႐ုရွားရွိေျမာက္ကိုရီးယားတပ္မ်ား ခ်က္ခ်င္းဆုတ္ခြါရန္ ဆိုးလ္ေတာင္းဆို

ဆိုးလ္၊ေအာက္တိုဘာ ၂၁
႐ုရွား – ယူကရိန္းအေရး၌ ႐ုရွားကိုကူညီရန္ ေျမာက္ကိုရီးယားစစ္သားမ်ားကိုေမာ္စကိုသို႔ေစလႊတ္ခဲ့ျခင္းကို ေတာင္ကိုရီးယားက ေဝဖန္ခဲ့ၿပီး အဆိုပါတပ္ဖြဲ႕မ်ားကို ခ်က္ခ်င္းဆုတ္ခြါရန္လည္းေတာင္းဆိုခဲ့ေၾကာင္းသိရသည္။
ျပဳံယမ္းအေနျဖင့္လည္း ၎၏တပ္မ်ားကို႔ ျပည္ပပို႔ျခင္းသည္ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ၎တို႔ကို ေရွ႕တန္းသို႔ပို႔နိုင္ေျခရွိေၾကာင္းသိရသည္။
ေတာင္ကိုရီးယားသည္ ယခင္ကတည္းက ႐ုရွားသို႔ ေျမာက္ကိုရီးယားတပ္ဖြဲ႕မ်ားေစလႊတ္ေနသည္ဟု ေတာက္ေလၽွာက္ေျပာၾကားလာခဲ့သည္။
လက္ရွိအခ်ိန္တြင္ ေျမာက္ကိုရီးယားက ၎၏တပ္ဖြဲ႕ဝင္ ၁,၅၀၀ ခန႔္ကို ေမာ္စကိုသို႔ေစလႊတ္ထားေၾကာင္း ေတာင္ကိုရီးယား သူလၽွိုေအဂ်င္စီ၏ေျပာၾကားခ်က္အရသိရသည္။
ျပဳံယမ္းႏွင့္ေမာ္စကိုအၾကား စစ္ေရးပူးေပါင္းေဆာင္ရြက္မွုမွန္သမၽွသည္ ကုလသမဂၢလုံျခဳံေရးေကာင္စီ၏ ျပဌာန္းခ်က္မ်ားကို ခ်ိဳးေဖာက္ေနျခင္းပင္ျဖစ္သည္ဟုလည္း ေတာင္ကိုရီးယား ဒုတိယနိုင္ငံျခားေရးဝန္ႀကီး မစၥတာကင္မ္ကေျပာၾကားခဲ့သည္။
Source : AFP


ရုရှားရှိမြောက်ကိုရီးယားတပ်များ ချက်ချင်းဆုတ်ခွါရန် ဆိုးလ်တောင်းဆို
==============
ဆိုးလ်၊အောက်တိုဘာ ၂၁
ရုရှား – ယူကရိန်းအရေး၌ ရုရှားကိုကူညီရန် မြောက်ကိုရီးယားစစ်သားများကိုမော်စကိုသို့စေလွှတ်ခဲ့ခြင်းကို တောင်ကိုရီးယားက ဝေဖန်ခဲ့ပြီး အဆိုပါတပ်ဖွဲ့များကို ချက်ချင်းဆုတ်ခွါရန်လည်းတောင်းဆိုခဲ့ကြောင်းသိရသည်။
ပြုံယမ်းအနေဖြင့်လည်း ၎င်း၏တပ်များကို့ ပြည်ပပို့ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းတို့ကို ရှေ့တန်းသို့ပို့နိုင်ခြေရှိကြောင်းသိရသည်။
တောင်ကိုရီးယားသည် ယခင်ကတည်းက ရုရှားသို့ မြောက်ကိုရီးယားတပ်ဖွဲ့များစေလွှတ်နေသည်ဟု တောက်လျှောက်ပြောကြားလာခဲ့သည်။
လက်ရှိအချိန်တွင် မြောက်ကိုရီးယားက ၎င်း၏တပ်ဖွဲ့ဝင် ၁,၅၀၀ ခန့်ကို မော်စကိုသို့စေလွှတ်ထားကြောင်း တောင်ကိုရီးယား သူလျှိုအေဂျင်စီ၏ပြောကြားချက်အရသိရသည်။
ပြုံယမ်းနှင့်မော်စကိုအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှန်သမျှသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြဌာန်းချက်များကို ချိုးဖောက်နေခြင်းပင်ဖြစ်သည်ဟုလည်း တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာကင်မ်ကပြောကြားခဲ့သည်။
Source : AFP