ဂ်ပန္က ကာကြယ္ေရးၿဂိဳလ္တုလႊတ္တင္ခဲ့
တိုက်ိဳ၊နိုဝင္ဘာ ၄
ဂ်ပန္နိုင္ငံသည္ ေဒသတြင္းတင္းမာမွုမ်ားျမင့္တက္လာခ်ိန္၌ နိုင္ငံ၏စစ္ေရးစြမ္းရည္ကို ျမႇင့္တင္ရန္ႀကိဳးပမ္းလ်က္ရွိသည္ဟုသိရသည္။
အဆိုပါအစီအစဥ္မ်ားအရ H3 ဒုံးပ်ံျဖင့္ ကာကြယ္ေရးၿဂိဳလ္တုလႊတ္တင္မွုကိုလည္းျပဳလုပ္ခဲ့ၿပီး ၿဂိဳလ္တုမွတစ္ဆင့္ သတင္းအခ်က္အလက္မ်ားစုေဆာင္းရန္ ႏွင့္ စစ္ဆင္ေရးမ်ားကိုျပဳလုပ္ရန္ရည္ရြယ္သည္ဟုလည္းသိရသည္။
အဆိုပါ H3 No.4 ဒုံးပ်ံကို ဂ်ပန္နိုင္ငံ အေနာက္ေတာင္ပိုင္းကၽြန္းစုရွိ တနဲဂရွိမ အာကာသစခန္းမွလႊတ္တင္ခဲ့ျခင္းျဖစ္ၿပီး လႊတ္တင္မွုသည္ စီစဥ္ထားသည့္အတိုင္းျဖစ္ခဲ့ကာ ဒုံးပ်ံထိပ္ရွိ ကာကြယ္ေရးၿဂိဳလ္တုကို လႊင့္တင္ၿပီးနာရီဝက္ခန႔္အၾကာတြင္ ေအာင္ျမင္စြာခြဲထုတ္နိုင္ခဲ့ေၾကာင္း ဂ်ပန္အာကာသစူးစမ္းရွာေဖြေရး ေအဂ်င္စီ (JAXA ) ကေျပာၾကားခဲ့သည္။
JAXA အေနျဖင့္ အဆိုပါလႊင့္တင္မွုႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ဆက္လက္ထုတ္ျပန္ေပးသြားမည္ျဖစ္သည္ဟုလည္းေျပာၾကားခဲ့သည္။
Source : ရွင္းဟြာ
ဂျပန်က ကာကွယ်ရေးဂြိုလ်တုလွှတ်တင်ခဲ့
==========
တိုကျို၊နိုဝင်ဘာ ၄
ဂျပန်နိုင်ငံသည် ဒေသတွင်းတင်းမာမှုများမြင့်တက်လာချိန်၌ နိုင်ငံ၏စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန်ကြိုးပမ်းလျက်ရှိသည်ဟုသိရသည်။
အဆိုပါအစီအစဉ်များအရ H3 ဒုံးပျံဖြင့် ကာကွယ်ရေးဂြိုလ်တုလွှတ်တင်မှုကိုလည်းပြုလုပ်ခဲ့ပြီး ဂြိုလ်တုမှတစ်ဆင့် သတင်းအချက်အလက်များစုဆောင်းရန် နှင့် စစ်ဆင်ရေးများကိုပြုလုပ်ရန်ရည်ရွယ်သည်ဟုလည်းသိရသည်။
အဆိုပါ H3 No.4 ဒုံးပျံကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကျွန်းစုရှိ တနဲဂရှိမ အာကာသစခန်းမှလွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင်မှုသည် စီစဉ်ထားသည့်အတိုင်းဖြစ်ခဲ့ကာ ဒုံးပျံထိပ်ရှိ ကာကွယ်ရေးဂြိုလ်တုကို လွှင့်တင်ပြီးနာရီဝက်ခန့်အကြာတွင် အောင်မြင်စွာခွဲထုတ်နိုင်ခဲ့ကြောင်း ဂျပန်အာကာသစူးစမ်းရှာဖွေရေး အေဂျင်စီ (JAXA ) ကပြောကြားခဲ့သည်။
JAXA အနေဖြင့် အဆိုပါလွှင့်တင်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ