ဂ်ပန္နိုင္ငံတစ္ဝန္း၌ တုပ္ေကြးေရာဂါကူးစက္ပ်ံ႕ႏွံ့မွုမ်ား စတင္ျဖစ္ပြားေန
ဂ်ပန္နိုင္ငံတစ္ဝန္း၌ တုပ္ေကြးေရာဂါကူးစက္ပ်ံ႕ႏွံ့မွုမ်ား စတင္ျဖစ္ပြားေနသည္ဟု အစိုးရ၏ ထုတ္ျပန္ခ်က္ မ်ားတြင္ ေဖာ္ျပထားသည္။ ၿပီးခဲ့သည့္ သီတင္း ပတ္အတြင္း တုပ္ေကြးေရာဂါျဖစ္ပြားသူ စုစုေပါင္း ၅,၁၂၇ ဦးရွိေၾကာင္း၊ ထိုပမာဏသည္ လြန္ခဲ့ေသာ သီတင္းပတ္ကထက္ ေရာဂါျဖစ္ပြားသူ ၈၂၉ ဦးျမင့္တက္လာျခင္းျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။
အဆိုပါ တုပ္ေကြးေရာဂါျဖစ္ပြားသူမ်ားအနက္ အမ်ားဆုံးမွာ အိုကီနာဝါစီရင္စုမွျဖစ္ၿပီး ေဆးခန္းတစ္ခုလၽွင္ ေရာဂါျဖစ္ပြားသူ ၁၀ ဦးေက်ာ္ရွိသည္။ ၎ေနာက္ ရွီဇူအိုကာ၊ ခ်ီဘား၊ အိုအီတာႏွင့္ ဖူကူအီ တို႔က ေရာဂါျဖစ္ပြားမွု အမ်ားဆုံးေဒသမ်ားအျဖစ္ ရပ္တည္ေနသည္။
ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ လက္ကိုမၾကာ ခဏေဆးျခင္း၊ ႏွာေခါင္းစည္းကို သင့္ေလ်ာ္စြာအသုံးျပဳ ျခင္းႏွင့္ ကာကြယ္ေဆးထိုးျခင္းတို႔အပါ အဝင္ အေျခခံေရာဂါကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ တာဝန္ရွိသူမ်ားကေျပာသည္။
ဂျပန်နိုင်ငံတစ်ဝန်း၌ တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားနေ
==============
ဂျပန်နိုင်ငံတစ်ဝန်း၌ တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားနေသည်ဟု အစိုးရ၏ ထုတ်ပြန်ချက် များတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်း ပတ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၅,၁၂၇ ဦးရှိကြောင်း၊ ထိုပမာဏသည် လွန်ခဲ့သော သီတင်းပတ်ကထက် ရောဂါဖြစ်ပွားသူ ၈၂၉ ဦးမြင့်တက်လာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ တုပ်ကွေးရောဂါဖြစ်ပွားသူများအနက် အများဆုံးမှာ အိုကီနာဝါစီရင်စုမှဖြစ်ပြီး ဆေးခန်းတစ်ခုလျှင် ရောဂါဖြစ်ပွားသူ ၁၀ ဦးကျော်ရှိသည်။ ၎င်းနောက် ရှီဇူအိုကာ၊ ချီဘား၊ အိုအီတာနှင့် ဖူကူအီ တို့က ရောဂါဖြစ်ပွားမှု အများဆုံးဒေသများအဖြစ် ရပ်တည်နေသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လက်ကိုမကြာ ခဏဆေးခြင်း၊ နှာခေါင်းစည်းကို သင့်လျော်စွာအသုံးပြု ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့အပါ အဝင် အခြေခံရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများကပြောသည်။