ျမန္မာဖူဆယ္အသင္း အာဆီယံၿပိဳင္ပြဲ အဖြင့္ပြဲတြင္ ၾသစေၾတးလ်အသင္းႏွင့္ သုံးဂိုးစီ သေရက်

ထိုင္းနိုင္ငံတြင္ လက္ရွိက်င္းပေနသည့္ ၂၀၂၄ အာဆီယံဖူဆယ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲ အုပ္စုအဖြင့္ပြဲစဥ္၌ ျမန္မာဖူဆယ္လက္ေရြးစင္အသင္းသည္ အာရွအင္အားႀကီး ဩစေၾတးလ်အသင္းကို သေရရလဒ္ ထြက္ေပၚေအာင္ ကစားနိုင္ခဲ့သည္။
ျမန္မာဖူဆယ္လက္ေရြးစင္အသင္းႏွင့္ ဩစေၾတးလ်လက္ေရြးစင္အသင္းတို႔သည္ ယေန႔ မနက္ (၁၀)နာရီက ထိုင္းနိုင္ငံ၊ Terminal 21 Korat venue တြင္ ကစားခဲ့ၾကၿပီး (၃) ဂိုးစီ သေရက်ခဲ့ၾကသည္။
အာဆီယံဖူဆယ္ၿပိဳင္ပြဲ၌ ျမန္မာအသင္းသည္ အုပ္စု (ခ) ၌ ဩစေၾတးလ်၊ ကေမၻာဒီးယား၊ အင္ဒိုနီးရွားအသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္ေနကာ မနက္ျဖန္ နိုဝင္ဘာ (၅) ရက္၌ ကေမၻာဒီးယားအသင္းႏွင့္ ဆက္လက္ယွဥ္ၿပိဳင္ရမည္ ျဖစ္ေၾကာင္း သိရသည္။
ယခုၿပိဳင္ပြဲတြင္ ျမန္မာဖူဆယ္လက္ေရြးစင္အသင္းကို ထိုင္းလူမ်ိဳးနည္းၿပ Mr. Bunlert Cheorawong က တာဝန္ယူကိုင္တြယ္ေနၿပီး အုပ္ခ်ဳပ္နည္းၿပ (၁၀) ဦး ကစားသမား (၁၄) ဦးျဖင့္ ပါဝင္ယွဥ္ၿပိဳင္ေနျခင္း ျဖစ္သည္။


မြန်မာဖူဆယ်အသင်း အာဆီယံပြိုင်ပွဲ အဖွင့်ပွဲတွင် သြစတြေးလျအသင်းနှင့် သုံးဂိုးစီ သရေကျ
=============
ထိုင်းနိုင်ငံတွင် လက်ရှိကျင်းပနေသည့် ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်၌ မြန်မာဖူဆယ်လက်ရွေးစင်အသင်းသည် အာရှအင်အားကြီး ဩစတြေးလျအသင်းကို သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့သည်။
မြန်မာဖူဆယ်လက်ရွေးစင်အသင်းနှင့် ဩစတြေးလျလက်ရွေးစင်အသင်းတို့သည် ယနေ့ မနက် (၁၀)နာရီက ထိုင်းနိုင်ငံ၊ Terminal 21 Korat venue တွင် ကစားခဲ့ကြပြီး (၃) ဂိုးစီ သရေကျခဲ့ကြသည်။
အာဆီယံဖူဆယ်ပြိုင်ပွဲ၌ မြန်မာအသင်းသည် အုပ်စု (ခ) ၌ ဩစတြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကာ မနက်ဖြန် နိုဝင်ဘာ (၅) ရက်၌ ကမ္ဘောဒီးယားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် မြန်မာဖူဆယ်လက်ရွေးစင်အသင်းကို ထိုင်းလူမျိုးနည်းပြ Mr. Bunlert Cheorawong က တာဝန်ယူကိုင်တွယ်နေပြီး အုပ်ချုပ်နည်းပြ (၁၀) ဦး ကစားသမား (၁၄) ဦးဖြင့် ပါဝင်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။