လူမည္းအမ်ိဳးသမီးတစ္ဦးကို ေခါင္းေဆာင္အျဖစ္ ၿဗိတိန္ကြန္ဆာေဗးတစ္ပါတီ ပထမဆုံးအႀကိမ္တင္ေျမႇာက္

ေရြးေကာက္ပြဲတြင္ ဆိုးရြားစြာရွုံးနိမ့္ခဲ့ၿပီးေနာက္ ၿဗိတိန္၏ ကြန္ဆာေဗးတစ္ပါတီသည္ ၎၏ ဂုဏ္သိကၡာကို ျပန္တည္ေဆာက္ရန္အလို႔ငွာ ဝိေသသစြဲနိုင္ငံေရး၊ လိင္ေျပာင္းခြင့္ႏွင့္ နိုင္ငံေတာ္ အသုံးစရိတ္ သုံးစြဲပုံတို႔ကို အလိုမက်ေသာ၊ လက္ယာယိမ္းသူမ်ား၏အႀကိဳက္ျဖစ္ေသာ ကမ္မီ ဘက္ဒင္န္ေနာ့ခ္ကို ပါတီေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္ခဲ့သည္။
ရီရွီဆြန္နက္၏ ေနရာကို အစားထိုးမည့္ လႏွင့္ခ်ီၿပိဳင္ဆိုင္မွုအၿပီးတြင္ ပါတီဝင္မ်ား၏ မဲေပးေရြးခ်ယ္မွု၌ ဘက္ဒင္န္ေနာ့ခ္က ေရာဘတ္ ဂ်န္ရစ္ကို ေထာက္ခံမဲ ၅၃,၈၀၆ မဲ၊ ၄၁,၀၀၀ မဲျဖင့္ အနိုင္ရရွိခဲ့သည္။ သူသည္ ၿဗိတိန္၏ အဓိကနိုင္ငံေရးပါတီတစ္ခုကို ဦးေဆာင္မည့္ ပထမဆုံး လူမ-ည္းအမ်ိဳးသမီးျဖစ္သည္။
သူ႔ကို ေရြးခ်ယ္မွုသည္ ေနာက္ႏွစ္မ်ားစြာအတြင္း ၿဗိတိန္၏ နိုင္ငံေရးျဖစ္စဥ္အတြက္ မွန္ကန္ေသာ အေရြ႕တစ္ခုကို ေသခ်ာေစၿပီး အတိုက္အခံေခါင္းေဆာင္သစ္ႏွင့္ ေလဘာပါတီ၏ တည္ၾကည္ေလးနက္ၿပီး သေဘာထားတင္းမာေသာ ဝန္ႀကီးခ်ဳပ္ ကီယာ စတားမာတို႔အၾကား ျပင္းထန္ေသာ သေဘာထားပုံစံ ကြဲလြဲမွုကို ဖန္တီးေပးသည္။
ကၽြန္မကို အမ်ားႀကီး မဲေပးခဲ့ၿပီး ပါတီရဲ့ ေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္တင္ေျမႇာက္ခံရတာဟာ အလြန္ ဂုဏ္ယူဖြယ္ရာျဖစ္ပါတယ္” ဟု စင္ျမင့္ထက္တြင္ ဘက္ဒီေနာ့ခ္က ေျပာဆိုခဲ့သည္။
ထိပ္တိုက္ရင္ဆိုင္ရသည္ကို ႏွစ္သက္ၿပီး ေခါင္းေဆာင္ပိုင္းဆိုင္ရာ သူ၏ လွုပ္ရွားမွုအမ်ိဳးမ်ိဳးအတြက္ ပါတီအမတ္မ်ား၏ အသံတိတ္ေထာက္ခံမွုကို ရရွိထားေသာ ဘက္ဒီေနာ့ခ္သည္ ကြန္ဆာေဗးတစ္၏ လက္ယာယိမ္းလုပ္ငန္းစဥ္တြင္ ေအာက္ေျခအဖြဲ႕ဝင္မ်ားကို လွုံ႔ေဆာ္မွုေပးကာ ထိပ္တန္းအေၾကာင္းအရာအမ်ိဳးမ်ိဳးတြင္ ထိပ္တိုက္ေတြ႕သည့္ အေမရိကန္ပုံစံ ယဥ္ေက်းမွုကို ဦးတည္ေစသည္။
ယခု သူ၏ တာဝန္မွာ ေရြးေကာက္ပြဲသမိုင္းတေလၽွာက္ အဆိုးဆုံးရလဒ္ျဖင့္ ဆက္လက္ရပ္တည္ေနသည့္ ပါတီကို ျပန္အသက္သြင္းရန္ျဖစ္သည္။ ကြန္ဆာေဗးတစ္တို႔သည္ ဇူလိုင္လက ေရြးေကာက္ပြဲတြင္ အစိုးရအျဖစ္မွ ျပဳတ္က်ခဲ့ကာ.အမတ္ေနရာ ၃၇၂ ေနရာမွ ၁၂၁ ေနရာသို႔ ေလ်ာ့က်ခဲ့သည္။ ယင္းသည္ စီးပြားေရး၊ ရာဇဝတ္မွု၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ဘဝဆိုင္ရာ စံႏွုန္းမ်ားတြင္ ၎တို႔၏ စီမံခန႔္ခြဲမွုအ‌ေပၚလူထု၏ ေဒါသကို ထင္ဟပ္ေစခဲ့သည္။
Ref :CNN


လူမည်းအမျိုးသမီးတစ်ဦးကို ခေါင်းဆောင်အဖြစ် ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ပထမဆုံးအကြိမ်တင်မြှောက်
===============
ရွေးကောက်ပွဲတွင် ဆိုးရွားစွာရှုံးနိမ့်ခဲ့ပြီးနောက် ဗြိတိန်၏ ကွန်ဆာဗေးတစ်ပါတီသည် ၎င်း၏ ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ရန်အလို့ငှာ ဝိသေသစွဲနိုင်ငံရေး၊ လိင်ပြောင်းခွင့်နှင့် နိုင်ငံတော် အသုံးစရိတ် သုံးစွဲပုံတို့ကို အလိုမကျသော၊ လက်ယာယိမ်းသူများ၏အကြိုက်ဖြစ်သော ကမ်မီ ဘက်ဒင်န်နော့ခ်ကို ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။
ရီရှီဆွန်နက်၏ နေရာကို အစားထိုးမည့် လနှင့်ချီပြိုင်ဆိုင်မှုအပြီးတွင် ပါတီဝင်များ၏ မဲပေးရွေးချယ်မှု၌ ဘက်ဒင်န်နော့ခ်က ရောဘတ် ဂျန်ရစ်ကို ထောက်ခံမဲ ၅၃,၈၀၆ မဲ၊ ၄၁,၀၀၀ မဲဖြင့် အနိုင်ရရှိခဲ့သည်။ သူသည် ဗြိတိန်၏ အဓိကနိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်မည့် ပထမဆုံး လူမ-ည်းအမျိုးသမီးဖြစ်သည်။
သူ့ကို ရွေးချယ်မှုသည် နောက်နှစ်များစွာအတွင်း ဗြိတိန်၏ နိုင်ငံရေးဖြစ်စဉ်အတွက် မှန်ကန်သော အရွေ့တစ်ခုကို သေချာစေပြီး အတိုက်အခံခေါင်းဆောင်သစ်နှင့် လေဘာပါတီ၏ တည်ကြည်လေးနက်ပြီး သဘောထားတင်းမာသော ဝန်ကြီးချုပ် ကီယာ စတားမာတို့အကြား ပြင်းထန်သော သဘောထားပုံစံ ကွဲလွဲမှုကို ဖန်တီးပေးသည်။
ကျွန်မကို အများကြီး မဲပေးခဲ့ပြီး ပါတီရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အလွန် ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်” ဟု စင်မြင့်ထက်တွင် ဘက်ဒီနော့ခ်က ပြောဆိုခဲ့သည်။
ထိပ်တိုက်ရင်ဆိုင်ရသည်ကို နှစ်သက်ပြီး ခေါင်းဆောင်ပိုင်းဆိုင်ရာ သူ၏ လှုပ်ရှားမှုအမျိုးမျိုးအတွက် ပါတီအမတ်များ၏ အသံတိတ်ထောက်ခံမှုကို ရရှိထားသော ဘက်ဒီနော့ခ်သည် ကွန်ဆာဗေးတစ်၏ လက်ယာယိမ်းလုပ်ငန်းစဉ်တွင် အောက်ခြေအဖွဲ့ဝင်များကို လှုံ့ဆော်မှုပေးကာ ထိပ်တန်းအကြောင်းအရာအမျိုးမျိုးတွင် ထိပ်တိုက်တွေ့သည့် အမေရိကန်ပုံစံ ယဉ်ကျေးမှုကို ဦးတည်စေသည်။
ယခု သူ၏ တာဝန်မှာ ရွေးကောက်ပွဲသမိုင်းတလျှောက် အဆိုးဆုံးရလဒ်ဖြင့် ဆက်လက်ရပ်တည်နေသည့် ပါတီကို ပြန်အသက်သွင်းရန်ဖြစ်သည်။ ကွန်ဆာဗေးတစ်တို့သည် ဇူလိုင်လက ရွေးကောက်ပွဲတွင် အစိုးရအဖြစ်မှ ပြုတ်ကျခဲ့ကာ.အမတ်နေရာ ၃၇၂ နေရာမှ ၁၂၁ နေရာသို့ လျော့ကျခဲ့သည်။ ယင်းသည် စီးပွားရေး၊ ရာဇဝတ်မှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဘဝဆိုင်ရာ စံနှုန်းများတွင် ၎င်းတို့၏ စီမံခန့်ခွဲမှုအ‌ေပါ်လူထု၏ ဒေါသကို ထင်ဟပ်စေခဲ့သည်။
Ref :CNN