လန္ဒန္၌ အဆိုေတာ္လီယန္ပိန္း၏ ပရိသတ္မ်ားစုေဝးကာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ျပဳလုပ္

လန္ဒန္၊ေအာက္တိုဘာ ၂၁
ၿပီးခဲ့သည့္ရက္သတၱပတ္က အာဂ်င္တီးနားနိုင္ငံ ေဘြနိုဇာရီၿမိဳ႕ရွိ ဟိုတယ္တြင္‌ေ-သဆုံးခဲ့ေသာ One direction အဖြဲ႕ဝင္ေဟာင္း အဆိုေတာ္လီယန္ပိန္း၏ပရိသတ္မ်ားစုေဝးကာ လန္ဒန္တြင္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
လီယန္‌ေ-သဆုံးမွုအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အခမ္းအနားမ်ားကို လန္ဒန္တြင္သာမက ဂလတ္စကို၊ ပါရီ၊ဆစ္ဒ္နီႏွင့္ႏူးေယာ့ခ္ၿမိဳ႕မ်ားတြင္ပါ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။
အဆိုပါအခမ္းအနားသို႔တက္ေရာက္လာသူမ်ားသည္ လီယန႔္သီခ်င္းမ်ားသီဆိုကာ အမွတ္တရပန္းစည္းမ်ား၊စာမ်ား၊ဖေယာင္းတိုင္မ်ားႏွင့္ လီယန႔္ဓါတ္ပုံပါဝင္သည့္ အႏုပညာလက္ရာပန္းခ်ီမ်ားစသည္တို႔ယူေဆာင္ကာ စုေဝးခဲ့ၾကေၾကာင္းလည္းသိရသည္။
One Direction သည္ ၿဗိတိန္ X – Factor အစီအစဥ္မွလူငယ္အဆိုေတာ္ငါးဦးျဖင့္ ၂၀၁၀ ခုႏွစ္တြင္ တီးဝိုင္းဖြဲ႕စည္းခဲ့ၿပီးေနာက္ မၾကာမီ၌ပင္ ကမၻာတစ္ဝန္းေရပန္းစားလာခဲ့ၿပီး‌ေနာက္ သန္း ၇၀ ေက်ာ္ ေရာင္းခ်ခဲ့ရသည့္ အယ္လ္ဘမ္ငါးခုကိုထုတ္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ အဖြဲ႕ခြဲခဲ့ျခင္းလည္းျဖစ္သည္။
Source : AFP


လန်ဒန်၌ အဆိုတော်လီယန်ပိန်း၏ပရိသတ်များစုဝေးကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်
=============
လန်ဒန်၊အောက်တိုဘာ ၂၁
ပြီးခဲ့သည့်ရက်သတ္တပတ်က အာဂျင်တီးနားနိုင်ငံ ဘွေနိုဇာရီမြို့ရှိ ဟိုတယ်တွင်‌ေ-သဆုံးခဲ့သော One direction အဖွဲ့ဝင်ဟောင်း အဆိုတော်လီယန်ပိန်း၏ပရိသတ်များစုဝေးကာ လန်ဒန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
လီယန်‌ေ-သဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားများကို လန်ဒန်တွင်သာမက ဂလတ်စကို၊ ပါရီ၊ဆစ်ဒ်နီနှင့်နူးယော့ခ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါအခမ်းအနားသို့တက်ရောက်လာသူများသည် လီယန့်သီချင်းများသီဆိုကာ အမှတ်တရပန်းစည်းများ၊စာများ၊ဖယောင်းတိုင်များနှင့် လီယန့်ဓါတ်ပုံပါဝင်သည့် အနုပညာလက်ရာပန်းချီများစသည်တို့ယူဆောင်ကာ စုဝေးခဲ့ကြကြောင်းလည်းသိရသည်။
One Direction သည် ဗြိတိန် X – Factor အစီအစဉ်မှလူငယ်အဆိုတော်ငါးဦးဖြင့် ၂၀၁၀ ခုနှစ်တွင် တီးဝိုင်းဖွဲ့စည်းခဲ့ပြီးနောက် မကြာမီ၌ပင် ကမ္ဘာတစ်ဝန်းရေပန်းစားလာခဲ့ပြီး‌နောက် သန်း ၇၀ ကျော် ရောင်းချခဲ့ရသည့် အယ်လ်ဘမ်ငါးခုကိုထုတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဖွဲ့ခွဲခဲ့ခြင်းလည်းဖြစ်သည်။
Source : AFP