ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဌာနႀကီး/ေရးရာေကာ္မတီမ်ား လုပ္ငန္းေဆြးေႏြးပြဲျပဳလုပ္

ေအာက္တိုဘာ ၂၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဌာနႀကီး/ေရးရာေကာ္မတီမ်ား၏ လုပ္ငန္းေဆးေႏြးပြဲကို ယေန႔နံနက္ ၀၉၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမွူး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမွူးမ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ပါသည္။
ေဆြးေႏြးမွုအေနျဖင့္ ဗဟိုေကာ္မတီဝင္ ဦးရဲထြဋ္ေအာင္၊ ေဒါက္တာ‌ေဇာ္ေဇာ္ျမင့္တို႔မွ “တိုင္းေဒသႀကီးလႊတ္ေတာ္ႏွင့္ ျပည္နယ္လႊတ္ေတာ္ က႑ေဆာင္ရြက္ခ်က္မ်ား” အား ေဆြးေႏြးတင္ျပၾကပါသည္။ ထို႔ေနာက္ ေဆြးေႏြးပြဲသို႔ တက္ေရာက္လာၾကသူမ်ားက ေဆြးေႏြးခ်က္မ်ားႏွင့္ စပ္လ်ဥ္းၿပီး အႀကံျပဳေဆြးေႏြးခဲ့ၾကပါသည္။
ထို႔ေနာက္ အေထြေထြအတြင္းေရးမွူးႏွင့္ ဒုတိယဥကၠ႒ ဦးလွထြန္းက ေဆြးေႏြးခ်က္အသီးသီးအေပၚ သုံးသပ္ေဆြးေႏြးၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ကာ ေဆြးေႏြးပြဲကို ေန႔လည္ ၁၂၅၀ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနကြီး/ရေးရာကော်မတီများ လုပ်ငန်းဆွေးနွေးပွဲပြုလုပ်
==================================
အောက်တိုဘာ ၂၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနကြီး/ရေးရာကော်မတီများ၏ လုပ်ငန်းဆေးနွေးပွဲကို ယနေ့နံနက် ၀၉၃၀ အချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးမှုအနေဖြင့် ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင်၊ ဒေါက်တာ‌ဇော်ဇော်မြင့်တို့မှ “တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကဏ္ဍဆောင်ရွက်ချက်များ” အား ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ဆွေးနွေးချက်အသီးသီးအပေါ် သုံးသပ်ဆွေးနွေးပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ဆွေးနွေးပွဲကို နေ့လည် ၁၂၅၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။