ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တပ်ကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်အားပေး

တပ်ကုန်း စက်တင်ဘာ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နေ့လည်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ကျားသေအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည့် ယနေ့တနေ့စာ လူဦးရေ (၄၅၀၀)စာအတွက် ပါတီမှ နေ့လည်စာနှင့် ညစာ ချက်ပြုပ်ကျွေးမွေးနေမှုများအား ကြည့်ရှုခဲ့ပြီး တာဝန်ယူဆောင်ရွက်နေသည့် ပြည်ထောင်စုနယ်မြေပါတီ ယာယီဥက္ကဋ္ဌ ဦးလှဆွေနှင့် တပ်ကုန်းမြို့နယ်မှ ပါတီတာဝန်ရှိသူများအား ပြည်သူများခံစားနေရသည့် လိုအပ်ချက်များအား သေချာစွာမှတ်သားတင်ပြကြရန်နှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး သန့်ရှင်းရေးလုပ်ငန်းများနှင့် စားသောက်ဖွယ်ရာများလှူဒါန်း

စက်တင်ဘာ ၁၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ စာသင်ကျောင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား အားပေးကြည့်ရှုပြီးနောက် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဦးစီးရုံးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ထို့နောက် ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၆၂ စု၊ လူဦးရေ ၂၀၀ ခန့်အား အားပေးစကားများပြောကြားခဲ့ပြီး အစားအစာနှင့် သောက်ရေသန့်ဘူးများအား ကျောင်းထိုင်ဆရာတော် ဦးဝိမလထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်စာသင်ကျောင်း သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်မှုပြုလုပ်

စက်တင်ဘာ ၁၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအတွင်း ရေဘေးသင့်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး စာသင်ကျောင်း အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နွံများ၊ နှုန်းများ၊ အမှိုက်သရိုက်များနှင့် သန့်ရှင်းရေးလုပ်ငန်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ အင်အား (၂၀၀)ခန့်ဖြင့် ဆောင်ရွက်နေသော ပြည်ထောင်စုနယ်မြေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးဝင်းဌေးနှင့် မြို့နယ်အသီးသီးမှ ပါတီဝင်များထံသို့ သွားရောက်တွေ့ဆုံကာ အားပေးစကားပြောခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ပြည်ထောင်စုနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအားထမင်းဗူးများ သွားရောက်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှတာဝန်ရှိသူများ၊ပြည်ထောင်စုနယ်မြေ ပါတီအလုပ်အမှုဆောင်များ၊သက်ဆိုင်ရာခရိုင်/မြို့နယ်ဥက္ကဋ္ဌများမှနေပြည်တော်၊ပြည်ထောင်စု နယ်မြေအတွင်းရှိရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထမင်းဗူးနှင့်ရေသန့်ဗူးများ သွားရောက်လှူဒါန်းခဲ့ရာ (၁၂,၉,၂၀၂၄)ရက်နေ့ညနေပိုင်းတွင်
လယ်ဝေးမြို့နယ်၊အောင်းကုန်းကျေးရွာ၊ကြာကန်ကျေးရွာနှင့် ပျံချီကျေးရွာများရှိရေဘေး ကယ်ဆယ်ရေးစခန်းအသီးသီးသို့ရောက်ရှိခိုလှုံနေရသောရေဘေးသင့်ပြည်သူများအတွက်ထမင်းဗူး (၆၀၀)ဗူးအားသွားရောက်လှူဒါန်းခဲ့ပြီး ယနေ့(၁၃.၉.၂၀၂၄)ရက်နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊အောင်ဇေယျဘုန်းကြီးကျောင်းရှိရေဘေးသင့်ပြည်သူများနှင့်စည်ပင်ကျေးရွာရှိပြည်သူများထံသို့သွားရောက်၍ ထမင်းဗူး(၁၂၃၀)ဗူးနှင့်ရေသန့်ကဒ် (၃၀)ကဒ်တို့ကို လှူဒါန်း ခဲ့ပါသည်။

Read more

နေပြည်တော်၊ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မှုပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၂
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊သစ်လေးကုန်းအုပ်စု ၊ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ရေဘေးသင့် ပြည်သူများအား ယမန်နေ့ ညနေ သုံးနာရီအချိန်
ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျမ်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုရွက်ဆိတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူ (၅၇၀)ဦးခန့် လာရောက်ခိုလှုံနေကြောင်းသိရပြီး ရေဘေးကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ စသည်တို့ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ပါသည်။
ဆက်လက်၍လည်း ပြည်ခိုင်ဖြိုးပါတီမှအထူးကုဆရာဝန်များ ဦးဆောင်သောဆေးအဖွဲ့မှရေဘေးသင့်ကျေးရွာများရှိပြည်သူများအားနေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးသွားဖြစ်ကြောင်းသိရှိရပါသည်။

Read more

ရေဘေးသင့်ပြည်သူများထံပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့​ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီ၊ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့်ဗဟိုအလုပ် အမှုဆောင် များသွားရောက်တွေ့ဆုံအားပေးစကားပြောကြား

Read more

ဦးမျိုးလှိုင်ဝင်း မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးယခုစက်တင်ဘာမှ စတင်ကာ မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ ကစားသမားဘဝမှာသာမက နည်းပြဘဝမှာ အောင်မြင်မှုတွေ ရရှိခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ စင်ကာပူ၊ လက်ဘနွန်တို့နဲ့ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့စီစဉ်ထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အုပ်စုပွဲစဉ်အနေနဲ့ကစားမယ့် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၅ ခုနှစ်မတ်လမှ စတင်ပြီး ၂၀၂၇ အာရှဖလား ခြေစစ်ပွဲတွေနဲ့ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွေဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

ဥရောပသို့ ဦးတည်နေသော ရွှေ့ပြောင်းဝင်ရောက်သူများကို လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ ကြားဖြတ်တားဆီး

စက်တင်ဘာ ၈

ရေယာဉ်တစ်စီးဖြင့် ဥရောပသို့ ဦးတည်သွား ရောက်နေသော ရွှေ့ပြောင်းဝင်ရောက်သူ အများအပြားကို လစ်ဗျားကမ်းခြေစောင့်တပ်က စက်တင် ဘာလ ၆ ရက်တွင် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

လစ်ဗျားကမ်းလွန်၌ လူပေါင်း ၂၀ ကျော် ပျောက် ဆုံးခဲ့ရသော ရေယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အဆိုပါ ရွှေ့ပြောင်းဝင်ရောက်သူများကို လစ်ဗျားကမ်းခြေစောင့်တပ်က ကြားဖြတ် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Read more