ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်မန္တလေး မြို့မတေးဂီတအသင်းမှနာယကကြီးများ၊မြို့မတေးဂီတအသင်း ဥက္ကဌနှင့်အမှုဆောင်များ မိတ်ဆက်တွေ့ဆုံ
===========
(၆-၁၁-၂၀၂၄)ရက်နေ့(၀၈:၀၀)မှ(၀၉:၃၀)အချိန်ထိ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၂)ရပ်ကွက်၊၃၅×၆၁ လမ်းထောင့်ရှိ Classic City Cafe တွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်မန္တလေး မြို့မတေးဂီတအသင်းမှနာယကကြီးများ၊မြို့မတေးဂီတအသင်း ဥက္ကဌနှင့်အမှုဆောင်များ မိတ်ဆက်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ မိတ်ဆက်စကားပြောကြားခဲ့ကာ ရုပ်ရှင်အနုပညာရှင်များ၊စာပေပညာရှင်များ၊သဘင်ဂီတပညာရှင်များနှင့်တွေ့ဆုံ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။၎င်းနောက် တက်ရောက်လာသည့် မြို့မတေးဂီတအသင်းမှ နာယကကြီးများနှင့်တာဝန်ရှိသူများက မြို့မတေးဂီတအသင်း ဖွဲ့စည်းပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊လက်ရှိ မြို့မအသင်း၏ နာယကအဖွဲ့၊အမှုဆောင်အဖွဲ့ ဖွဲ့စည်းထားမှု အခြေအနေများ၊မန္တလေးမြို့တွင် ဖျော်ဖြေရေးများ ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှုး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးမျိုးမြင့်၊အမရပူရခရိုင်ပါတီအတွင်းရေးမှုး ဦးဇော်အောင်ထက်၊မြို့မတေးဂီတအသင်းနာယက ဦးစိန်မြင့်နှင့်နာယကကြီးများ၊မြို့မတေးဂီတအသင်း ဥက္ကဌ ဒေါက်တာလှခိုင်၊အတွင်းရေးမှုး ဦးထက်ထက်နှင့်အမှုဆောင်များ၊အထက်မြန်မာပြည် ဂီတအစည်းအရုံးဥက္ကဌ ဦးခင်မောင်သန်း(တေးချစ်သူ)တို့ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။