လက္ေရြးစင္ တိုက္စစ္မွူး ေအာင္သူ ဒဏ္ရာမွ သက္သာၿပီး အူထိုင္းဌာနီအသင္းနဲ႔ ေလ့က်င့္မွုမ်ားျပဳလုပ္

ဒူးဒဏ္ရာခြဲစိတ္မွု ေအာင္ျမင္ခဲ့ၿပီး‌ေနာက္ အနားယူေနရသည့္ ျမန္မာ့လက္ေရြးစင္ တိုက္စစ္မွူးေအာင္သူအေနျဖင့္ ၎ ၏ အသင္းျဖစ္သည့္ အူထိုင္းဌာနီအသင္းႏွင့္ ေလ့က်င့္မွုမ်ား ျပန္လည္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
၎အေနျဖင့္ စက္တင္ဘာလအတြင္းက ခြဲစိတ္ကုသမွုခံယူခဲ့ၿပီး ရက္သတၱပတ္ (၃)ပတ္မွ (၆)ပတ္အထိ အနားယူေနရာမွ ယမန္ေန႔တြင္ အသင္းသို႔ ျပန္လည္ေရာက္ရွိလာျခင္းျဖစ္ သည္။
ေအာင္သူသည္ ဒူးဒဏ္ရာကာလရွည္ခံစားေနရျခင္းျဖစ္ၿပီး ယခင္ လမ္ဖြန္ဝါရီယာအသင္း၌ ကစားေနစဥ္ကပင္ ခြဲစိတ္ကုသရန္ စီစဥ္ခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မခြဲစိတ္ျဖစ္ဘဲ ယခုမွသာ ခြဲစိတ္ကုသမွုခံရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဒူးဒဏ္ရာခြဲစိတ္ခံေနရသည့္အတြက္ လက္ရွိကစားေနသည့္ အူထိုင္းဌာနီအသင္းႏွင့္ ျမန္မာ့လက္ေရြးစင္အသင္း၏ ပြဲစဥ္မ်ားအတြင္း ဝင္ေရာက္ကစားနိုင္ျခင္း မရွိခဲ့ျခင္းျဖစ္သည္။
အူထိုင္းဌာနီအသင္းသည္ နည္းျပသစ္ျဖစ္သူ ဆာဘီးယားနည္းၿပ မီလိုေဂ်ာ့ဆစ္ ေျပာင္းလာၿပီးေနာက္ ထိုင္းလိဂ္ အမွတ္ေပးဇယား အဆင့္(၆)ေနရာတြင္ ရပ္တည္ေနသည့္ အသင္းတစ္သင္းျဖစ္သည္။


လက်ရွေးစင် တိုက်စစ်မှူး အောင်သူ ဒဏ်ရာမှ သက်သာပြီးနောက် အူထိုင်းဌာနီအသင်းနဲ့ လေ့ကျင့်မှုများပြုလုပ်
================
ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်ခဲ့ပြီး‌နောက် အနားယူနေရသည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူအနေဖြင့် ၎င်း ၏ အသင်းဖြစ်သည့် အူထိုင်းဌာနီအသင်းနှင့် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
၎င်းအနေဖြင့် စက်တင်ဘာလအတွင်းက ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ရက်သတ္တပတ် (၃)ပတ်မှ (၆)ပတ်အထိ အနားယူနေရာမှ ယမန်နေ့တွင် အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ် သည်။
အောင်သူသည် ဒူးဒဏ်ရာကာလရှည်ခံစားနေရခြင်းဖြစ်ပြီး ယခင် လမ်ဖွန်ဝါရီယာအသင်း၌ ကစားနေစဉ်ကပင် ခွဲစိတ်ကုသရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မခွဲစိတ်ဖြစ်ဘဲ ယခုမှသာ ခွဲစိတ်ကုသမှုခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒူးဒဏ်ရာခွဲစိတ်ခံနေရသည့်အတွက် လက်ရှိကစားနေသည့် အူထိုင်းဌာနီအသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲစဉ်များအတွင်း ဝင်ရောက်ကစားနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။
အူထိုင်းဌာနီအသင်းသည် နည်းပြသစ်ဖြစ်သူ ဆာဘီးယားနည်းပြ မီလိုဂျော့ဆစ် ပြောင်းလာပြီးနောက် ထိုင်းလိဂ် အမှတ်ပေးဇယား အဆင့်(၆)နေရာတွင် ရပ်တည်နေသည့် အသင်းတစ်သင်းဖြစ်သည်။