ျမန္မာ့လက္ေရြးစင္အမ်ိဳးသားအသင္း ဖီဖာနိုင္ငံတကာ ေျခစမ္းပြဲကစားမည္
နိုဝင္ဘာ (၁၄) ရက္တြင္ ျပဳလုပ္မည့္ ဖီဖာ နိုင္ငံတကာ ေျခစမ္းပြဲအတြက္ ျမန္မာ့လက္ေရြးစင္အမ်ိဳးသားအသင္း အေနျဖင့္ ယမန္ေန႔ နိုဝင္ဘာ (၉) ရက္က စတင္ေလ့က်င္ျပင္ဆင္မွုမ်ား ျပဳလုပ္လၽွက္ရွိေၾကာင္း ျမန္မာ့လက္ေရြးစင္အသင္းက အသိေပးထုတ္ ျပန္သည္။
ျမန္မာ့လက္ေရြးစင္အသင္းအေနျဖင့္ နိုဝင္ဘာ (၁၄) ရက္တြင္ စင္ကာပူအသင္းႏွင့္ အေဝးကြင္း ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး၊ နိုဝင္ဘာ (၁၉) ရက္တြင္ လက္ဘႏြန္ အသင္းႏွင့္ အိမ္ကြင္း၌ ယွဥ္ၿပိဳင္ ကစားသြားၾကရမည္ ျဖစ္သည္။
ျမန္မာ့လက္ေရြးစင္အသင္းသည္ ၿပီးခဲ့ေသာ ေအာက္တိုဘာ (၁၀) ရက္ႏွင့္ (၁၃) ရက္တြင္ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားကြင္းအတြင္း သီရိလကၤာ လက္ေရြးစင္အသင္းႏွင့္ ေျခစမ္းပြဲႏွစ္ေက်ာ့ ယွဥ္ၿပိဳင္ကစားခဲ့ၾကေသးသည္။
ယခုႏွစ္ ဖီဖာက က်င္းပျပဳလုပ္သည့္ နိုင္ငံ တကာေျခစမ္းပြဲစဥ္မ်ားအား ျမန္မာ့လက္ေရြးစင္ အမ်ိဳးသားအသင္း ၊ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္းႏွင့္ ယူ-၁၇အမ်ိဳးသား အသင္းတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္လၽွက္ရွိသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ အတြင္းက ယွဥ္ၿပိဳင္ကစားခဲ့ေသာ သီရိလကၤာႏွင့္ပြဲစဥ္တြင္ ျပည္ပသို႔ ထြက္၍ ကစားေနၾကသည့္ တိုက္စစ္မွူးမ်ားျဖစ္သည့္ သန္းပိုင္၊ ဝင္းနိုင္ထြန္း၊ လြင္မိုးေအာင္၊ ေက်ာ္မင္းဦး၊ ဟိန္းထက္ေအာင္၊ ေမာင္ေမာင္လြင္၊ စိုးမိုးေက်ာ္တို႔ ကို ထည့္သြင္းကစားထားသည္ကိုေတြ႕ရသည္။
မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲကစားမည်
===============
နိုဝင်ဘာ (၁၄) ရက်တွင် ပြုလုပ်မည့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း အနေဖြင့် ယမန်နေ့ နိုဝင်ဘာ (၉) ရက်က စတင်လေ့ကျင်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း မြန်မာ့လက်ရွေးစင်အသင်းက အသိပေးထုတ် ပြန်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် နိုဝင်ဘာ (၁၄) ရက်တွင် စင်ကာပူအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ နိုဝင်ဘာ (၁၉) ရက်တွင် လက်ဘနွန် အသင်းနှင့် အိမ်ကွင်း၌ ယှဥ်ပြိုင် ကစားသွားကြရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သော အောက်တိုဘာ (၁၀) ရက်နှင့် (၁၃) ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း သီရိလင်္ကာ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ကျော့ ယှဉ်ပြိုင်ကစားခဲ့ကြသေးသည်။
ယခုနှစ် ဖီဖာက ကျင်းပပြုလုပ်သည့် နိုင်ငံ တကာခြေစမ်းပွဲစဉ်များအား မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယူ-၁၇အမျိုးသား အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ယှဉ်ပြိုင်ကစားခဲ့သော သီရိလင်္ကာနှင့်ပွဲစဉ်တွင် ပြည်ပသို့ ထွက်၍ ကစားနေကြသည့် တိုက်စစ်မှူးများဖြစ်သည့် သန်းပိုင်၊ ဝင်းနိုင်ထွန်း၊ လွင်မိုးအောင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ စိုးမိုးကျော်တို့ ကို ထည့်သွင်းကစားထားသည်ကိုတွေ့ရသည်။