ဝက္စ္ဟမ္းေတာင္ပံကစားသမား ကူဒက္စ္ ထပ္တိုး(၂)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရ
ဝက္စ္ဟမ္းေတာင္ပံကစားသမား ကူဒက္စ္ဟာ ၿပီးခဲ့တဲ့လက စပါးနဲ႔ပြဲမွာ အနီကတ္ျပသခံခဲ့ရၿပီး မသင့္ေတာ္တဲ့အျပဳအမူျပဳလုပ္ခဲ့တဲ့အတြက္ ထပ္တိုး(၂)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာေၾကာင့္ စုစုေပါင္း(၅)ပြဲပယ္ခံခဲ့ရပါတယ္။ ကူဒက္စ္ဟာ ေအာက္တိုဘာလ(၁၉)ရက္က စပါးကို (၄-၁)ဂိုးနဲ႔ရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ပြဲခ်ိန္(၈၂)မိနစ္မွာ ဗန္ဒီဗန္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီး ႏွစ္ဖက္ကစားသမားေတြအၾကား အခ်င္းမ်ားမွုျဖစ္ပြားေစခဲ့ပါတယ္။ ဒါ့အျပင္ ကူဒက္စ္ဟာ ဗန္ဒီဗန္နဲ႔ မာတာဆားတို႔ရဲ့မ်က္ႏွာကို တြန္းထိုးမွုလုပ္ခဲ့ပါတယ္။ အေစာပိုင္းမွာ ကူဒက္စ္ဟာ အဝါကတ္သာျပသခံခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ဒိုင္လူႀကီးလက္ဒေလက VAR ၾကည့္ၿပီး အနီကတ္ျပခံရလို႔ အလိုအေလ်ာက္(၃)ပြဲပယ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ မန္ယူ၊ ေနာ္တင္ဟမ္ေဖာရက္စ္တို႔နဲ႔ကစားခဲ့တဲ့ပြဲကို ကူဒက္စ္ လြဲေခ်ာ္ခဲ့ရၿပီး ဒီတစ္ပတ္ အဲဗာတန္နဲ႔ပြဲၿပီးရင္ (၃)ပြဲပယ္ျပစ္ဒဏ္ေစ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ့အျပဴအမူအတြက္ ထပ္တိုး(၂)ပြဲပယ္ခံခဲ့ရတာေၾကာင့္ ကူဒက္စ္အေနနဲ႔ နိုဝင္ဘာလ(၂၅)ရက္၊ နယူးကာဆယ္နဲ႔ကစားမယ့္ အေဝးကြင္းပြဲနဲ႔ နိုဝင္ဘာလ(၃၀)ရက္၊ အာဆင္နယ္နဲ႔အိမ္ကြင္းပြဲကို ထပ္မံလြဲေခ်ာ္ေတာ့မွာပါ။ ဝက္စ္ဟမ္းေတာင္ပံကစားသမား ကူဒက္စ္ဟာ ဒီဇင္ဘာလ(၃)ရက္၊ လက္စတာနဲ႔ကစားမယ့္ပြဲစဥ္မွ ျပန္လည္ကစားနိုင္မွာျဖစ္ပါတယ္။
ဝက်စ်ဟမ်းတောင်ပံကစားသမား ကူဒက်စ် ထပ်တိုး(၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ
===========================================
ဝက်စ်ဟမ်းတောင်ပံကစားသမား ကူဒက်စ်ဟာ ပြီးခဲ့တဲ့လက စပါးနဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရပြီး မသင့်တော်တဲ့အပြုအမူပြုလုပ်ခဲ့တဲ့အတွက် ထပ်တိုး(၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကြောင့် စုစုပေါင်း(၅)ပွဲပယ်ခံခဲ့ရပါတယ်။ ကူဒက်စ်ဟာ အောက်တိုဘာလ(၁၉)ရက်က စပါးကို (၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပွဲချိန်(၈၂)မိနစ်မှာ ဗန်ဒီဗန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး နှစ်ဖက်ကစားသမားတွေအကြား အချင်းများမှုဖြစ်ပွားစေခဲ့ပါတယ်။ ဒါ့အပြင် ကူဒက်စ်ဟာ ဗန်ဒီဗန်နဲ့ မာတာဆားတို့ရဲ့မျက်နှာကို တွန်းထိုးမှုလုပ်ခဲ့ပါတယ်။ အစောပိုင်းမှာ ကူဒက်စ်ဟာ အဝါကတ်သာပြသခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ဒိုင်လူကြီးလက်ဒလေက VAR ကြည့်ပြီး အနီကတ်ပြခံရလို့ အလိုအလျောက်(၃)ပွဲပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် မန်ယူ၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ကစားခဲ့တဲ့ပွဲကို ကူဒက်စ် လွဲချော်ခဲ့ရပြီး ဒီတစ်ပတ် အဲဗာတန်နဲ့ပွဲပြီးရင် (၃)ပွဲပယ်ပြစ်ဒဏ်စေ့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြူအမူအတွက် ထပ်တိုး(၂)ပွဲပယ်ခံခဲ့ရတာကြောင့် ကူဒက်စ်အနေနဲ့ နိုဝင်ဘာလ(၂၅)ရက်၊ နယူးကာဆယ်နဲ့ကစားမယ့် အဝေးကွင်းပွဲနဲ့ နိုဝင်ဘာလ(၃၀)ရက်၊ အာဆင်နယ်နဲ့အိမ်ကွင်းပွဲကို ထပ်မံလွဲချော်တော့မှာပါ။ ဝက်စ်ဟမ်းတောင်ပံကစားသမား ကူဒက်စ်ဟာ ဒီဇင်ဘာလ(၃)ရက်၊ လက်စတာနဲ့ကစားမယ့်ပွဲစဉ်မှ ပြန်လည်ကစားနိုင်မှာဖြစ်ပါတယ်။