ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရန္ နားလည္မွုစာခၽြန္လႊာ ၅ ခု လက္မွတ္ေရးထိုး
ျမန္မာနိုင္ငံႏွင့္ အိႏၵိယနိုင္ငံတို႔အၾကား ျမန္ဆန္စြာအက်ိဳးျဖစ္ထြန္းေစမည့္ စီမံကိန္းမ်ား (Quick Impact Projects-QIPs) အေကာင္အထည္ေဖာ္ရန္အတြက္ နားလည္မွုစာခၽြန္လႊာ ၅ ခုကို ေအာက္တိုဘာ ၂၄ ရက္ ညေနပိုင္းက ျမန္မာ-အိႏၵိယတာဝန္ရွိသူမ်ားမွ လက္မွတ္ေရးထိုးခဲ့ၾကၿပီး နစကဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ေရွ႕ေမွာက္တြင္ နားလည္မွုစာခၽြန္လႊာလဲလွယ္ျခင္း အခမ္းအနားကိုက်င္းပခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ နားလည္မွုစာခၽြန္လႊာမ်ားတြင္ ဒစ္ဂ်စ္တယ္မွုခင္းသိပၸံ ဓာတ္ခြဲခန္းအဆင့္ျမႇင့္တင္ျခင္း၊ အုပ္ခ်ဳပ္ေရးပညာဖြံ့ၿဖိဳးမွုသင္တန္းေက်ာင္းအတြက္ သင္ေထာက္ကူပစၥည္းမ်ား ေထာက္ပံ့ျခင္း၊ အပူပိုင္းေဒသ မိုးေခါင္ေရရွားေက်းရြာမ်ားတြင္ ဆိုလာစြမ္းအင္သုံး ေရေထာက္ပံ့ေရးလုပ္ငန္းမ်ား၊ ရန္ကုန္နည္းပညာတကၠသိုလ္တြင္ အသိဉာဏ္တု ဓာတ္ခြဲခန္းတည္ေဆာက္ျခင္းႏွင့္ ေက်းလက္ေဒသဖြံ့ၿဖိဳးေရးအတြက္ စိုက္ပ်ိဳးေရးစြန႔္ပစ္ပစၥည္းမ်ားမွ ေလာင္စာထုတ္လုပ္ျခင္းဆိုင္ရာ သုေတသနစီမံကိန္းမ်ား ပါဝင္သည္။
အဆိုပါ နားလည္မွုစာခၽြန္လႊာမ်ားအား ျမန္မာနိုင္ငံရွိ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ အိႏၵိယနိုင္ငံသံ႐ုံး ဒု-အႀကီးအကဲတို႔က ရင္းႏွီးျမႇုပ္ႏွံမွုႏွင့္နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာကံေဇာ္ႏွင့္ ျမန္မာနိုင္ငံဆိုင္ရာ အိႏၵိယနိုင္ငံသံအမတ္ႀကီး H.E. Mr. Abhay Thakur တို႔ကို သက္ေသထား၍ လက္မွတ္ေရးထိုးခဲ့ၾကျခင္း ျဖစ္သည္။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီမံကိန်းများ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ ၅ ခု လက်မှတ်ရေးထိုး
==============
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ (Quick Impact Projects-QIPs) အကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာ ၅ ခုကို အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြန်မာ-အိန္ဒိယတာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ကြပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာလဲလှယ်ခြင်း အခမ်းအနားကိုကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာများတွင် ဒစ်ဂျစ်တယ်မှုခင်းသိပ္ပံ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်း၊ အပူပိုင်းဒေသ မိုးခေါင်ရေရှားကျေးရွာများတွင် ဆိုလာစွမ်းအင်သုံး ရေထောက်ပံ့ရေးလုပ်ငန်းများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တု ဓာတ်ခွဲခန်းတည်ဆောက်ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ လောင်စာထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနစီမံကိန်းများ ပါဝင်သည်။
အဆိုပါ နားလည်မှုစာချွန်လွှာများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံသံရုံး ဒု-အကြီးအကဲတို့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ကို သက်သေထား၍ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။