ကမၻာ့အားကစားၿပိဳင္ပြဲခ်န္ပီယံရွစ္နဂါးေလွေလွာ္ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့သည့္ ျမန္မာေလွေလွာ္အသင္း
ျမန္မာေလွေလွာ္အသင္းသည္ ၂၀၂၅ ခုႏွစ္၊ ၾသဂုတ္ ၉ ရက္ႏွင့္ ၁၀ ရက္တို႔တြင္ တ႐ုတ္နိုင္ငံ၊ ခ်န္ဒူးၿမိဳ႕၌က်င္းပမည့္ ကမၻာ့အားကစားၿပိဳင္ပြဲခ်န္ပီယံရွစ္နဂါးေလွေလွာ္ၿပိဳင္ပြဲအား ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ျခင္းမွာ ျမန္မာေလွေလွာ္အသင္းသည္ နိုဝင္ဘာ ၂ ရက္ႏွင့္ ၃ ရက္တို႔က ဖိလစ္ပိုင္နိုင္ငံ၊ Puerto Princesa ၿမိဳ႕တြင္က်င္းပခဲ့သည့္ အျပည္ျပည္ဆိုင္ရာကႏူး ေလွေလွာ္အဖြဲ႕ခ်ဳပ္၏ ၂၀၂၄ ခုႏွစ္၊ ကမၻာ့ဖလား နဂါးေလွေလွာ္ၿပိဳင္ပြဲ၌ ေရႊတံဆိပ္(၁)ခုႏွင့္ ေငြတံဆိပ္(၁)ခုထပ္မံဆြတ္ခူးနိုင္ခဲ့ျခင္းေၾကာင့္ျဖစ္သည္။
ျမန္မာေလွေလွာ္အသင္းသည္ နိုဝင္ဘာ ၂ ရက္ကယွဥ္ၿပိဳင္ခဲ့သည့္ အမ်ိဳးသား+အမ်ိဳးသမီး မီ တာ ၂၀၀(၁၀)တက္ေလွာ္ဗိုလ္လုပြဲတြင္ ဒုတိယ (ေငြတံဆိပ္)ႏွင့္ နိုဝင္ဘာ ၃ ရက္ယွဥ္ၿပိဳင္ခဲ့သည့္ အမ်ိဳးသား+အမ်ိဳးသမီး မီတာ ၅၀၀(၁၀)တက္ေလွာ္ဗိုလ္လုပြဲတြင္ ပထမ(ေရႊတံဆိပ္ဆု)တို႔ထပ္မံဆြတ္ခူးနိုင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာေလွေလွာ္အသင္းသည္ ေအာက္တိုဘာ ၂၄ ရက္မွ နို၀င္ဘာ ၃ ရက္အထိ တ႐ုတ္နိုင္ငံ၊ Yichang ၿမိဳ႕တြင္က်င္းပခဲ့သည့္ ကမၻာ့ဖလားန ဂါးေလွေလွာ္ၿပိဳင္ပြဲတြင္ ေရႊတံဆိပ္(၅)ခု၊ ေငြတံ ဆိပ္(၂)ခုႏွင့္ ဖိလစ္ပိုင္နိုင္ငံ၊ Puerto Princesa ၿမိဳ႕တြင္က်င္းပခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ ကမၻာ့ဖလားနဂါးေလွေလွာ္ၿပိဳင္ပြဲတြင္ ေရႊတံဆိပ္(၁)ခု၊ ေငြတံဆိပ္(၁)ခုတို႔ရရွိခဲ့ၿပီး လက္ရည္စစ္ၿပိဳင္ပြဲမ်ားအၿပီး၌ ေရႊတံဆိပ္(၆)ခု၊ ေငြတံဆိပ္(၃)ခုဆြတ္ခူးနိုင္ခဲ့ေၾကာင္း သိရသည္။
ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာလှေလှော်အသင်း
================
မြန်မာလှေလှော်အသင်းသည် ၂၀၂၅ ခုနှစ်၊ သြဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် တရုတ်နိုင်ငံ၊ ချန်ဒူးမြို့၌ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ခြင်းမှာ မြန်မာလှေလှော်အသင်းသည် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့က ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာကနူး လှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ခုနှင့် ငွေတံဆိပ်(၁)ခုထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
မြန်မာလှေလှော်အသင်းသည် နိုဝင်ဘာ ၂ ရက်ကယှဥ်ပြိုင်ခဲ့သည့် အမျိုးသား+အမျိုးသမီး မီ တာ ၂၀၀(၁၀)တက်လှော်ဗိုလ်လုပွဲတွင် ဒုတိယ (ငွေတံဆိပ်)နှင့် နိုဝင်ဘာ ၃ ရက်ယှဥ်ပြိုင်ခဲ့သည့် အမျိုးသား+အမျိုးသမီး မီတာ ၅၀၀(၁၀)တက်လှော်ဗိုလ်လုပွဲတွင် ပထမ(ရွှေတံဆိပ်ဆု)တို့ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အသင်းသည် အောက်တိုဘာ ၂၄ ရက်မှ နို၀င်ဘာ ၃ ရက်အထိ တရုတ်နိုင်ငံ၊ Yichang မြို့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားန ဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံ ဆိပ်(၂)ခုနှင့် ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တွင်ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုတို့ရရှိခဲ့ပြီး လက်ရည်စစ်ပြိုင်ပွဲများအပြီး၌ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။