ေဆာ္ဒီအထိစက္ဘီးနင္းၿပီး ဒိုေလးကိုေတြ႕သည့္တ႐ုတ္ပရိသတ္တစ္ဦး
တ႐ုတ္နိုင္ငံမွ လူငယ္တစ္ဦးသည္ ၎အလြန္ႏွစ္သက္သည့္ အားကစားသမားတစ္ဦးျဖစ္သည့္ ေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံခြင့္ရရန္ တ႐ုတ္မွေဆာ္ဒီအာေရးဗ်အထိ စက္ဘီးနင္းၿပီးသြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။
ေပၚတူဂီေဘာလုံးအေက်ာ္အေမာ္ ခရစ္စတီယာနိုေရာ္နယ္ဒိုသည္ ကမၻာ့ေရပန္းအစားဆုံး အားကစားသမားတစ္ဦးအျဖစ္ ဆက္လက္ရပ္တည္ေနၿပီး ၎၏ဖန္အခ်ိဳ႕ သည္၎ႏွင့္ေတြ႕ခြင့္ရရန္ အလြန္ေဝးလံေသာ ခရီးကို သြားရန္ ဝန္မေလးၾကေပ။
ေရာ္နယ္ဒို၏ တ႐ုတ္ပရိသတ္တစ္ဦးျဖစ္သည့္ အဆိုပါလူငယ္သည္ Al-Shabab ႏွင့္ Pro League တို႔၏ပြဲစဥ္အၿပီးတြင္ ေပၚတူဂီ အေက်ာ္အေမာ္ ေဘာလုံးသမား ဒိုေလးႏွင့္ေတြ႕ဆုံရန္ ကီလိုမီတာ ၁၃,၀၀၀ ခရီးကို စက္ဘီးနင္းလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
၎အတြက္ အဆိုပါခရီးသည္ ၆ လႏွင့္ ရက္ ၂၀ ၾကာခဲ့ေၾကာင္းသိရကာ ဒိုေလးအားေတြ႕ခြင့္ရခ်င္ေသာ္လည္း ေလယာဥ္ခအတြက္ ေငြမတတ္နိုင္သျဖင့္ ေဆာ္ဒီသို႔ေရာက္ရွိရန္ ဤနည္းလမ္းကိုေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
အဆိုပါလူငယ္၏ ရည္ရြယ္ခ်က္ကို ဒိုေလးသိသည့္အခါ ၎၏အိပ္မက္ကိုအေကာင္အထည္ေဖာ္ေပးသည့္အေနျဖင့္ လက္ခံေတြ႕ဆုံခဲ့ၿပီး ဒိုေလးလက္မွတ္ပါ အကၤ်ီႏွင့္အတူ ၎ႏွင့္ဓါတ္ပုံတြဲရိုက္ၿပီးအမွတ္တရျဖစ္ေစခဲ့ေၾကာင္းသိရသည္။
ဆော်ဒီအထိစက်ဘီးနင်းပြီး ဒိုလေးကိုတွေ့သည့်တရုတ်ပရိသတ်တစ်ဦး
=============
တရုတ်နိုင်ငံမှ လူငယ်တစ်ဦးသည် ၎င်းအလွန်နှစ်သက်သည့် အားကစားသမားတစ်ဦးဖြစ်သည့် ရော်နယ်ဒိုနှင့်တွေ့ဆုံခွင့်ရရန် တရုတ်မှဆော်ဒီအာရေးဗျအထိ စက်ဘီးနင်းပြီးသွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ်စတီယာနိုရော်နယ်ဒိုသည် ကမ္ဘာ့ရေပန်းအစားဆုံး အားကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပြီး ၎င်း၏ဖန်အချို့ သည်၎င်းနှင့်တွေ့ခွင့်ရရန် အလွန်ဝေးလံသော ခရီးကို သွားရန် ဝန်မလေးကြပေ။
ရော်နယ်ဒို၏ တရုတ်ပရိသတ်တစ်ဦးဖြစ်သည့် အဆိုပါလူငယ်သည် Al-Shabab နှင့် Pro League တို့၏ပွဲစဉ်အပြီးတွင် ပေါ်တူဂီ အကျော်အမော် ဘောလုံးသမား ဒိုလေးနှင့်တွေ့ဆုံရန် ကီလိုမီတာ ၁၃,၀၀၀ ခရီးကို စက်ဘီးနင်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းအတွက် အဆိုပါခရီးသည် ၆ လနှင့် ရက် ၂၀ ကြာခဲ့ကြောင်းသိရကာ ဒိုလေးအားတွေ့ခွင့်ရချင်သော်လည်း လေယာဉ်ခအတွက် ငွေမတတ်နိုင်သဖြင့် ဆော်ဒီသို့ရောက်ရှိရန် ဤနည်းလမ်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါလူငယ်၏ ရည်ရွယ်ချက်ကို ဒိုလေးသိသည့်အခါ ၎င်း၏အိပ်မက်ကိုအကောင်အထည်ဖော်ပေးသည့်အနေဖြင့် လက်ခံတွေ့ဆုံခဲ့ပြီး ဒိုလေးလက်မှတ်ပါ အင်္ကျီနှင့်အတူ ၎င်းနှင့်ဓါတ်ပုံတွဲရိုက်ပြီးအမှတ်တရဖြစ်စေခဲ့ကြောင်းသိရသည်။