ဒဏ်ရာ ထပ်မံရရှိသွားတဲ့ နေမာ
========
အယ်လ်ဟီလာအသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် အယ်စတယ်လာအသင်းအား ၃–၀ ဂိုးဖြင့် အနိုင်ရသည့် အာရှချန်ပီယံလိဂ်ပွဲတွင် လူစားဝင်ကစားပြီးနောက် ပေါင် ဒဏ်ရာ ထပ်မံရရှိခဲ့သည်။
နေမာအနေဖြင့် ၅၈ မိနစ်တွင် လူစားဝင်ကစားခဲ့ပြီး ၈၇ မိနစ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
နေမာမှာ ဒူးအရွတ်ဒဏ်ရာမှပြန်လာပြီးနောက် အယ်လ်အိန်းအသင်းနှင့် အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် ပထမဆုံး ပြန်ကစားခဲ့ပြီး ယခု ဒုတိယမြောက်ပွဲစဉ်တွင် ဒဏ်ရာထပ်ရခဲ့ကာ စုစုပေါင်း ပွဲကစားချိန်မှာလည်း ၄၂ မိနစ်သာ ရှိခဲ့သည်။