နိုင္ငံႏွင့္ျပည္သူအတြက္ ေစတနာထားၿပီး မေလၽွာ့ေသာဇြဲျဖင့္ လုပ္ေဆာင္ၾကရန္ ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒ ဦးလွထြန္း မွာၾကား
ေနျပည္ေတာ္ နိုဝင္ဘာ ၅
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္းသည္ဗဟိုအလုပ္အမွုေဆာင္ ဦးတင့္လွိုင္ျမင့္လိုက္ပါလ်က္(၅.၁၁.၂၀၂၄)ေန႔တြင္ေနျပည္ေတာ္၊ျပည္ေထာင္စုနယ္ေျမ၊ဇဗၺဴသီရိၿမိဳ႕နယ္၊ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအစည္းအေဝးခန္းမ၌ ျပည္ေထာင္စုနယ္ေျမေခတၱဥကၠ႒ႏွင့္ေကာ္မတီဝင္မ်ားအားေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ပါတီဒုတိယဥကၠ႒မွ တိုင္းျပည္ကိုခ်စ္ေသာလူမ်ားရွိသလိုတိုင္းျပည္ကိုပ်က္စီးေအာင္ဖ်က္လိုဖ်က္ဆီးလုပ္ေနသူမ်ားလည္းရွိသျဖင့္ တိုင္းျပည္ႏွင့္ျပည္သူအတြက္ အမွားနည္းၿပီးအမွန္မ်ားေအာင္ ေစတနာထားလုပ္ေဆာင္ၾကရန္လိုေၾကာင္း၊ ဥပေဒႏွင့္အညီလုပ္ကိုင္ၾကရန္လည္းလိုေၾကာင္း၊ မိမိကိုေပးအပ္ထားေသာတာဝန္မ်ားကိုေက်ပြန္ေအာင္လုပ္ေဆာင္ၾကဖို႔လိုေၾကာင္း၊ မေမၽွာ္လင့္တာေတြလည္းျဖစ္နိုင္သျဖင့္
အသက္နဲ႔အမၽွျဖတ္သန္း၍ရလာေသာအေတြ႕အၾကဳံမ်ားနဲ႔ေပါင္းစပ္ၿပီးသတိထားလုပ္ကိုင္ၾကရန္လိုေၾကာင္း၊ အေျခခံFoundation တစ္ခုလုံးေကာင္းမွအေဆာက္အဦးတစ္ခုလုံးေရွရွည္တည္တံ့ခိုင္ျမဲမွာ
ျဖစ္ေသာေၾကာင့္ေအာက္ေျခရပ္/ေက်းအဖြဲ႕မ်ားကိုလည္း စဥ္ဆက္မျပတ္ထိေတြ႕ဆက္ဆံေနရန္လိုေၾကာင္းဦးစြာႏွုတ္ခြန္းဆက္အမွာစကားေျပာၾကားခဲ့ပါသည္။
၎ေနာက္ တိုင္းေကာ္မတီဝင္မ်ားမွ မိမိတို႔တာဝန္ယူထားေသာနယ္ေျမႏွင့္က႑အလိုက္ပါတီလုပ္ငန္း လုပ္ေဆာင္ေနမွုမ်ား၊ ဆက္လက္လုပ္ေဆာင္မည့္လုပ္ငန္းစဥ္မ်ားတင္ျပေဆြးေႏြးခဲ့ၿပီးျပည္ေထာင္စုနယ္ေျမေခတၱဥကၠ႒ ဦးလွေဆြမွ ဌာနခ်ဳပ္၏အနီးကပ္လမ္းညႊန္မွုမ်ားခံယူ၍ပါတီလုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိေနၿပီး ေရေဘးသင့္ ျပည္သူမ်ားအားလည္းယေန႔ထိျပန္လည္ထူေထာင္ေရးလုပ္ငန္းလုပ္ေဆာင္ေပးေနမွုမ်ားအားတင္ျပေဆြးေႏြးခဲ့ပါသည္။
တင္ျပမွုမ်ားအေပၚပါတီဒုတိယဥကၠ႒မွ ျပန္လည္သုံးသပ္ေဆြးေႏြးခဲ့ၿပီးပါတီသည္လူအမ်ားႏွင့္ဖြဲ႕စည္းထားသျဖင့္တစ္ဦးတစ္ေယာက္ေကာင္းလုပ္ေဆာင္၍မရသလို အားလုံးစည္းလုံးညီညြတ္စြာစုေပါင္း
ေဆာင္ရြက္ဖို႔လိုေၾကာင္း၊လုပ္ငန္းလုပ္ေဆာင္ရာတြင္ တစ္ဦးတေယာက္မွားခဲ့လၽွင္လည္းအားလုံးဝိုင္းဝန္းျပဳျပင္ေပးရန္လိုေၾကာင္း၊ အားနည္းခ်က္မ်ားကို ျပန္လည္ျပင္ဆင္၍ ပါတီေအာင္နိုင္ေရးအတြက္မေလၽွာ့
ေသာဇြဲျဖင့္ႀကိဳးစားလုပ္ေဆာင္ၾကရမွာျဖစ္ေၾကာင္း၊ပါတီလုပ္ငန္းမ်ားလုပ္ကိိုင္ေဆာင္ရြက္ရာတြင္ပါတီမွထုတ္ျပန္ထားေသာစည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း လိုက္နာလုပ္ကိုင္ၾကရန္နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ပါသည္။
၎ေနာက္ပါတီဒုတိယဥကၠ႒သည္ ျပည္ေထာင္စုနယ္ေျမပါတီ႐ုံး တည္ေဆာက္ ေန မွု အေျခအေနအားသြားေရာက္ၾကည့္ရွုစစ္ေဆးခဲ့ပါသည္။
နိုင်ငံနှင့်ပြည်သူအတွက် စေတနာထားပြီး မလျှော့သောဇွဲဖြင့် လုပ်ဆောင်ကြရန် ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မှာကြား
===============================
နေပြည်တော် နိုဝင်ဘာ ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်လိုက်ပါလျက်(၅.၁၁.၂၀၂၄)နေ့တွင်နေပြည်တော်၊ပြည်ထောင်စုနယ်မြေ၊ဇဗ္ဗူသီရိမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စုနယ်မြေခေတ္တဥက္ကဋ္ဌနှင့်ကော်မတီဝင်များအားတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ပါတီဒုတိယဥက္ကဋ္ဌမှ တိုင်းပြည်ကိုချစ်သောလူများရှိသလိုတိုင်းပြည်ကိုပျက်စီးအောင်ဖျက်လိုဖျက်ဆီးလုပ်နေသူများလည်းရှိသဖြင့် တိုင်းပြည်နှင့်ပြည်သူအတွက် အမှားနည်းပြီးအမှန်များအောင် စေတနာထားလုပ်ဆောင်ကြရန်လိုကြောင်း၊ ဥပဒေနှင့်အညီလုပ်ကိုင်ကြရန်လည်းလိုကြောင်း၊ မိမိကိုပေးအပ်ထားသောတာဝန်များကိုကျေပွန်အောင်လုပ်ဆောင်ကြဖို့လိုကြောင်း၊ မမျှော်လင့်တာတွေလည်းဖြစ်နိုင်သဖြင့်
အသက်နဲ့အမျှဖြတ်သန်း၍ရလာသောအတွေ့အကြုံများနဲ့ပေါင်းစပ်ပြီးသတိထားလုပ်ကိုင်ကြရန်လိုကြောင်း၊ အခြေခံFoundation တစ်ခုလုံးကောင်းမှအဆောက်အဦးတစ်ခုလုံးရှေရှည်တည်တံ့ခိုင်မြဲမှာ
ဖြစ်သောကြောင့်အောက်ခြေရပ်/ကျေးအဖွဲ့များကိုလည်း စဥ်ဆက်မပြတ်ထိတွေ့ဆက်ဆံနေရန်လိုကြောင်းဦးစွာနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားသောနယ်မြေနှင့်ကဏ္ဍအလိုက်ပါတီလုပ်ငန်း လုပ်ဆောင်နေမှုများ၊ ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဥ်များတင်ပြဆွေးနွေးခဲ့ပြီးပြည်ထောင်စုနယ်မြေခေတ္တဥက္ကဋ္ဌ ဦးလှဆွေမှ ဌာနချုပ်၏အနီးကပ်လမ်းညွှန်မှုများခံယူ၍ပါတီလုပ်ငန်းများဆောင်ရွက်လျက်ရှိနေပြီး ရေဘေးသင့် ပြည်သူများအားလည်းယနေ့ထိပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ပေးနေမှုများအားတင်ပြဆွေးနွေးခဲ့ပါသည်။
တင်ပြမှုများအပေါ်ပါတီဒုတိယဥက္ကဋ္ဌမှ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီးပါတီသည်လူအများနှင့်ဖွဲ့စည်းထားသဖြင့်တစ်ဦးတစ်ယောက်ကောင်းလုပ်ဆောင်၍မရသလို အားလုံးစည်းလုံးညီညွတ်စွာစုပေါင်း
ဆောင်ရွက်ဖို့လိုကြောင်း၊လုပ်ငန်းလုပ်ဆောင်ရာတွင် တစ်ဦးတယောက်မှားခဲ့လျှင်လည်းအားလုံးဝိုင်းဝန်းပြုပြင်ပေးရန်လိုကြောင်း၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင်၍ ပါတီအောင်နိုင်ရေးအတွက်မလျှော့
သောဇွဲဖြင့်ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ပါတီလုပ်ငန်းများလုပ်ကိိုင်ဆောင်ရွက်ရာတွင်ပါတီမှထုတ်ပြန်ထားသောစည်းမျဥ်းစည်းကမ်းများအတိုင်း လိုက်နာလုပ်ကိုင်ကြရန်နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
၎င်းနောက်ပါတီဒုတိယဥက္ကဋ္ဌသည် ပြည်ထောင်စုနယ်မြေပါတီရုံး တည်ဆောက် နေ မှု အခြေအနေအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။