မန္တလေး အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့တွေ့ဆုံ
==============================
မန္တလေး အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်ရှိ မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့ရုံးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့နှင့်မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့တို့ တွေ့ဆုံပွဲ ပြု လုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ဗဟိုအလုပ်အမှုဆောင်၊အောက်မြန်မာပြည် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်၊ပါတီဗဟိုအလုပ် အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၏ဇနီး ဒေါ်ချယ်ရီစိုးသိန်း၊ပါတီဗဟိုကော်မတီဝင်၊မန္တလေးတိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ဗဟိုကော်မတီဝင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းအေး၊ဗဟိုကော်မတီဝင် ဒေါ်လှလှအေး၊မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှုး ဒေါ်သန္တာဘုန်းဝင်းနှင့်အမှုဆောင်များ၊အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံရာတွင် တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးရေးရာကဏ္ဍ လှုပ်ရှားဆောင်ရွက်နေမှုများ၊ပါတီ၏ အမျိုးသမီးရေးရာ မူဝါဒ၊သဘောထားများ၊မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။