ငွက္ဖ်ားေရာဂါ ကူးစက္မွုအျမင့္ဆုံးျဖစ္သည့္ ဗန္းေမာက္ၿမိဳ႕နယ္အတြင္း ေဆးဝါးမ်ား ျဖန႔္ေဝသြားမည္
စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕နယ္သည္ ငွက္ဖ်ားေရာဂါကူးစက္မွုအျမင့္ဆုံးျဖစ္ပြားသည့္ ေဒသျဖစ္ၿပီး အဆိုပါ ေဒသအတြက္ ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေဆးဝါးမ်ားကို ယခု နိုဝင္ဘာလ ဒုတိယပတ္အတြင္း ေဆးဝါးမ်ားျဖန႔္ေဝေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဗန္းေမာက္ၿမိဳ႕ရွိ HIV ၊ တီဘီႏွင့္ ငွက္ဖ်ား ေရာဂါ ျဖစ္ပြားေနသည့္ ေဒသခံမ်ားအတြက္ ေက်းလက္က်န္းမာေရးအဖြဲ႕မ်ားက လိုအပ္သည့္ေဆးဝါးမ်ားကို ျဖန႔္ေဝေပးသြားမည္ျဖစ္ေၾကာင္း ဗန္းေမာက္ၿမိဳ႕က်န္းမာေရးဆိုင္ရာ သတင္းရင္းျမစ္မ်ားထံက သိရသည္။
အဆိုပါ ေဆးဝါးျဖန႔္ေဝေပးမွုအတြက္ HIV ေရာဂါအတြက္ ART ေဆးအပါအဝင္ တီဘီႏွင့္ ငွက္ဖ်ားေရာဂါမ်ားအတြက္ ေရာဂါအလိုက္ပိုးေတြ႕ရွိသူ မည္သူ႔ကိုမဆို ေဆးဝါးျဖန႔္ခ်ိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ ေဆးဝါးမ်ားျဖန႔္ခ်ိရာတြင္ ေဒသတြင္း လမ္းပန္း ဆက္သြယ္ေရးအခက္အခဲေၾကာင့္ လိုအပ္သည့္ေဆးဝါး(၃) လစာႀကိဳတင္ေပးျခင္း၊ က်န္းမာေရးဆရာ/ဆရာမမ်ားမွတဆင့္ လစဥ္ေဆးဝါး ျဖန႔္ေဝျခင္းတို႔ကိုလည္း ျပဳလုပ္သြားရန္စီစဥ္လၽွက္ရွိေၾကာင္း သိရသည္။
ျမန္မာျပည္အထက္ပိုင္း ၊ ဗန္းေမာက္ၿမိဳ႕သည္ ငွက္ဖ်ားကူးစက္မွုအျမင့္ဆုံးစာရင္းအတြင္းပါဝင္ေနၿပီး ၂၀၁၅ ခုႏွစ္ မွစတင္၍ ၂၀၁၆ ခုႏွစ္အထိ ငွက္ဖ်ားပိုးေတြ႕ရွိသူ (၃၀၀၀) ေက်ာ္ ၊ ၂၀၁၇ ခုႏွစ္ တြင္ (၂၀၀၀) ေက်ာ္၊ ၂၀၁၈ ခုႏွစ္တြင္ (၁၇၀၀) ေက်ာ္၊ ၂၀၁၉ ခုႏွစ္တြင္ (၈၀၀)ေက်ာ္ ၊ ၂၀၂၀ ခုႏွစ္တြင္ (၆၀၀) ေက်ာ္ႏွင့္ ၂၀၂၁ ဇြန္လအထိ ငွက္ဖ်ားပိုးစစ္ေဆးကုသေပးခဲ့ရသူ (၃၀၀) ေက်ာ္ရွိခဲ့ေၾကာင္း ျပည္သူ႔က်န္းမာေရးဝန္ေဆာင္မွုအဖြဲ႕၏ စာရင္းမ်ားအရ သိရသည္။
ေဒသတြင္းလမ္းပန္ဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ ေဆးဝါးမ်ားသယ္ယူေရးအတြက္ အခက္အခဲျဖစ္ေပၚခဲ့ရၿပီး ၂၀၂၂ ခုႏွစ္မွစတင္၍ ကာကြယ္ ေဆးအပါအဝင္ ေဆးဝါးအမ်ားစု ျပတ္ေတာက္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ငှက်ဖျားရောဂါ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့် ဗန်းမောက်မြို့နယ်အတွင်း ဆေးဝါးများ ဖြန့်ဝေသွားမည်
==============
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သည် ငှက်ဖျားရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး အဆိုပါ ဒေသအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဝါးများကို ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆေးဝါးများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့ရှိ HIV ၊ တီဘီနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားနေသည့် ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးအဖွဲ့များက လိုအပ်သည့်ဆေးဝါးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက်မြို့ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ ဆေးဝါးဖြန့်ဝေပေးမှုအတွက် HIV ရောဂါအတွက် ART ဆေးအပါအဝင် တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ရောဂါအလိုက်ပိုးတွေ့ရှိသူ မည်သူ့ကိုမဆို ဆေးဝါးဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆေးဝါးများဖြန့်ချိရာတွင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် လိုအပ်သည့်ဆေးဝါး(၃) လစာကြိုတင်ပေးခြင်း၊ ကျန်းမာရေးဆရာ/ဆရာမများမှတဆင့် လစဉ်ဆေးဝါး ဖြန့်ဝေခြင်းတို့ကိုလည်း ပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။
မြန်မာပြည်အထက်ပိုင်း ၊ ဗန်းမောက်မြို့သည် ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းအတွင်းပါဝင်နေပြီး ၂၀၁၅ ခုနှစ် မှစတင်၍ ၂၀၁၆ ခုနှစ်အထိ ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀) ကျော် ၊ ၂၀၁၇ ခုနှစ် တွင် (၂၀၀၀) ကျော်၊ ၂၀၁၈ ခုနှစ်တွင် (၁၇၀၀) ကျော်၊ ၂၀၁၉ ခုနှစ်တွင် (၈၀၀)ကျော် ၊ ၂၀၂၀ ခုနှစ်တွင် (၆၀၀) ကျော်နှင့် ၂၀၂၁ ဇွန်လအထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရသူ (၃၀၀) ကျော်ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့၏ စာရင်းများအရ သိရသည်။
ဒေသတွင်းလမ်းပန်ဆက်သွယ်ရေးအခက်အခဲများကြောင့် ဆေးဝါးများသယ်ယူရေးအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ကာကွယ် ဆေးအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။