ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီမိသားစု ကထိန္အလွူေတာ္မဂၤလာက်င္းပျပဳလုပ္
ေအာက္တိုဘာ ၂၆၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ မိသားစုကထိန္အလွူေတာ္မဂၤလာကို ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၂၆ ရက္ေန႔ နံနက္ ၀၈၀၀ နာရီအခ်ိန္တြင္ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေၿမ လယ္ေဝးၿမိဳ႕နယ္၊ သေျပပင္ေက်းရြာရွိ နဂါးျဖဴသာသနာ့ဥယ်ာဥ္တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။
ကထိန္အလွူေတာ္အခမ္းအနားကို နာေမာတႆ သုံးႀကိမ္ရြတ္ဆိုဖြင့္လွစ္ၿပီး လွူဒါန္းထားေသာ ကထိန္ညႇပ္သကၤန္းႏွင့္ လွူဘြယ္ဝတၳဳမ်ား၊ ပိဋကတ္သုံးပုံအစုံအလင္ ၁ စုံအား နဂါးျဖဴသာသနာ့ဥယ်ာဥ္ေတာ္အတြင္း လွည့္လည္ပူေဇာ္၍ လွူဘြယ္ဝတၳဳအစုစုတို႔အား ေရစက္သြန္းခ်သာဓုအႏုေမာဓနာေခၚဆို၍ လွူဒါန္းကာ အလွူေတာ္မဂၤလာအခမ္းအနားကို ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္ရြတ္ဆို ေအာင္ျမင္ၿပီးေျမာက္႐ုတ္သိမ္းခဲ့ပါသည္။
ဆက္လက္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ မိသားစုမွ ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆပ္ကပ္လွူဒါန္းကာ ကထိန္အလွူမဂၤလာအခမ္းအနားသို႔ တက္ေရာက္လာေသာ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဝန္ႀကီးဌာနမ်ားမွ ဧည့္သည္ေတာ္မ်ား၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ပါတီအႀကီးအကဲမ်ားႏွင့္တာဝန္ရွိသူမ်ား၊ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ားအား ေန႔လည္စာျဖင့္ တည္ခင္းဧည့္ခံခဲ့ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမိသားစု ကထိန်အလှူတော်မင်္ဂလာကျင်းပပြုလုပ်
=================================
အောက်တိုဘာ ၂၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မိသားစုကထိန်အလှူတော်မင်္ဂလာကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာရှိ နဂါးဖြူသာသနာ့ဥယျာဥ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကထိန်အလှူတော်အခမ်းအနားကို နာမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး လှူဒါန်းထားသော ကထိန်ညှပ်သင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများ၊ ပိဋကတ်သုံးပုံအစုံအလင် ၁ စုံအား နဂါးဖြူသာသနာ့ဥယျာဥ်တော်အတွင်း လှည့်လည်ပူဇော်၍ လှူဘွယ်ဝတ္ထုအစုစုတို့အား ရေစက်သွန်းချသာဓုအနုမောဓနာခေါ်ဆို၍ လှူဒါန်းကာ အလှူတော်မင်္ဂလာအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို အောင်မြင်ပြီးမြောက်ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မိသားစုမှ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကာ ကထိန်အလှူမင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဧည့်သည်တော်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။