အေမရိကန္သမၼတေရြးေကာက္ပြဲ ထရမ့္ပ္အနိုင္ရၿပီဟု‌ Fox News ေဖာ္ၿပ

ထြက္ေပၚလာေသာ မဲရလဒ္မ်ားအရ အေမရိကန္သမၼတေရြးေကာက္ပြဲတြင္ သမၼတေဟာင္းထရမ့္ပ္က ဒုတိယ သမၼတ ကမ္မလာဟဲရစ္ကို အနိုင္ရသြားၿပီဟု Fox News သတင္းဌာနက သုံးသပ္ေဖာ္ျပခဲ့ၿပီး မၾကဳံစဖူး အလွည့္အေျပာင္းမ်ားႏွင့္ ျပည့္ႏွက္ေနေသာ သမိုင္းဝင္ေရြးေကာက္ပြဲအၿပီးတြင္ အိမ္ျဖဴေတာ္အတြက္ ဒုတိယေျမာက္ သမၼတသက္တမ္းကို ေအာင္ပြဲခံခဲ့ၿပီဟု ဆိုသည္။
ထရမ့္ပ္သည္ ၁၈၉၂ ခုႏွစ္က Grover Cleveland ေနာက္ပိုင္း ႏွစ္ႀကိမ္ဆက္မဟုတ္ေသာ သမၼတတာဝန္ထမ္းေဆာင္ရမည့္ သမၼတ ျဖစ္လာမည္ျဖစ္သည္။
ထရန႔္သည္ ၂၀၁၆ ခုႏွစ္က “အေမရိကကို ျပန္လည္ႀကိမ္းက်ယ္ခမ္းနားေစမည္” ဟူေသာ ကတိျပဳခ်က္ျဖင့္ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟီလာရီကလင္တန္ကို အနိုင္ရကာ ပထမဆုံးအႀကိမ္ သမၼတျဖစ္ခဲ့သည္။ ယင္းေနာက္ ကမၻာလုံးဆိုင္ရာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးၾကဳုံခဲ့ရသည့္ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲတြင္ ျပန္လည္အေရြးခံခဲ့ရာ၌ သမၼတ ဂ်ိဳးဘိုင္ဒင္ကို အရွုံးေပးခဲ့ရသည္။ သို႔ရာတြင္ အေမရိကကို ေနာက္တစ္ႀကိမ္ ျပန္ႀကီးျမတ္ေစရမည္ဆိုသည့္ ကတိျပဳခ်က္ျဖင့္ ၂ ႏွစ္နီးပါးၾကာ မဲဆြယ္ခဲ့ၿပီးေနာက္ ၂၀၂၄ ခုႏွစ္တြင္ အိမ္ျဖဴေတာ္အတြက္ သူျပန္အေရြးခံခဲ့ရျခင္းျဖစ္သည္။
Fox News


အမေရိကန်သမ္မတရွေးကောက်ပွဲ ထရမ့်ပ်အနိုင်ရပြီဟု‌ Fox News ဖော်ပြ
===============
ထွက်ပေါ်လာသော မဲရလဒ်များအရ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်းထရမ့်ပ်က ဒုတိယ သမ္မတ ကမ်မလာဟဲရစ်ကို အနိုင်ရသွားပြီဟု Fox News သတင်းဌာနက သုံးသပ်ဖော်ပြခဲ့ပြီး မကြုံစဖူး အလှည့်အပြောင်းများနှင့် ပြည့်နှက်နေသော သမိုင်းဝင်ရွေးကောက်ပွဲအပြီးတွင် အိမ်ဖြူတော်အတွက် ဒုတိယမြောက် သမ္မတသက်တမ်းကို အောင်ပွဲခံခဲ့ပြီဟု ဆိုသည်။
ထရမ့်ပ်သည် ၁၈၉၂ ခုနှစ်က Grover Cleveland နောက်ပိုင်း နှစ်ကြိမ်ဆက်မဟုတ်သော သမ္မတတာဝန်ထမ်းဆောင်ရမည့် သမ္မတ ဖြစ်လာမည်ဖြစ်သည်။
ထရန့်သည် ၂၀၁၆ ခုနှစ်က “အမေရိကကို ပြန်လည်ကြိမ်းကျယ်ခမ်းနားစေမည်” ဟူသော ကတိပြုချက်ဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို အနိုင်ရကာ ပထမဆုံးအကြိမ် သမ္မတဖြစ်ခဲ့သည်။ ယင်းနောက် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြုုံခဲ့ရသည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံခဲ့ရာ၌ သမ္မတ ဂျိုးဘိုင်ဒင်ကို အရှုံးပေးခဲ့ရသည်။ သို့ရာတွင် အမေရိကကို နောက်တစ်ကြိမ် ပြန်ကြီးမြတ်စေရမည်ဆိုသည့် ကတိပြုချက်ဖြင့် ၂ နှစ်နီးပါးကြာ မဲဆွယ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် အိမ်ဖြူတော်အတွက် သူပြန်အရွေးခံခဲ့ရခြင်းဖြစ်သည်။
Fox News