ဥရုဂွေးလက်ရွေးစင်အသင်းမှ ဆွာရက်ဇ် အနားယူ

မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး ဆွာရက်ဇ် (၃၇ နှစ်)သည် စက်တင်ဘာ (၆)ရက်နေ့တွင်ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ဥရုဂွေး – ပါရာဂွေး ပွဲစဉ်အပြီးတွင် လက်ရွေးစင်အသင်းမှ အနာယူမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် အသက် (၂၀)အရွယ် ၂၀၀၇ ခုနှစ်တွင် ဥရုဂွေးလက်ရွေးစင်အသင်းအတွက် ပထမဆုံးစတင်ကစားခွင့်ရရှိခဲ့ပြီး ကမ္ဘာ့ဖလား (၄)ကြိမ်အပါအ၀င် နိုင်ငံတကာပွဲ (၁၄၂)ပွဲကစားထားရာ၌ (၆၉)ဂိုးသွင်းယူကာ ဥရုဂွေးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသည်။

Read more

မော်စကိုမြို့မှာကျင်းပတဲ့ International Municipal BRICS Forum 2024 ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီ တက်ရောက်ခဲ့

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မင်းဘူးခရိုင်၊ မင်းဘူး-စကုမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံ

မင်းဘူး ဩဂုတ် ၃၀

ပြည်ထောင်စု့ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး-စကုမြို့နယ် ပါတီရုံး၌မင်းဘူးခရိုင်၊ မင်းဘူး-စကုမြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊ မင်းဘူးခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ရွှေမင်း၊ အတွင်းရေမှူး ဦးတင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခိုင်မိုး၊ မင်းဘူး-စကုမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာခေါင်းဆောင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Read more

ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ လုပ်ငန်းလမ်းညွှန်ချက်များအား ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးမကွေးတိုင်းဒေကြီးတိုင်း၊ ခရိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌများအား ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှာကြား

မကွေး ဩဂုတ် ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး၊တိုင်းပါတီရုံးခန်းမ၌တိုင်း၊ခရိုင်၊မြို့နယ် ပါတီဥက္ကဋ္ဌများနှင့်တွေဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှ ဌာနချုပ်လမ်းညွှန်ချက်များအားထပ်ဆင့်ရှင်းလင်းပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီမှလုပ်ငန်းလမ်းညွှန်ချက်များအားထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးနှင့်တိုးတက်အောင်ပြုလုပ်ဆောင်ရွက်ရေး၊ ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်များအားအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ရပ်ကျေးကဏ္ဍမြှင့်တင်ရေးတို့အား ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍တိုင်းပါတီဥက္ကဌမှမြေပြင်တွင်ပါတီလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့ပြီးခရိုင်နှင့်မြို့နယ်
ဥက္ကဋ္ဌများမှ နယ်မြေဒေသအလိုက်ပါတီလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားအသီးသီးတင်ပြခဲ့ကြရာဗဟိုအတွင်းရေးမှူးမှတင်ပြချက်အပေါ်
သုံးသပ်ခြင်း၊ပြန်လည်ဆွေးနွေးခြင်း၊ ပေါင်းစပ်ဆောင်ရွက်ပေးခြင်းများပြုလုပ်ပြီး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။

Read more