#DigtialTimes
သူနဲ့ တူတဲ့ စက်ရုပ်တွေကို တီထွင်ထားတဲ့ ဂျပန်မှ အင်ဂျင်နီယာ
====================================
ဂျပန်မှ အင်ဂျင်နီယာ Hiroshi Ishiguro က သူနဲ့ တူတဲ့ စက်ရုပ်တွေကို တီထွင်နေတာ နှစ်ပေါင်း ၂၀ ရှိနေပါပြီ။ သူဟာ ၂၀၀၆ ခုနှစ်မှာ Geminoid Hl-1 စက်ရုပ်ကို တီထွင်ခဲ့ပြီး သူနဲ့ တူတဲ့အတွက် တစ်ကမ္ဘာလုံး အံ့အားသင့်သွားခဲ့ကြပါတယ်။ အခုတော့ သူဟာ သူနဲ့တူတဲ့ စက်ရုပ် ၆ မျိုးကို တီထွင်ထားပါတယ်။
သူနောက်ဆုံး တီထွင်ထားတာက Geminoid Hl-6 ဖြစ်ပြီး သူနဲ့ ခွဲမရအောင် တူပါတယ်။ စက်ရုပ်မှာ တကယ့် လူ့ ဆံပင်၊ ဆီလီကွန် အရေပြားနဲ့ သဘာဝကျတဲ့ မျက်နှာအမူအယာတွေ ပါလာပါတယ်။ စက်ရုပ်မှာ ပလတ်စတစ် ဦးခေါင်း၊ သတ္တု အရိုးစု တပ်ဆင်ထားပြီး အရပ်အမြင့် ၅၀ စင်တီမီတာ ရှိပါတယ်။ အပေါ်ပိုင်း လှုပ်ရှားနိုင်ပေမယ့် လမ်းမလျှောက်နိုင်သေးပါဘူး။
Ishiguro က သူ့ကိုယ်စား ကျောင်းသားတွေကို စာသင်ပေးဖို့ အဲဒီစက်ရုပ်ကို တီထွင်ထားတာ ဖြစ်ပြီး Hl-6 ဟာ Language Model ကြောင့် ပရိတ်သတ်ရဲ့ မေးခွန်းတွေကိုပါ ဖြေဆိုလာနိုင်ပါတယ်။ အနာဂတ်မှာ အဲဒီစက်ရုပ်ကို လမ်းလျှောက်နိုင်အောင် တီထွင်လိမ့်မယ်လို့ ထင်ပါတယ်။
Ref : Interesting Engineering
#DigtialTimes