စပိန္ႏွင့္ မန္စီးတီး ကြင္းလယ္လူ ရိုဒရီ Ballon d’Or ဆုရရွိ
စပိန္နဲ႔ မန္စီးတီးကြင္းလယ္လူ ရိုဒရီဟာ ျပင္သစ္ေဘာလုံးမဂၢဇင္းက ခ်ီးျမႇင့္တဲ့ ဘလြန္းဒီေအာ ကမၻာ့အေကာင္းဆုံးကစားသမားဆု ရရွိသြားပါတယ္။
ရိုဒရီဟာ ရီးရဲလ္ေတာင္ပံကစားသမား ဗင္နီဆီးယက္စ္ကို ေက်ာ္ျဖတ္ၿပီး ကစားသမားဘဝတေလၽွာက္ ပထမဆုံးအႀကိမ္ ရယူနိုင္ခဲ့တာပါ။
မႏွစ္ကရာသီက မန္စီးတီးနဲ႔အတူ ၄ ႀကိမ္ဆက္ ပရီးမီးယားလိဂ္ဆုဖလား ရယူနိုင္ခဲ့သလို စပိန္အသင္းနဲ႔လည္း ယူရိုခ်န္ပီယံဆု ရယူနိုင္ခဲ့တာပါ။
အသက္ ၂၁ ႏွစ္ေအာက္ အေကာင္းဆုံး လူငယ္ကစားသမားဆုကိုေတာ့ ဘာစီလိုနာနဲ႔ စပိန္ၾကယ္ပြင့္ကစားသမား လာမိန္းယာမယ္က ရရွိပါတယ္။
ဂိုးသြင္းအမ်ားဆုံးကစားသမား ဆုကိုေတာ့ ဘိုင္ယန္တိုက္စစ္မွူး ဟယ္ရီကိန္းနဲ႔ ရီးရဲလ္ တိုက္စစ္မွူး အမ္ဘာေပတို႔က ပူးတြဲရရွိပါတယ္။
အေကာင္းဆုံးဂိုးသမားဆုကိုေတာ့ အာဂ်င္တီးနားနဲ႔ အက္စတန္ဗီလာဂိုးသမား မာတီနက္ဇ္က ၂ ႏွစ္ဆက္တိုက္ ရရွိခဲ့ပါတယ္။
အမ်ိဳးသမီး အေကာင္းဆုံးေဘာလုံးသမားဆုကိုေတာ့ ဘာစီလိုနားအသင္းအလယ္တန္းလူ အိုင္တာနာ ဘြန္မာတီက ႏွစ္ႏွစ္ဆက္ ရရွိသြားပါတယ္။ ဘြန္မာတီဟာ ကြင္းလယ္ကိုစိုးမိုးကစားနိုင္သူ ျဖစ္ၿပီး ဘာစီလိုးနားအသင္း လာလီဂါဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ရေအာင္ ပါဝင္စြမ္းေဆာင္ေပးခဲ့သူ ျဖစ္ပါတယ္။
အေကာင္းဆုံးနည္းျပဆုကိုေတာ့ ရီးရဲလ္နည္းၿပ အန္ခ်ေလာ့တီ၊ အမ်ိဳးသမီးနည္းျပဆုကိုေတာ့ ခ်ဲလ္ဆီးနဲ႔ အေမရိကန္အိုလံပစ္အသင္းကို ဆုဖလားရယူေပးခဲ့တဲ့ အဂၤလန္နည္းၿပ အမ္မာေဟးရက္စ္က ရရွိသြားပါတယ္။
စပိန်နှင့် မန်စီးတီး ကွင်းလယ်လူ ရိုဒရီ Ballon d’Or ဆုရရှိ
==============
စပိန်နဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။
ရိုဒရီဟာ ရီးရဲလ်တောင်ပံကစားသမား ဗင်နီဆီးယက်စ်ကို ကျော်ဖြတ်ပြီး ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
မနှစ်ကရာသီက မန်စီးတီးနဲ့အတူ ၄ ကြိမ်ဆက် ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရိုချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
အသက် ၂၁ နှစ်အောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ဘာစီလိုနာနဲ့ စပိန်ကြယ်ပွင့်ကစားသမား လာမိန်းယာမယ်က ရရှိပါတယ်။
ဂိုးသွင်းအများဆုံးကစားသမား ဆုကိုတော့ ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ရီးရဲလ် တိုက်စစ်မှူး အမ်ဘာပေတို့က ပူးတွဲရရှိပါတယ်။
အကောင်းဆုံးဂိုးသမားဆုကိုတော့ အာဂျင်တီးနားနဲ့ အက်စတန်ဗီလာဂိုးသမား မာတီနက်ဇ်က ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။
အမျိုးသမီး အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဘာစီလိုနားအသင်းအလယ်တန်းလူ အိုင်တာနာ ဘွန်မာတီက နှစ်နှစ်ဆက် ရရှိသွားပါတယ်။ ဘွန်မာတီဟာ ကွင်းလယ်ကိုစိုးမိုးကစားနိုင်သူ ဖြစ်ပြီး ဘာစီလိုးနားအသင်း လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ရအောင် ပါဝင်စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းပြဆုကိုတော့ ရီးရဲလ်နည်းပြ အန်ချလော့တီ၊ အမျိုးသမီးနည်းပြဆုကိုတော့ ချဲလ်ဆီးနဲ့ အမေရိကန်အိုလံပစ်အသင်းကို ဆုဖလားရယူပေးခဲ့တဲ့ အင်္ဂလန်နည်းပြ အမ်မာဟေးရက်စ်က ရရှိသွားပါတယ်။