ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ အိႏၵိယနိုင္ငံ၊ နိုင္ငံျခားေရးရာအထူးျပဳ ဝါရင့္သတင္းစာဆရာ‌ေဟာင္းျဖစ္သူ Mr.Atul Aneja အား လက္ခံေတြ႕ဆုံ

နိုဝင္ဘာ ၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ အိႏၵိယနိုင္ငံ၊ နယူးေဒလီရွိ ကမၻာ့ေတာင္ဘက္ပိုင္းဆိုင္ရာ ဘူမိေဘာဂေဗဒ ဗဟိုဌာန (COGGS) ၏ အႀကံေပးေကာင္စီႏွင့္ ကေမၻာဒီးယားနိုင္ငံ Asian Vision Institute ၏ အႀကံေပး၊ နိုင္ငံျခားေရးရာ ဝါရင့္သတင္းစာဆရာေဟာင္းျဖစ္သူ Mr.Atul Aneja အား ၂၀၂၄ ခုႏွစ္၊ နိုဝင္ဘာလ (၇) ရက္ေန႔တြင္ ပါတီဌာနခ်ဳပ္ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ပါသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏွင့္ အိႏၵိယ ႏွစ္နိုင္ငံဆက္ဆံေရးအေျခအေန၊ Bharatiya Janata Party(BJP) ႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ထိေတြ႕ဆက္ဆံေရး တိုးျမႇင့္ေဆာင္ရြက္နိုင္မည့္ အေျခအေန၊ ၎၏မီဒီယာဆိုင္ရာအေတြအၾကဳံမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမွုေဆာင္မ်ားျဖစ္ၾကသည့္ ဦးေအာင္စိုး၊ ဦးေအးလြင္ႏွင့္ ဦးျမင့္ကိုကိုတို႔ တက္ေရာက္ခဲ့ၾကၿပီး အိႏၵိယနိုင္ငံ၊ ဝါရင့္သတင္းစာဆရာ Mr.Atul Aneja ႏွင့္အတူ အဖြဲ႕ဝင္(၂)ဦး တက္ေရာက္ခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးရာအထူးပြု ဝါရင့်သတင်းစာဆရာ‌ဟောင်းဖြစ်သူ Mr.Atul Aneja အား လက်ခံတွေ့ဆုံ
===========================================================
နိုဝင်ဘာ ၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ ကမ္ဘာ့တောင်ဘက်ပိုင်းဆိုင်ရာ ဘူမိဘောဂဗေဒ ဗဟိုဌာန (COGGS) ၏ အကြံပေးကောင်စီနှင့် ကမ္ဘောဒီးယားနိုင်ငံ Asian Vision Institute ၏ အကြံပေး၊ နိုင်ငံခြားရေးရာ ဝါရင့်သတင်းစာဆရာဟောင်းဖြစ်သူ Mr.Atul Aneja အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ Bharatiya Janata Party(BJP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိတွေ့ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ၎င်း၏မီဒီယာဆိုင်ရာအတွေအကြုံများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးအေးလွင်နှင့် ဦးမြင့်ကိုကိုတို့ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၊ ဝါရင့်သတင်းစာဆရာ Mr.Atul Aneja နှင့်အတူ အဖွဲ့ဝင်(၂)ဦး တက်ရောက်ခဲ့ပါသည်။