက်တိုက်တင်ရှိနေကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏ Channel တွင် သြဂုတ်လ(၂၇)ရက်အထိ Subscriber အရေအတွက် (၄၄.၉)သန်းကျော် ရှိလာခဲ့သည်။

Read more

နိုင်ငံ့အရေးသည် ပထမ နိုင်ငံ့အရေးသည် ဒုတိယ နိုင်ငံ့အရေးသည် တတိယ ဟုခံယူ၍ စည်းလုံးညီညွတ်သည့်အားဖြင့် ပူးပေါင်းဆောင်ရွက်ရန် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး တာဝန်ရှိသူများနှင့် ကွင်းဆင်းတွေ့ဆုံစဉ်မှာကြား

ရန်ကုန် ဩဂုတ် ၂၆

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ International Municipal BRICS Forum(2024) သို့ တက်ရောက်ရန်ထွက်ခွာ

ဩဂုတ် ၂၆၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် ၂၆-၈-၂၀၂၄ ရက်နေ့မှ ၂၈-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် International Municipal BRICS Forum(2024) သို့တက်ရောက်ရန်အတွက် ယနေ့နံနက် ၀၇:၃၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်အမှတ် MAI-8M 335 လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပါသည်။
ပါတီကိုယ်စားလှယ်အဖွဲ့တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်ပြီး ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြပါသည်။

Read more

မန်စီးတီးအသင်းက ကစားသမားဟောင်း ဂန်ဒိုဂန်ကို ပြန်လည်ခေါ်ယူ

မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဂန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက်(၃၃)နှစ်အရွယ် ဂန်ဒိုဂန်ဟာ မန်စီးတီးနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်စာချုပ်ချုပ်ဆိုခွင့်ပါရှိပါတယ်။ ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်နှစ်အကြာမှာပဲ အီတီဟတ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းမှာ ကျောနံပါတ်(၁၉)ဂျာစီကို ဝတ်ဆင်မှာဖြစ်ပါတယ်။ဂန်ဒိုဂန်ဟာ ယနေ့ အီတီဟတ်ကွင်းမှာ အစ်ဆွစ်ခ်ျနဲ့ကစားမယ့် ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Read more

ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်

ကိဗ်၊ဩဂုတ် ၂၅
ယူကရိန်းဘက်မှ ရုရှားရှိ ကာ့စ်ဒေသသို့ ရုတ်တရက်ဝင်‌ရောက်ထိုးစစ်ဆင်ပြီးနှစ်ပတ်အကြာ၌ ရုရှားနှင့်ယူကရိန်းတို့ သုံ့ပန်း ၁၁၅ ယောက် လဲလှယ်မှုပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။
ယခုလဲလှယ်မှုသည် ရုရှားရှိကာ့စ်‌ဒေသသို့ ယူကရိန်းကထိုးစစ်ဆင်နေပြီး ရုရှားဘက်က အရှေ့ယူကရိန်းမြို့များကို ပိုမိုမျက်စိကျလာသောအချိန်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူကရိန်းလွတ်လပ်ရေးနေ့နှင့်လည်းတိုက်ဆိုင်နေခဲ့သည်။
နှစ်နိုင်ငံစလုံးသည် ယခုလဲလှယ်ရေးသဘောတူညီချက်ရရှိရန် ညှိနှိုင်းပေးခဲ့သည့် အာရပ်စော်ဘွားများ ပြည်ထောင်စုကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေထဲက နောက်ထပ် ၁၁၅ ဦး ဒီနေ့ အိမ်ကိုပြန်ရောက်ပါပြီ။သူတို့‌တွေထဲမှာနိုင်ငံအစောင့်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့၊ ရေတပ်၊ပြည်နယ်နယ်ခြားစောင့်တပ်တွေ ပါဝင်ပါတယ်” ဟုလည်း ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။
ယူကရိန်းဘက်မှ ဩဂုတ်လ ၆ ရက်ကစတင်ခဲ့သော ကာ့စ်ဒေသထိုးစစ်ပြုလုပ်မှုတွင် ရုရှားစစ်သား ရာပေါင်းများစွာ ဖမ်းဆီးခံထားခဲ့ရကြောင်းလည်း ကိဗ်ကပြောကြားခဲ့သည်။
Source : AFP

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ​ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

Read more